Latest Breaking News & Headlines

မန္တလေးတိုင်းဒေသကြီးရန်ပုံငွေဖြင့် မိတ္ထီလာမြု့နယ်အတွင်းရှိ ကျေးရွာ (၂၁)ရွာ လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်…

91

မန္တလေးတိုင်းဒေသကြီးရန်ပုံငွေဖြင့် မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ (၂၁) ရွာ လျှပ်စစ်မီးလင်းနိုင်ရေး ဆောင်ရွက်လျက်ရှိမိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ (၂၁) ရွာ လျှပ်စစ်မီးလင်းနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီးရန်ပုံငွေဖြင့် ၃၃ ကေဗီဓာတ်အားလိုင်း၊ (၁၁) ကေဗွီဓာတ်အားလိုင်းနှင့် ၁၁/၀.၄ ကေဗီ (၃၁၅) ကေဗီအေထရန်စဖော်မာများ တည်ဆောက်လျက်ရှိကြောင်း မြို့နယ် လျှပ်စစ်မန်နေဂျာရုံမှ သိရသည်။

မိတ္ထိလာမြို့နယ်အတွင်းရှိ ကျေးရွ ာ(၂၁) ရွာ လျှပ်စစ်မီးလင်းနိုင်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် တင်ဒါအောင်မြင်သည့် တိုက်တန်းကန်တော်ကြီးကုမ္ပဏီက တာဝန်ယူ၍ ၃၃ ကေဗီဓာတ်အားလိုင်း (၀.၅)မိုင်၊ (၁၁) ကေဗွီဓာတ်အားလိုင်း (၂၇ဒသမ၂၈၈)မိုင်နှင့် ၁၁/၀.၄ကေဗီ (၃၁၅)ကေဗီအေ ထရန်စဖော်မာ (၃)လုံး၊ ၁၁/၀.၄ကေဗီ (၂၀၀)ကေဗီအေ ထရန်စဖော်မာ (၆)လုံး၊ ၁၁/၀.၄ကေဗီ (၁၆၀) ကေဗီ အေ ထရန်စဖော်မာ

(၁)လုံး၊ ၁၁/၀.၄ကေဗီ (၁၀၀)ကေဗီအေ ထရန်စဖော်မာ (၉)လုံး၊ ၁၁/၀.၄ကေဗီ (၅၀) ကေဗီအေ ထရန်စဖော်မာ (၁)လုံးတို့ကို ဇူလိုင်လ ပထမပတ်မှစတင်၍ တည်ဆောက်လျက်ရှိသည်။ အဆိုပါ လုပ်ငန်းများပြီးစီးပါက မြို့နယ်အတွင်းရှိ သပြေပင်၊ ညောင်ပင်သာ(မြောင်းပေါက်)၊ ကျောက်ပုံကန်၊ သံဘို၊ အုံတုံ၊ သပြေကန်(မြောက်)၊ ပျော်ကုန်း၊ လျှော်ဖြူကန်၊ ရေထွက်၊ ကမ်းပါးတဲ၊ တဲလှ၊ မိုးကောင်း၊ မကျီးကုန်း၊ စည်ပင်သာ၊ လျှော်ဖြူပင်၊ ဆင်စွယ်ရ၊ ရွာတန်း၊ အောင်ပန်း၊ ထနောင်းကုန်း၊ သပြေကန်(တောင်)၊ အင်းကန် ကျေးရွာတို့တွင် လျှပ်စစ်မီးလင်းနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြိုနယ်အတွင်းရှိ ကျေးရွာတိုင်း လျှပ်စစ်မီးလင်းနိုင်ရေးအတွက် တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့်လည်းကောင်း၊ Public Finance Initiative (PFI)စနစ်ဖြင့်လည်းကောင်း၊ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) ဖြင့် လည်းကောင်း၊ ကိုယ်ထူကိုယ်ထစနစ်ဖြင့်လည်းကောင်း အသီးသီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၅၈ အုပ်စု ကျေးရွာ(၃၈၀) ရှိသည့်အနက် ကျေးရွာပေါင်း (၂၃၆) ရွာ မီးလင်းပြီဖြစ်၍ ကျန်ရှိသည့်ကျေးရွာများကိုလည်း လျှပ်စစ်မီးရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း” မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးသန်းလှိုင်ထံမှ သိရသည်။

Leave A Reply

Your email address will not be published.

error: Content is protected !!