တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျရှုံးခဲ့ပေမယ့် တက္ကသိုလ်တက်ရောက်နိုင်မယ့် အခွင့်အရေးပေါ်ပေါက်လာပြီ…
အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ်ဖြင့် တက္ကသိုလ်ပညာဆက်လက်သင်ယူနိုင်တက္ကသိုလ်ဝင်တန်းမှာ ကျရှုံးခဲ့ပေမယ့် သတ်မှတ်စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ကျောင်းသားတွေကို အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ် (High School CompletionCertificate) ထုတ်ပေးသွားမှာဖြစ်ပြီး အဲဒီလက်မှတ်နဲ့ ပညာရေးတက္ကသိုလ်နဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာတက္ကသိုလ်တွေမှာ ဆက်လက်ပညာသင်ယူခွင့်ရမှာဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

ကျောင်းတွေမှာ ဖွဲ့စည်းထားတဲ့ အရည်အသွေးစိစစ်ရေးအဖွဲ့တွေက ကျောင်းခေါ်ကြိမ် ပြည့်မီမှု၊ ဘာသာရပ်အလိုက်တတ်မြောက်မှု၊စာပေအနုပညာလုပ်ငန်းတွေမှာ ပါဝင်မှု၊ ကျောင်းစည်းကမ်းလိုက်နာမှု၊ ကျောင်းကောင်စီအသင်းအဖွဲ့တွေမှာ ပါဝင်ဆောင်ရွက်မှု စတဲ့ ကဏ်ဏ်ဏ္ဍ ၇ ရပ်အပေါ်မှာ အခြေခံပြီးအခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ် (High School Completion Certificate) ကိုအကဲဖြတ် ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။နှစ်စဉ် တက္ကသိုလ်ဝင်စာမေးပွဲ ကို ဖြေဆိုတဲ့အခါရာခိုင်နှုန်းအားဖြင့် ၃၀%ဝန်းကျင် စာမေးပွဲအောင်မြင်ကြပြီး တက္ကသိုလ်ပညာကို ဆက်လက်သင်ယူခွင့် ရရှိခဲ့ပါတယ်။
ကျန် မအောင်တဲ့ ၇၀%အတွက်တောက်လျောက် မစဉ်းစားခဲ့တဲ့အတွက် အားလုံးဟာပညာရေးလမ်းဆုံးခဲ့ရပါတယ်။အဲ့တာကိုမဖြစ်အောင်ဆိုပြီးတော့တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူ Completion Certificate ရရှိထားသူတွေက တက္ကသိုလ်ကို တိုက်ရိုက် တက်ရောက်ခွင့်မရှိသော်လည်းUndergraduate Diploma တွေလို၊ အသက်မွေးဝမ်းကြောင်း Diplomaလို သင်တန်းမျိူးတွေ တက်ခွင့်ရအောင် အသိအမှတ်ပြုနိုင်တဲ့ လက်မှတ်တစ်ခုအနေနဲ့ ပေးမှာဖြစ်ပါတယ်။ဥပမာ-GTIလိုဟာမျိူး၊ စိုက်ပျိူးရေးသိပ္ပံလိုဟာမျိူး၊ ဆရာအတက်သင်ပညာရေးကောလိပ်လို၊နောက်အခြားဝန်ကြီးဌာနမှာရှိတဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းလေးတွေနဲ့ဆိုင်တဲ့ Diplomaလေးတွေရှိတယ်။

အဲ့ဒီ Diplomaလေးတွေကို ဒီလက်မှတ်နဲ့သွားပြီး တက်ရောက်ခွင့်ရအောင် ပညာရေးဝန်ကြီးဌာနက ကြိုးစားချိတ်ဆက်ဆောင်ရွက်နေပါတယ်။
ဆယ်တန်းစာမေးပွဲကို မအောင်သော်ငြားလည်း ဒီ Completion Certificate ရထားတဲ့ကျောင်းသားတစ်ယောက်ဟာ ဥပမာအားဖြင့် GTI လိုဟာမျိူးတက်လိုက်တယ်။
GTIမှာတက်ပြီးသူကထူးချွန်သွားတယ်ဆိုရင် GTI ကနေမှတစ်ဆင့် နည်းပညာတက္ကသိုလ်လိုဟာမျိူးကိုပေါင်းကူးပြီးတော့သင်ယူခွင့်ရမယ်။ နည်းပညာတက္ကသိုလ်တက်ခွင့်ရပြီဆိုရင်သူက GTI ဆင်းကနေပြီးတော့ B.Tech တို့B.Eဘွဲ့တို့ရမယ်။ B.Eဘွဲ့ရပြီဆိုရင် ရှေ့ဆက်သွားရင်M.E တို့ Ph.Dတို့ကိုဆက်ပြီးတော့သွားနိုင်တာပေါ့။

နောက်တစ်ခုကအလုပ်အကိုင်အခွင့်အလမ်းပေါ့။ အရင်တုန်းကအောက်ခြေဝန်ထမ်းတွေမှာဆိုရင် ဒဿမတန်းအောင်ရမည်။ တက္ကသိုလ်ဝင်တန်းအောင်ရမည်ဆိုတဲ့အစား ဒီလက်မှတ်နဲ့လည်း ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခွင့်ရအောင် ပညာရေးဝန်ကြီးဌာနက အခြားဌာနအားလုံးနဲ့ညှိနှိုင်းသွားဖို့ရှိပါတယ်။ဆိုလိုတာကေတာ့ ဒီအထက်တန်းပြီးဆုံးကြောင်းလက်မှတ်သည် သာမန်လက်မှတ်မဟုတ်ဘဲနဲ့ အဓိပ္ပါယ်ရှိတယ်ပေါ့။ Meaningful Certificate ဖြစ်အောင် နောက်ပြီးတန်ဖိုးရှိတဲ့ Valuable Certificate ဖြစ်အောင်ပညာရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်နေပါတယ် ။