Latest Breaking News & Headlines

ဖားကန့် ကျောက်စိမ်း လုပ်ကွက် ကမ်းပါး ပြိုပြန်ပြီ ရဲတပ်ဖွဲ့ဝင် (၃)ဦးနှင့် ကုမ္ပဏီ ဝန်ထမ်း (၁၅)ဦး ပါသွား…

263

ဖားကန့် ကျောက်စိမ်း လုပ်ကွက် ကမ်းပါး ပြိုပြန်ပြီ ရဲတပ်ဖွဲ့ဝင် (၃)ဦးနှင့် ကုမ္ပဏီ ဝန်ထမ်း (၁၅)ဦး ပါသွားဖားကန့် မြို့နယ် ဆိပ်မူ အုပ်စု ကောင်စံကျေးရွာ ၊ကရင်ချောင်ကျေးရွာ ၊ချောင်းဖျားကျေးရွာ အနီးက အမြင့်ပေတထောင်ခန့်ရှိတဲ့မနေ့ည ( ၂၈.၇.၂၀၁၉ နေ့နံက် ၀၂:၃၀နာရီခန့်က စိန်လုံတောင် ကျောက်စိမ်းကမ်းပါးယံကြီး( ဒေသအခေါ် စိန်လုံ တောင်ကြော )ပြိုကျခဲ့တယ် လို့ အနီးအနားမှာရှိနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးထံက သိရပါတယ်။အဆိုပါ ကမ်းပါးပြို ကျမှုကြောင့် ရာဇဌာနီ ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီဝန်ထမ်း (၁၅) ဦးသေဆုံးခဲ့ပြီး၊လုပ်ကွက် လုံခြုံရေးစောင့်ကြပ်တဲ့ ယာယီရဲကင်း တခုလည်းမြေပြိုတဲ့အထဲပါသွားခဲ့တယ် လို့ လုံခြုံရေးရဲတပ်ရင်း က တာဝန်ရှိသူတဦးကပြောပါတယ် ။
” ရဲတပ်ဖွဲ့ဝင် ငါးယောက် ပါသွားတာ နှစ်ဦးကတော့ အသက်ရှင်လျှက် ပြန်လွတ်လာတယ် ။ သုံးဦးကတော့ သေဆုံးတယ် ။

ကျနော်တို့ ရဲတပ်ဖွဲ့ဝင် အလောင်းတလောင်းရှာတွေ့ပြီ ၊ကုမ္မဏီ လုံခြုံရေး ဝန်ထမ်းက (၁၅)ဦးပါသွားတာ (၆) လောင်းတော့ ပြန်ရပြီ ။ အားလုံးပေါင်း လောလော ဆယ် (၇) လောင်းတော့ ရှာတွေ့ထားပြီ” လို့ပြိုကျသွား တဲ့ စိန်လုံတောင်ကြော အနီးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ရင်း ၃၀ က ရဲမှူးကပြောပါတယ် ။

ဖားကန့် ကျောက်စိမ်းတွင်းဒေသ မြေကမ်းပါးပြိုကျမှု ၊ မြေစာပုံပြိုကျမှု ၊ နွံကန်ပေါက်ကျမှုဖြစ်စဉ်တွေထဲ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုဆိုတာ မရှိခဲ့ပါဘူးပါဘူး ။ယခု ဖြစ်စဉ်မှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် သုံးဦးပျောက်ဆုံးနေပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့တာဟာ ပထမဆုံးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ် ။တပိုင်တနိုင် လက်ကျင်း တူးသူ လူပေါင်းများစွာ သေဆုံးနိုင်တယ်လို့ ပြောဆိုနေကြပေမဲ့ လောလောဆယ် အတည်ပြုချက်တွေ မရနိုင်သေးဘူးလို့ ဒေသခံတွေက ပြောဆို နေကြပါတယ် ။

လက်ကျင်းတူးတဲ့ လူတွေလည်း ရှိတယ်နော် ။နည်းဆုံးတော့ ၁၅ယောက်အယောက် နှစ်ဆယ်လောက်တော့ ပါသွားနိုင်တယ်နော် ” လို့ဟင်းတင့်ရွာသား တဦးကလည်း သူ့ရဲ့ထင်ုမင်ယူဆချက်ကို ပြောဆိုခဲ့ပါတယ် ။ကမ်းပါး ပြိုကျမှုနဲ့ ပတ်သက်ပြီး ဖားကန့်ဒေသကို ၂၆.၇.၂၀၁၉ နေ့ကတည်းက ရောက်ရှိနေခဲ့တဲ့ပြည်နယ် သယံ ဇာတဝန်ကြီး ဦးဒါရှီလှဆိုင်းကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်မရခဲ့ပါဘူး မိုးရာသီ မှာ မြေပြိုမှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးမှုတွေကို ကာကွယ်တာဆီးနိုင်ရန် ရည်ရွယ်ပြီးကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းတွေကို ဇူလိုင်လ တစ်ရက်နေ့ကနေ စက်တင်ဘာလကုန်အထိမိုးတွင်း ကာလ သုံးလကို တရားဝင် ရပ်နားထားဘို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမြန်မာ့ ကျောက် မျက်ရတနာ ရောင်းဝယ် ရေးလုပ်ငန်း (မကလ) က ညွှန်ကြားထားခဲ့တဲ့ အချိန်လည်း ဖြစ်ပါတယ်။ကချင် ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဒါရှီလှဆိုင်းဟာလည်းဖားကန့် ကျောက်စိမ်းတွင်းဒေ ကို ရောက်ရှိနေချိန်လည်း ဖြစ်ပါတယ် ။

Leave A Reply

Your email address will not be published.

error: Content is protected !!