Latest Breaking News & Headlines

မွေးနေ့မရောက်ခင်ကတည်းက အဖိုးတန် ပစ္စည်း တွေအများကြီးလက်ဆောင်ရလို့ ပျော်ရွှင်နေတဲ့ ဆုမြတ်နိုးဦး…

57

မင်းသမီးချောလေး ဆုမြတ်နိုးဦးကတော့ မျက်နှာလေးက ချောမောလှပသလို ခန္ဓာကိုယ်လေးကလည်း အပြစ်ပြောစရာမရှိအောင် လှပနေတာ ဖြစ်ပါတယ် ။ ဆုမြတ်နိုးဦးက စကားပြောချိုသာသူလေးဖြစ်သလို မာန်မာနကင်းပြီး ရိုးရိုးရှင်းရှင်းလေး နေထိုင်တတ်သူ ဖြစ်ပါတယ် ။ ဗီဒီယိုဇာတ်ကားတွေ အများအပြားရိုက်ကူးခဲ့ရတဲ့ ဆုမြတ်နိုးဦး က အနုပညာအလုပ်တွေကို ပုံမှန်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ် ။

ဆုမြတ်နိုးဦးက သူငယ်ချင်းဖြစ်တဲ့ ကျော်ကျော်၊ညီထွဋ်ခေါင်တို့နဲ့လည်း ဟာသဗီဒီယိုလေးတွေ ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ် ။ လတ်တလောမှာတော့ ဆုမြတ်နိုးဦးက Live လွှင့်ပြီး Online Shopping အလုပ်ကိုလည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ အခုတော့ ဆုမြတ်နိုးဦးက မွေးနေ့မရောက်ခင်ကတည်းက တန်ဖိုးကြီးလက်ဆောင်တွေရရှိနေလို့ အရမ်းကိုပျော်ရွှင်နေရတာ ဖြစ်ပါတယ် ။

ဆုမြတ်နိုးဦးက “မွေးနေ့အကြိုလက်ဆောင်များ လက်ခံနေပါပြီနော် နာရီနဲ့လက်စွပ်လေး လက်ဆောင်ပေးတဲ့ ကိုကျော်၊ ပတ္တမြား လက်စွပ်လေးနဲ့ဆွဲကြိုး ဝမ်းဆက်လေးလက်ဆောင်ပေးတဲ့ အမမျိုးမြတ်သူ၊ H လက်စွပ်လေးလက်ဆောင်ပေးတဲ့ မသိင်္ဂီ အများကြီးပျော်ပြီး အများကြီးလည်းကျေးဇူးတင်ပါတယ်လို့ ” ဆိုပြီး သူမရဲ့အပျော်လေးတွေကို မျှဝေထားတာ ဖြစ်ပါတယ် ။

ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဆုမြတ်နိုးဦးရဲ့ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် …

Leave A Reply

Your email address will not be published.

error: Content is protected !!