Latest Breaking News & Headlines

စစ်ကိုင်း-မင်းကွန်းကားလမ်း ဧရာ၀တီမြစ်ရေစတင်ကျော်…

127

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းယဉ်ကျေးမှုဒေသသို့သွားရာ စစ်ကိုင်း-မင်းကွန်းကားလမ်း ဆွမ်းဦးပုည‌ရှင် ရေစက်အနီး ကားလမ်းပေါ် သို့ ဇူလိုင် ၂၇တွင် ဧရာ၀တီမြစ်ရေစတင်ကျော်မှုဖြစ်ပွားနေပါသည်။

ကားလမ်းပေါ်ရေကျော်နေပြီဖြစ်သော်လည်း ကား၊ဆိုင်ကယ်များ သွားလာ၍ ရပါသည်။ ယနေ့နံနက်ပိုင်း မြစ်ရေတိုင်းထွာချက်အရ ဧရာ၀တီမြစ်ရေသည် ၁၁၄၂စင်တီမီတာသို့ရောက်ရှိနေပြီး စစ်ကိုင်းမြို့၏စိုးရိမ်ရေအမှတ် ၁၁၅၀စင်တီမီတာသို့ ရောက်ရန် ၈ စင်တီမီတာသာလိုပါတော့သည်။

Leave A Reply

Your email address will not be published.

error: Content is protected !!