မမဆောင်း ပြောတဲ့ လက်ရှိ အချစ်ရေးတွေကို ပရိသတ် တွေ ကွက်ကွက်ကွင်းကွင်း မြင်သာအောင် သရုပ်ပြလိုက်တဲ့ ကိုပေါက်…
ဒါရိုက်တာ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ကိုပေါက်ကတော့ ပျော်ပျော်နေတတ်ပြီး သူချစ်တဲ့ အနုပညာညီအစ်ကို မောင်နှမတွေကို အမြဲတမ်းစနောက်ကျီစယ်တတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။
အနုပညာရှင်တွေကို စနောက်ကျီစယ်ပြီး ဟာသဗီဒီယိုလေးတွေ မျှဝေပေးတတ်တဲ့ ကိုပေါက်က ဒီကနေ့မှာတော့ မမဆောင်းရဲ့ အချစ်နဲ့ဘဝကို စိတ်ကူးယဉ် အားကျပြီး ပရိသတ်တွေရယ်မောရစေဖို့ ဟာသအမြင်လေးနဲ့ ဗီဒီယိုလေးတစ်ပုဒ်ကို တင်ဆက်ပေးလာပါတယ်။

ကိုပေါက်က “မမဆောင်းရဲ့အချစ်နဲ့ဘဝ ကိုအားကျပြီးတော့ စိတ်ကူးယဉ်ပြီး ပြောကြည့်လိုက်မိတယ်။ မမဆောင်းရဲ့ အင်တာဗျူးတွေက တသိမ့်သိမ့်တုန်ဆင်းကို မှင်သက်သွားစေပါတဲ့ ကျွန်မရဲ့ မတ်မတ်ဆောင်း🥰😅😂😍🤣” ဆိုပြီး သူကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ ဗီဒီယိုလေးကို အခုလိုပဲ မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။

ကိုပေါက်ကတော့ ဘယ်သူ့ကိုမှ နစ်နာစေချင်တဲ့စိတ်မရှိပဲ ပရိသတ်တွေ ဘဝအမောပြေစေဖို့ ဟာဒယရွှင်ဆေး တိုက်ကျွေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကိုပေါက်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ခဏတာတော့ ဘဝအမောတွေ ပြေပျောက်သွားမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးတစ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။