အတင်းအကြပ်မဲပေးခိုင်းခြင်းဟာ ဥပဒေကို ချိုးဖောက်ရာ ရောက်ပါတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်…..
ပါချုပ်ဆရာတော်ကြီးရဲ့ တရားတစ်ပုဒ်ထဲမှာ နာလိုက်ရတယ်ရဟန်းတစ်ပါးက ဘုရားရှင်ကိုလျောက်တယ် “အရှင်ဘုရား တပည့်တော် ခုတော့ဒေဝဒတ်မကောင်းကြောင်းတွေပြောနေမိပြီ အရင်တုန်းက တပည့်တော်ဒေဝဒတ်ကို ချီးမွမ်းခဲ့တာဘုရား တပည့်တော် ခုတမျိုး တော်ကြာတမျိုး ပြောတဲ့လူစား ဖြစ်နေပြီ ထင်တယ်” ဆိုတော့။

ဘုရားက “ချစ်သားချီးမွမ်းခဲ့ချိန်တုန်းက ဒေဝဒတ်ဟာ ဈာန်အဘိညာဉ်ရ ရဟန်းကောင်းရဟန်းမြတ် တစ်ပါးပဲ မဟုတ်လား။ ခုချိန်မှသာ ဆိုးသွမ်းတဲ့ရဟန်း ဖြစ်လာတာ။ အဲ့တော့ ချစ်သား အရင်ပြောခဲ့တဲ့စကားကလဲမှန်တယ် ခုပြောတဲ့စကားကလဲမှန်တယ် ခုတမျိုးတော်ကြာတမျိုးပြောတဲ့ လူစားမျိုး မဖြစ်ပါဘူး”တဲ့။

အဲ့ဒီလိုပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရင်တုန်းက ပြောခဲ့တဲ့ စကားတွေနဲ့ ခုပြောတဲ့စကားတွေကို ယှဉ်ယှဉ်ပြီး ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောတယ်ဆိုပြီး ဒီအဘွားကြီးကိုပဲ တိုက်ခိုက်နေကြတယ်။ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားတွေက ခေတ်ကာလအခြေအနေ၊ နိုင်ငံရေးအခြေအနေအရ ပြောသင့်တဲ့စကား မှန်တဲ့စကားတွေပဲ ပြောခဲ့တာပဲ။ သူမရဲ့ ရပ်တည်ချက်ကလဲ ပြောင်းလဲမသွားဘူး လုပ်ရပ်တွေလဲ ပြောင်းလဲမသွားဘူး။ ပြောသင့်တာတွေလဲ ဆက်ပြောနေဦးမှာပဲ။ အရင်ပြောစကားနဲ့ ခုပြောစကား မတူတိုင်း ဒီအဘွားကြီးကို ခုတမျိုး တော်ကြာတမျိုး ပြောတယ်လို့ ပြောလို့မရပါဘူး။

စကားတစ်ခွန်းကို ဝေဖန်ချင်ရင် ဘယ်ချိန်မှာပြောတဲ့စကားလဲ၊ ဘယ်အခြေအနေမှာပြောတဲ့စကားလဲ။ ဘာရည်ရွက်ချက်နဲ့ပြောတဲ့စကားလဲ စတာတွေပါ သုံးသပ်ပြီးမှ ဝေဖန်မှ မှန်ပါလိမ့်မယ်။ခုလိုအခြေအနေမှာတော့ အာဏာရှင် မျိုးဆက်ကို အရှိန်သေရာကနေ အမြစ်ပါပြတ်ဖို့ မဲပေးမှကို ဖြစ်ပါလိမ့်မယ်။
#နေနွယ်