Latest Breaking News & Headlines

တာရိုးကျိုးသည့်နေရာတွင် ရေပြန်လည်စိမ့်ဝင်သည့် နေရာနှစ်ခုရှိခဲ့ပြီး အချိန်မီတားဆီးနိုင်ခဲ့ဟု မန္တလေးမြို့တော်ဝန်ပြော

66

ဇူလိုင် ၂၅ ရက် ညတွင် ပြန်လည်ကာရံထားသည့် နေရာများမှ နှစ်နေရာခန့်တွင် ရေပြန်လည်စိမ့်ဝင်မှုများရှိခဲ့ပြီး လက်ရှိတွင် ပြန်လည်တားဆီးနိုင်ခဲ့ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ဇူလိုင် ၂၆ ရက်တွင် လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။

‘‘နေရာနှစ်နေရာမှာ ရေယို စိမ့်မှု စတွေ့လိုက်ပါတယ်။ ရေ Level ကျလို့ စတွေ့တာဖြစ်နိုင် သလို Pressure Head များလာ လို့ ထပ်စိမ့်တာလည်း ဖြစ်နိုင်ပါ တယ်’’ဟု ဒေါက်တာရဲလွင်က လူမှုကွန်ရက်တွင် ရေးသားထား သည်။

အမရပူရမြို့နယ် ဒေါ်အေးကြင် ထမင်းဆိုင်အနီးရှိ တာရိုးကျိုးကာ ဧရာဝတီမြစ်ရေ ဝင်ရောက်ခဲ့သော နေရာများတွင် ရေနှစ်ပေခွဲခန့် ကျဆင်းပြီဖြစ် ကြောင်း မန္တလေးမြို့တော်ဝန်က ပြောသည်။

ဇူလိုင် ၁၉ ရက် ညက တာ ရိုးကျိုးမှုဖြစ်စဉ်ကြောင့် အမရပူရ မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာ ခုနစ်ခု ရေနစ်မြုပ်ခဲ့သည်။ လက် ရှိတွင် ရပ်ကွက်နှင့်ကျေးရွာများမှ ရေများကို ရေစုပ်စက်ကြီးများဖြင့် ဧရာဝတီမြစ်အတွင်းသို့ ရေစုပ် ထုတ်မှုများ ပြုလုပ်နေသည်။

တာရိုးကျိုးပေါက်မှုကြောင့် တာရိုးဘေးရှိ နံကပ်အင်းအတွင်း ရေဝင်ရောက်မှု ခြောက်ပေခန့်အ ထိရှိခဲ့ကြောင်း တာဝန်ရှိသူများ က ပြောကြားထားသည်။

လက်ရှိတွင် ဧရာဝတီမြစ်ရေ သည် မန္တလေးမြို့တွင် ဆက်တိုက် မြင့်တက်နေပြီး လာမည့်သုံးရက် အတွင်း စိုးရိမ်ရေမှတ်သို့ ရောက် ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထား သည်။ သို့သော် မြစ်အထက်ပိုင်း ဒေသများတွင် ရေပြန်လည်ကျ ဆင်းနေပြီဖြစ်သောကြောင့် ရေ အလုံးအရင်းနှင့် မြင့်တက်မလာ နိုင်ကြောင်း အထက်မြန်မာပြည် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။

‘‘ရေက တော်တော်ကျသွား ပြီ။ အရင်က အိမ်ထဲမှာ ခါးလောက်ရှိတာ။ ခု ခြေမျက်စိလောက်ထိကျသွားပြီ။ တချို့နေရာတွေဆို ရေမရှိတော့ဘူး’’ဟု အမရပူရမြို့နယ်နေ ကိုအောင်စိုးဦးက ပြောသည်။

တာရိုးကျိုးပေါက်မှုကြောင့် အမရပူရမြို့နယ်မှ လူဦးရေ ၁၄,၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး ကယ်ဆယ်ရေးစခန်း ၃၀ ထားရှိ ကာ ကူညီဆောင်ရွက်နေသည်။

Leave A Reply

Your email address will not be published.

error: Content is protected !!