Latest Breaking News & Headlines

ဖြူဖြူထွေးနဲ့ ယုန်လေးကို ရစေချင်တယ်ဆိုတဲ့ ပရိတ်သတ်တစ်ယောက်ရဲ့ စကားကို ပြန်လည်တုံ့ပြန်ခဲ့တဲ့ ယုန်လေး …

167

နိုင်ငံကျော် အဆိုတော် ယုန်လေးကတော့ ဂီတလောက၊ သရုပ်ဆောင်လောကမှာပါ ကျော်ကြားရုံသာမက ကူညီတတ်ပြီး သူတစ်ပါးအပေါ် အနစ်နာခံတတ်တာကြောင့် ပရိသတ်တွေကြားမှာပါ ကောင်းသတင်းနဲ့ ကျော်ကြားသူတစ်ယောက်ပါ။

ယုန်လေးလိုပဲ ဖြူဖြူထွေးကလည်း ချို့တဲ့တဲ့ဘဝကနေ ကြီးပြင်းလာရသူမို့ သူမအထိုက်အလျောက်အောင်မြင်လာတဲ့အခါမှာ အလှူအတန်းတွေကို ဆက်တိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ယုန်လေးက ဖြစ်နိုင်ရင် ဖြူဖြူထွေးနဲ့ ယုန်လေးကို လက်ထပ်စေချင်တယ်လို့ပြောတဲ့ ပရိသတ်ရဲ့စကားအပေါ် သဘောကျစွာနဲ့ အခုလိုပဲပြောလာပါတယ်။ ယုန်လေးက ” Haa haa haaa . ဟိုက ဘောပြား။ ပြီးတော့ မောင်နှစ်မတွေကိုကွာ 🤣🤣🤣 ငါရွာမှာ ဘောစိဆိုတဲ့ သားကြီးရေ.. လာပေးစားနေတယ် လုပ်ဦး 🤣🤣🤣” ဆိုပြီး ဖြူဖြူထွေးကိုပါ စနောက်ကျီစယ်ထားပါတယ်။

ဖြူဖြူထွေးနဲ့ ယုန်လေးကတော့ ပရဟိတစိတ်ပြင်းထန်သူတွေဖြစ်တာမို့ ပရိသတ်တွေ မျက်စိထဲမှာ တွဲလျက်သား မြင်နေကြတာ ဖြစ်မှာပါ။ ပရိသတ်ကြီးလည်း ထိုပရိသတ်ရဲ့ ကောမန့်ကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။

Leave A Reply

Your email address will not be published.

error: Content is protected !!