Latest Breaking News & Headlines

နေတိုးဆီကနေ မုန့်ဖိုးနဲ့ တန်ဖိုးကြီး ပစ္စည်းပါ လက်ဆောင်ရခဲ့တာကြောင့် ပျော်နေတဲ့ ဒိန်းဒေါင်

199

ဟာသ သရုပ်ဆောင် ဒိန်းဒေါင်ကတော့ သူ့ရဲ့ အနုပညာစွမ်းရည်နဲ့ ပရိတ်သတ်ကို ရယ်မောပျော်ရွှင်လာအောင် သရုပ်ဆောင်နိုင်သူတစ်ဦးပါ။ ရုပ်ရှင်ဇာတ်လမ်းနဲ့ ဗီဒီယိုများစွာပါ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်ပွဲကျအောင် သရုပ်ဆောင်နိုင်တဲ့အတွက် ဒိန်းဒေါင်ပါမှ ပွဲစည်တယ်လို့တောင် ပြောစမှတ်တင်နိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

သူ့ရဲ့ အနုပညာလှုပ်ရှားမှုများကို မကြာခဏဆိုသလို ပရိတ်သတ်ထံ မျှဝေပေးတတ်တဲ့ ဒိန်းဒေါင်ကတော့ အခုတစ်ခါမှာလည်း သူ့ရောင်းတဲ့ အထည်တွေကို အားပေးခဲ့တဲ့ မင်းသားနေတိုးကြောင့် ပျော်ရွှင်ခဲ့ရတဲ့အကြောင်းကိုလည်း အခုလိုပဲ ဖော်ပြခဲ့ပါတယ်။

ဒိန်းဒေါင်ရေးသားခဲ့တာကတော့ ” အထည်လဲဝယ်မုန့်ဖိုးလဲပေး နာရီပါလက်ဆောင်ပေးလိုက်တဲ့အကယ်ဒမီကိုနေတိုးကျန်းမာချမ်းသာပါစေ ” ဆိုကာ ကျေးဇူးတင်ကြောင်း ရေးသားခဲ့ပါတယ်။ မင်းသားချော နေတိုးကတော့ ပရဟိတလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်လုပ်ကိုင်နေသလို အနုပညာသမားအချင်းချင်း အမြဲတမ်း ကူညီပေးတတ်တာကြောင့် အားလုံးက လေးစားချစ်ခင်နေရတာပါ။

ပရိတ်သတ်ကြီးရေ အခုဖော်ပြခဲ့တာကတော့ မင်းသားချော နေတိုးက သူ့ရဲ့ အထည်တွေကို ဝယ်ယူလိုက်တဲ့အပြင် မုန့်ဖိုးနဲ့ လက်ဆောင်ပါ ရခဲ့တာကြောင့် ပျော်ရွှင်နေတဲ့ ဒိန်းဒေါင်ရဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်.

Leave A Reply

Your email address will not be published.

error: Content is protected !!