Latest Breaking News & Headlines

အမေရိကန်လေတပ်ရဲ့ပထမဆုံးသော တပ်တွင်း ဗုဒ္ဓဘာသာ ဓမ္မကထိက အမေရိကန်လေတပ်ထဲအထိ ရောင်ဝါလင်းနေသော ဗုဒ္ဓသာသနာ…

93

ကော်လိုရာ ဒိုပြည်နယ် ရှိ နာရိုးပ တက္ကသိုလ် တွင် ဘာသာရေး ဆိုင်ရာမဟာဘွဲ့ ကို ရယူပြီး သည့်နောက် တွင် ဘရက် ကင်းဘဲလ် သည် အမေရိကန် လေ တပ်မတော် ၏ ပထမဆုံးသော တပ်တွင်း ဗုဒ္ဓ ဘာသာ ဓမ္မကထိ က တစ်ဦးဖြစ် လာ ခဲ့ သည် ။

သူ့ဘဝရည်မှန်းချက် သည် အခြားသူ တို့ကို ကူညီရန် ဟု သူက ဆိုပြီး ယင်းကပင်လျှင် သူ့ ကို ယခုကဲ့ သို့ တပ်တွင်း ဓမ္မကထိကဖြစ် လာ စေကြောင်း ဒုဗိုလ် ဘရက် ကင်းဘဲလ်က ပြောသည် ။

အမေရိကန် ပြည်ထောင်စု အိုင်ယိုဝါ ပြည်နယ် ဇာတိဖြစ်သော ကင်းဘဲလ် သည် အိုင်ယိုဝါ ပြည်နယ် တက္ကသိုလ်တွင် ဗုဒ္ဓဘာသာဆိုင်ရာ တို့ကို လေ့လာမိရာ မှ ဝိပဿနာတရားကို အားထုတ်ဖြစ်ခဲ့ပြီး ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ် လာခဲ့သည်။ ဗုဒ္ဓဘာသာသည် မိမိတို့၏ စိတ်နှလုံး ကို မည်သို့ မည်ပုံ ထိန်းသိမ်းရမည် ဆိုခြင်းနှင့် လူ့အဖွဲ့အစည်း အတွင်းဝယ် မည်သို့နေထိုင် ရမည် ဆိုခြင်းကို သင်ကြားပေးပြီး ၊ ပိုမိုငြိမ်းအေးသာယာစွာ နေထိုင်နိုင်စေရန် လည်း စိတ်ကို လေ့ကျင့်ပေးသည်ဟု ကင်းဘဲလ်က ပြောပါသည်။

ဒါက စိတ်ပိုင်းဆိုင် ရာ ရှုထောင့်ကပါ ။ ဒါပေမယ့် အဲဒီအဓိပ္ပါယ်တွေ ဝေါဟာရတွေ ကို လူတွေ ရှင်းရှင်း လွယ်လွယ် နားလည်ဖို့ အတွက် ကျွန်တော်က ပြန်ရှင်းပြ၊ ပြောပြတာဖြစ်ပါတယ်”ဟု ကင်းဘဲလ်ကပြော ပါသည် ။သူသည် နာရိုးပ တက္ကသိုလ် တွင် ပညာသင်ကြားနေစဉ်ကတည်းကပင်လျှင် ၏ ဓမ္မဆိုင်ရာ ကူညီမှုများကို ဆောင်ရွက်ခဲ့သည်။ထို့နောက် ၂၀၁၇ ခုနှစ် ဧပြီလဝယ် စစ်သင်တန်းများပြီးဆုံးသည် တွင် သူသည် ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့ရှိ ဘပ်ကလေလေ တပ်စခန်း တွင် သာသနာပြု လုပ်ငန်းများ ကို ဆက်လက်ထမ်းဆော င်ခဲ့သည်။သူသည် တပ်တွင်း ဓမ္မသင်တန်း ကို တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့တို့တွင် စိတ်ဝင်စားသူများအား အချိန်ပိုင်း ပို့ချပြီး ဝိပဿနာတရား အားထုတ်ခြင်းကိုလည်း သင်ကြားပြသပေး လျှက်ရှိသည်

Leave A Reply

Your email address will not be published.

error: Content is protected !!