နောက်ထပ်ရင်သွေးလေးရဲ့ ဆီးစစ်အဖြေကို ခင်ပွန်းဖြစ်သူပျော်အောင် Surprise လုပ်လိုက်တဲ့ “နန်းမြတ်ဖြိုးသင်း”…
ပရိသတ်ကြီးရေ အဆိုတော်၊သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းကတော့ ချစ်စရာသားသားလေး တစ်ယောက်ကိုမွေးဖွားထားပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။နန်းမြတ်က လက်တွဲဖော်ကောင်းတစ်ယောက်ကိုပိုင်ဆိုင်ထားလို့ သူမရဲ့အိမ်ထောင်ရေးလေးက အရမ်းအေးချမ်းပါတယ်နော်။လက်ရှိမှာဆိုရင်တော့ နန်းမြတ်က အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာလုပ်ဆောင်နေတာဖြစ်ပါတယ်။

နန်းမြတ်တို့မိသားစုလေးကို ပရိသတ်တွေကလည်းအရမ်းချစ်ကြပြီး သူမရဲ့သားလေးJack Jackလေးကိုလည်း အရမ်းချစ်ကြပါတယ်နော်။Jack Jack လေးကအဖေတူလေးဖြစ်ပြီး အခုဆိုရင်(၁) နှ စ်ကျော်သွားပြီဖြစ်ကာ စကားတွေလည်းတီတီတာတာပြောတတ်လာလို့ ဖေဖေနဲ့မေမေက ချစ်မဝဖြစ်နေရတာဖြစ်ပါတယ်။အခုဆိုရင်တော့ နန်းမြတ်ဖြိုးသင်းက နောက်ထပ်ရင်သွေးလေးလွယ်ထားရတာ(၁)လကျော်သွားပြီဖြစ်ပါတယ်။


နန်းမြတ်ဖြိုးသင်းက ခင်ပွန်းဖြစ်သူကို Suprise လုပ်ဖို့အတွက် ကိုယ်တိုင်ဆီးစစ်ထားပြီး ရလာတဲ့အဖြေကို ခင်ပွန်းကိုပြခဲ့တာဖြစ်ပါတယ်။ကိုတာတာမျိုးကလည်း ချစ်ဇနီးကို ကူညီဖို့အတွက်ရောက်လာပြီး စောင်ကိုလှန်လိုက်ချိန်မှာတော့ အရမ်းအံ့ဩသွားခဲ့တာဖြစ်ပါတယ်။ဇနီးမောင်နှံနှစ်ယောက်ကတော့ အပြန်အလှန်ပွေ့ဖက်ပြီး ပျော်ရွှင်နေကြတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။