Latest Breaking News & Headlines

ဇာတ်ပို့သရုပ်ဆောင်ကြီးတွေကို ဝမ်းသာအားရကန်တော့ရင်း မထင်မှတ်ထားတဲ့ သူမရဲ့အမှားလေးတစ်ခုကို ခွင့်လွှတ်ပေးဖို့ ပြောလာတဲ့” ဖြူဖြူထွေး” …

274

ချစ်စရာကောင်းပြီး ရိုးသားဖော်ရွေလွန်းတဲ့ ဖြူဖြူထွေးကိုတော့ လူကြီး လူငယ်ပရိသတ်မရွေး ချစ်ခင်ပြီးသား ဖြစ်မှာပါ။ ဖြူဖြူထွေးက ဆင်းရဲချို့တဲ့တဲ့ ကျောင်းသူတစ်ယောက်အဖြစ်ကနေ အွန်လိုင်းဆယ်လီတစ်ယောက်အဖြစ် ကျော်ကြားလာခဲ့ပြီး အခုဆိုရင် ကိုယ်ပိုင်တိုက်၊ ကိုယ်ပိုင်ကားတို့နဲ့ အောင်မြင်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

အောင်မြင်လာတာနဲ့အမျှ အလှူအတန်းတွေကို ရက်ရက်ရောရော ပြုလုပ်လာတဲ့ ဖြူဖြူထွေးက ရုပ်ရှင်နယ်ပယ်က ဝါရင့်ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်ကြီးတွေကိုလည်း ဂါရဝပြုတတ်သူတစ်ယောက် ဖြစ်ပါတယ်။

ရိုက်ကူးရေးတွေမရှိတဲ့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တွေကို သူမရဲ့ အွန်လိုင်းကြော်ငြာတွေမှာ ထည့်သွင်းအသုံးပြုပြီး ခေါ်ရိုက်တတ်သလို ငွေသား၊ ဆန်၊ ဆီ၊ ဆားတို့နဲ့ ဂါရဝပြုကန်တော့လေ့ရှိတဲ့ ဖြူဖြူထွေးက ဒီကနေ့မှာတော့ ဝါဝါအောင်၊ အောင်ခိုင် အစရှိတဲ့ သရုပ်ဆောင်ကြီးတွေကိုလည်း ကန်တော့ခဲ့ပါတယ်။ ဖြူဖြူထွေးက ဝါရင့်ဇာတ်ပို့ကြီးတွေကို ဝမ်းသာအားရကန်တော့ရင်း ခြေအိတ်မချွတ်မိတဲ့သူမအဖြစ်လေးကို “ခြေအိတ်ချွတ်ဖို့တောင် မေ့သွားသောမိမိအဖြစ် 😢” ဆိုပြီး ခွင့်လွှတ်ပေးဖို့ ပြောထားပါတယ်။

ဖြူဖြူထွေးကတော့ သူမရဲ့ မထင်မှတ်ထားတဲ့ အမှားတစ်ခုကြောင့် ပရိသတ်တွေကို အထင်အမြင်မလွဲစေရအောင် ပြောထားတာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပရိသတ်တွေကတော့ ဖြူဖြူထွေးကို အရင်အတိုင်းချစ်မြဲ ချစ်ဆဲပါပဲနော်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့ရက်လေးတစ်ရက်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်…

Leave A Reply

Your email address will not be published.

error: Content is protected !!