Latest Breaking News & Headlines

အမေရိကန်နဲ့ တရုတ်စစ်ဖြစ် နိုင်သလား (သို့) ပါဝါနဲ့ အာဏာ ကမ္ဘာလုပွဲ [ နိုးထတော့ လင်းယုန်ကြီးတို့ အချိန်ကျပါပြီ ]

144

ဒီအကြောင်းအရာက ဟိုးအစကတည်းက၊ ကိုဗစ်စဖြစ်ကတည်းက ရေးပြခဲ့ဖူးပါတယ်။ မြင်မိသလောက် ခန့်မှန်းတွက်ချက် သုံးသပ်ပြီး။ ခုလည်း အားမလို အားမရ ဖြစ်နေသူတွေကို စိတ်ရှည်ဖို့နဲ့ ထရန့်ကို ယုံကြည်ဖို့ တိုက်တွန်းရင်း၊ ထရန့် ရွေးကောက်နီးတာနဲ့ တပြိုင်နက် ဆော်ဖို့ များပြီး၊ တရုတ်ကို ဒီအတိုင်းလွှတ်ပေးထားလို့ မရကြောင်း၊ ကမ႓ာကလည်း ‌ကောင်းကောင်းသဘောပေါက်နေတဲ့အတွက်၊ ပွဲကတော့ မနှေးနဲ့အမြန်ပါပဲလို့ အသိပေးရင်း၊ ခန့်မှန်း မြင်နေမိပါတယ်။

တကယ်တော့ စစ်ပွဲက အခုလည်း စနေတာပဲ၊ အီရန်သွားပြီး အားကိုးပြလို့ ဆော်ပြလိုက်တာကို၊ အီရန်က ဘာမှမတုံ့ပြန်လို့ US အခွင့် မသာဘူး ဖြစ်နေပြန်တယ်။ တရုတ်ကလည်း အချက်မပြရဲဘူး ဖြစ်နေတယ်လေ။ အမှန်က ဆော်ချင်နေပြီ၊ ပွဲက တဖက်သက်ချည်း ဖြစ်နေတယ်၊ တရုတ်ကလည်း မစခင်ကတည်းက ရှုံးနေတယ်၊ ဦးကျိုးဖို့ပဲ ကျန်တော့တယ်။ ဒီအတွက် တရုတ် လက်နက်ချ အရှုံးပေးမယ်ဆို၊

– ဗိုင်းရက်စ်တရားခံ ဖြစ်ကြောင်း ဝန်ခံရမယ် – တကမ႓ာလုံး လျော်ကြေးပေးရမယ် – နည်းပညာ မခိုးဖို့ ဝန်ခံ ကတိ ဘွန်းထိုးရမယ် – တောင်တရုတ်ပင်လယ်အရေး ဖျက်သိမ်း ‌နောက်ဆုတ်ရမယ် – ထိုင်ဝမ်အရေး လက်လွတ်ရမယ် – ဟောင်ကောင်အရေး လိုက်ရောရမယ် – ဝီဂါအရေး လုပ်ပေးရမယ် – အရှေ့အလယ်ပိုင်း ဝင်မွှေနေတာ ရပ်တန့်ရမယ် – နူစာချုပ် ပြန်လုပ်ရမယ် လိုက်နာရမယ် – ဇီဝလက်နက် ဖန်တီးနေတာတွေ ဖျက်သိမ်းရမယ် – နည်းပညာ အချက်လက် ခိုးယူမှုတွေအတွက် တာဝန်ယူရမယ် ပေးလျော်ရမယ် – နိုင်ငံရေး စစ်ရေး ကုန်သွယ်ရေးကို US အမိန့်အတိုင်း လိုက်နာရမယ် – နိုင်ငံငယ်တွေအပေါ် နယ်ချဲ့မှုနဲ့ ကြွေးမှီကစား ‌ထောင်ချောက်ဆင်နေမှုတွေကို ရပ်တန့်ရမယ် – ကမ႓ာကို မူးယစ် ဖြန့်ချီနေမှု ၊ ကုန်ကြမ်းထုတ်လုပ်နေမှုနဲ့ အကျိုးယူ လုပ်ဆောင်‌နေမှု‌တွေကို ဝန်ခံ ဖျက်စီးရမယ် – လက်နက်ကိုင်တွေ ထောက်ပံ့ပြီး နိုင်ငံတကာ၏ ပြည်တွင်း ဝင် နှောင့်နေမှုကို ရုပ်သိမ်းပေးရမယ် – ရိုဟင်ဂျာအရေးနဲ့ UN UNHCR HRW WHO ICJ ICC တို့ကို ဝယ်ထားပြီး အိပ်ထဲ ထည့် ကစားနေမှုကို ဖြေရှင်းရမယ်၊ ဝန်ခံရမယ်

စသည့် ပြစ်မှု စွဲချက် တောင်းဆိုချက်၊ လိုက်ရောချက်တွေ များလွန်းလို့၊ သမ္မတ ရှီအနေနဲ့ ဒူးထောက် အညံ့ခံပြီး တိုင်းပြည် အဆင်းရဲဆုံး အနေထားနဲ့ ပျက်စီးခံမှာ မဟုတ်တော့၊ သူ့အနေနဲ့ ရွေးချယ်စရာ နှစ်လမ်းပဲ ရှိပါတယ်၊

– စစ်တိုက်ပြီး အသေခံမလား ၊ ရသလောက် ‌ရှောင်လွဲမည်လား – လက်နက်ချပြီး ကမ႓ာမှတောင်းဆိုမှုကို လိုက်ရောပေးမလား ဆိုတာပါပဲ

သို့အတွက် ထိုနည်းတူ အရေးကြီးဆုံးဖြစ်တဲ့ တရုတ်ကွန်မြူနစ်ပါတီမှလည်း ထိုနည်းလမ်းကို ရွေးချယ်ရတော့ပါမယ်

– နိုင်ငံအလုံးစုံ မပျက်စီးစေဖို့အတွက် ရှီကို ဖြုတ်ချပြီး ကမ႓ာနဲ့ ထပ်တူ ဆောင်ကျဉ်းမလား – ယခုအတိုင်း မာန်ဝံ့ပြီး နိုင်ငံအပျက်ခံ ကမ႓ာကို
တန်ပြန် တုန့်ပြန်ကြမလား ဆိုတာ

သူတို့ ရွေးချယ်ရပါတော့မယ်၊ ဒါ့အပြင် သူတို့အတွက် နောက်ဆုံးချန့်ကတော့ UN ဝင်လာပြီး စေ့စပ်ပြီး၊ ရအောင် ကူကယ်နိုင်သေးတဲ့ ချန့်ရှိပေမယ့် US တကယ်လုပ်ရင် သို့ ယခုက တကမ႓ာလုံးက ပါဝင်လာနေတဲ့အတွက်၊ တရုတ်အတွက် အခွင့်အရေးနည်းနေ ပြီး လိုက်ရောမှု မပြုနိုင်ရင်၊ စစ်ရေးအရ သေချာပေါက် အရေးယူ ဆော်တော့မည်ဆိုတာက ရာခိုင်နှုန်း များနေပါသည်။

သို့အတွက် စိတ်ရှည်ဖို့ လိုပါတယ်၊ ခုဟာက ထရန့်ဘာလို့ ဝုန်းဒိုင်းမဆော်သေးတာလဲဆိုပြီး မြင်ပြီး၊ သံသယဝင်နေလို့ မရဘူး။ အကွက်က ခွေးဂျောင်ပိတ်ရိုက်ပြီး၊ အပြီး လက်စနဖျောက်ဖို့အထိ ရည်ရွည်ပြီး၊ တအိအိ ‌ဖြေးဖြေးခြင်းနဲ့ ဖြိုပြီး၊ စိမ်နပြေ ကြပ်ပြီး ညှပ်ပြီး၊ လှုပ်မရအောင် ချည်တုတ်ပြီးမှ၊ ဂျောင်မှာ ကပ်နေအောင် ဝပ်နေအောင် လုပ်ပြီးမှ၊ အသာယာ ခေါင်းဖြတ်လိုက်မည့်ပုံပါပဲ။

သို့ကြောင့် ထရန့်လုပ်နေတဲ့ အကွက်က သွေးအေးပြီး တိကျတယ် ထောင့်စေ့တယ်။ အငြိုးနဲ့ ကန်ပြည်သူတွေသေထားသလို အချိန်ယူ မျှင်းပြီး ရှော့တိုက် ပြန်ညှင်းနေသလိုပဲ။ ဒုက္ခ ဝဍ်‌ကြွေးပြန်ယူပီး ဂလဲ့စားကို အရသာခံ ပြန်ယူ ချေပ‌နေသလိုပဲ။ ယခု လုပ်နေပုံက စိမ်ပြေနပြေ ခြေလက်တွေကို ထိုင် လှီး ဖြတ် ထုတ်နေပြီး၊ နောက်ဆုံး ဦးခေါင်းပိုင်းကို ဖြတ်လို့ အလံ လွှင့်ထူမည့် သဏ္ဍန်ဗျုဟာပါပဲ။

ဒီ‌တော့ လျို့ဝှတ်လွန်းတဲ့ မယုံကြည်ရတဲ့၊ အကြွေးရစရာရှိတဲ့ တရုတ်ကို ဒီပုံစံနဲ့ ပညာပေးပြီး လုပ်ဆောင်နေတာဟာ မှန်ကန်တယ်လို့ မြင်မိတယ်။ ဘာကြောင့်ဆိုတော့ ဝုန်းဒိုင်းလုပ်မယ်ဆို အကုန်ပွင့်ကုန်မယ်၊ ထရန့်လည်း အထိနာမယ်။ ပိုဆိုးတာက ဂျောင်ပိတ်နေမိတဲ့ တရုတ်ဟာ လွတ်မြောက်ဖို့ ရှိသမျှ အကုန် ထုတ်သုံးလာနိုင်တယ်_ရင်၊ ကမ႓ာစစ် မဟုတ်ဘူး ကမ႓ာပျက်နိုင်တယ်။ ဒီတော့ ထရန့် ဖြေးဖြေးခြင်း အမှည့်ချွေနေပြီး အကဲခတ် ခြေလှမ်းအကွက် ရွေ့နေရတယ်။ တရုတ်မှာ ဘာလက်နက်တွေရှိမလဲ ကမ႓ာက အလုံးစုံ မသိနိုင်သေးဘူး။ ဒ်ီတော့ ဝုန်းဒိုင်း လုပ်မရဘူး။

ဒါကြောင့် ထရန့်ဟာ တရုတ်ကို စစ်မကြေငြာခင် ရုရှားအပါဝင် နူကလီးယားလက်နက် စာချုပ်ကိစ္စတွေကို လုပ်ဆောင်ပြီး တရုတ်ကို အစဖော်ထုတ်စေတယ်။ တရုတ်ကလည်း ပါးနပ်တယ် မပါဘူးဆိုပြီး ပယ်ချတယ်။ နောက် တရုတ်က အာကာသလက်နက် သံလိုက်စက်ကွင်းနည်းပညာ လေဆာလက်နက်ရှိတယ် ထုတ်ပြောချိန်၊ တရုတ်လွတ်တော်မှာ ဟောင်ကောင် ဥပဒေအတွက် ဆုံးဖြတ်မဲခွဲနေချိန်၊ မိုးကြိုးတွေပစ်ပြီး တနိုင်ငံလုံး မီးပျက်သွားလို့၊ ဒါဟာ သံလိုက်စက်ကွင်းနဲ့ US ကို ခြိမ်းခြောက်ပြနေလို့၊ US က ပညာပြလိုက်သလားဟု ခုထိ တွေး‌ထင်နေကြပါတယ်။

ဘာကြောင့်ဆိုတော့ US မှာ အာကာသတပ်ဖွဲ့နဲ့ လေဆာလက်နက်၊ သံလိုက်စက်ကွင်း နည်းပညာ လက်နက်တွေ ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။ ဒါကို တရုတ်က နည်းပညာခိုးပြီး US ကို ပြန် ခြိမ်းခြောက်ပြနေတာ။ သို့ပေမယ့် ဒီလက်နက်တွေနဲ့ ယခု မီဒီယာထက်မှာ တရုတ်ဘက်ကနေ၊ ကာဘာလုပ် ဆိုက်ဝါးလုပ်ပြီး ကြွေးကြော်နေတဲ့၊

D17 နူ တိုက်ချင်းပစ်တွေဆိုတာကလည်း အမေရိကန်ထိ မရောက်ပဲ၊ သဘော်ဖျက်ဒုံးသာ ဖြစ်သည့်အတွက်၊ တရုတ်ဟာ စစ်ဖြစ်ခဲ့လျင် အရေးမသာတဲ့အပြင် ကျရှူံးနိုင်သည့်အတွက် ခုကတည်းက ထိတ်လန့်နေပြီး၊ မရှိတဲ့လက်နက်တွေကို ထုတ်ဖော်ပြောကြားပြီး ခြိမ်းခြောက်နေသလား ဆိုတာနဲ့ ဘာလျို့ဝှတ်လက်နက်ဆန်း‌တွေ ရှိမလဲ၊ ထုတ်သုံး လာနိုင်မလဲဆိုတာကလည်း အထူးစိတ်ဝင်စားဖို့ ကောင်းနေပါတယ် ။

ဒီတော့ covid virus နဲ့တောင် လက်ဦးမှုယူ တိုက်ခိုက်ပြီး ကမ႓ာကို ယုတ်မာခဲ့တဲ့ တရုတ်ဟာ၊ ယခုအခါ ဂျောင်ပိတ်မိနေတဲ့ ခွေးလိုဖြစ်နေသည့် အတွက် ပြန်ကိုက်တတ်လို့၊ သွေးပျက်ပြီး မိုက်ရူးရဲဆန်ပြီး တနူနဲ့ ဇီဝလက်နက် မိုးတွေရွာချပြီး လက်ဦးမှုရယူမှာစိုးလို့၊ ထရန့်ဟာ ပါးနပ်စွာနဲ့ ကိုဗစ်ဗိုင်းရက်စ်တရားခံဟာ တရုတ်ပါလို့၊ အစတွေ အဖြေတွေ ကမ႓ာကို အရင်ဉ်ီးဆုံး ဖော်ထုတ်ပြနေပြီး၊ တရုတ်ရဲ့ ဇီဝလက်နက်နဲ့ bio warfear program တွေကို၊ အရင်ဦးဆ‌ုံး စစ်ရေးနဲ့ မဟုတ်ပဲ သံတမန်နည်းနဲ့ ဖော်ထုတ်ပြ၊ အသိပေး ဖျက်စီးပြနေတယ်။

ဒီတော့ တရုတ် ဒ်ီလက်နက်တွေ မသုံးရဲတော့ဘူး။ လျို့ဝှတ်ထားရတယ်။ အသုံးပြုမယ်ဆိုရင် ယခု covid virus အပါ တရုတ်ဆီမှာ ဇီဝလက်နက် အသစ်ဆန်းတွေရှိတယ်ဆိုတာနဲ့၊ ကမ႓ာကို covid virus နဲ့ attack လုပ်ပြီး၊ နောက် စစ်ပွဲတွေမှာပါ bioweapon နဲ့ ဆက်လျက် attack လုပ်လာမည့်သူဟာ၊ တရားခံဟာ တရုတ်ဟု တထစ်ချတရားဝင် သက်မှတ်လိုက်ပြီး၊ ခေါင်းစဉ်တပ်စရာ မလိုအောင် စစ်ရေးနဲ့အရေးယူနိုင်ဖို့အတွက်၊ အကွက်ကို ထရန့်က ဦးထားလိုက်တာပဲ ဖြစ်တယ်။

ဒီတော့ ခုလို ဖြေးဖြေးခြင်း တအိအိက ဗျုဟာက၊ တရုတ် စိတ်ခြောက်ခြားစေပြီး စိတ်ဓာတ်ပြိုလဲစေတယ်။ ခုဆို ထရန့်ဘာလုပ်မလဲ အမြဲ စိုးရိမ် လန့်နေရတယ်။ ထရန့်က ကွက်ပျောက်နဲ့ ငုတ်ချည် ပေါ်ချည်နဲ့၊ ဟို့က တတို့ ဒီကတတို့နဲ့၊ ဟိုတစ ဒီတစ အစတွေဆွဲထုတ်၊ နှိုက်ထုတ် ဖော်ထုတ်၊ ဖြိုလိုက် လှဲလိုက် နဲ့လိုက်၊ နုလိုက် ကြမ်းလိုက် ရမ်းလိုက် သမလိုက်နဲ့၊ ချော့တလှည့် ခြောက်တလှည့်နဲ့၊ တရုတ်မဏ္ဍိုင်ကြီုပြိုလဲအောင် ဘက်ပေါင်းစုံက ဝိုင်းထိုးနှပ်ပြီး၊ အချက်လက်တွေ ဖော်ထုတ် တလျိှု စပိုင်တွေဖော်ထုတ်ပြနဲ့၊ အပီကို သေချာ ချည်တုတ်ပြီး၊ တရုတ်ကို ပြေးမလွတ် ငြင်းမရ လှုပ်မရအောင် ချုပ်ကိုင်ထားပြီဆိုတာ၊ ထားပြ်ီးမှ အချိန်ကျပြီဆိုရင် ‌သေချာ‌ပေါက်ကို သမလိမ့်မည်ဆိုတာ၊

ဒီအတိုင်း ပြီးသွားမည့် အရေးမဟုတ်ဘူး။ တပ်ခေါက်လှည့်သွားပြီး ဟန်ရေးပြနေခြင်း မဟုတ်ပဲ၊ အချိန်ကုန် လူပန်း ငွေခမ်းထားမှုတွေနဲ့ မိတ်ဖက်တွေက အားကိုးလေးစားလို့၊ တရုတ်အောက်မှ လွတ်မြောက်ဖို့ အကူညီဝိုင်းပေး ပူးပေါင်းပေးနေတဲ့ အခွင့်ရေးနဲ့ ဂုဏ်သိက္ခာကို၊ US အနေနဲ့ အလွဲသုံးစားလုပ်ပြီး ငပေါအဖြစ်ခံ ယုံကြည်မှု ပျက်ပြားအောင် လုပ်‌ဆောင်မှာ မဟုတ်ဘူးဆိုတာ၊ တရုတ်ကို ခုချိန်ကတည်းက ဦးမချိုးထားရင် နောင် ပိုဆိုးလာမယ်ဆိုတာ၊ သို့ကြောင့် လုပ်စရာ ရှိတာများ အရင်လုပ်ပြ်ီး ရှင်းလင်းပြီး၊ ကမ႓ာကို သက်သေပြပြီး၊ ချည်ပြီးတုတ်ပြီး အပိုင်ဖြစ်ချိန်ကြမှ၊ အသာအယာနဲ့ လုပ်ဆောင်လိမ့်မည်ဆိုတာ ခန့်မှန်းမြင်နေမိ၏။

သို့အတွက် ဘင်လာဒင်ကိုသတ်ဖို့တောင်၊ ၃နှစ်လောက် သေချာအချိန်ယူ အထပ်ထပ်လေ့ကျင့်ပြ်ီး လုပ်ဆောင်ခဲ့တဲ့ US အနေနဲ့၊ ယခုလည်း ထိုကဲ့သို့နည်းဗျုဟာနှင့် သေချာ ချိန်သားကိုက် လုပ်ဆောင်နေသည်ဆိုတာနှင့်၊ စီးပွားရေးသမားဖြစ်တဲ့ ထရန့်က သေချာ စိစစ်တွက်ချက်ပြီး၊ ပလန်နဲ့ သေချာ အချိန်ယူ တည်ဆောက်ပြီး၊ အရင်ဦးဆုံး ရစရှိတာ၊ ရှင်းစရာရှိတာ၊ ဖြတ်စရာရှိတာတွေ၊ ရှင်းလင်း လှီးထုတ် ဖြတ်တောက်ပြီး၊ ဘော်ဒီကို ထိုးချေ ဦးခေါင်းကို ပိုင်းဖြတ်ဖို့ တိကျသေသပ်စွာ၊ အစီစဉ်တကျနဲ့ လုပ်ဆောင်နေတယ်ဆိုတာ မြင်နေရသည့်အတွက်၊

သူတို့ရည်ရွယ်မှု ပလန် အထမြောက်ပြီး၊ အဖက်ဖက်က အိုကေပြ်ီ အသင့်ဖြစ်ပြီဆိုရင်၊ တရုတ်ကို အပီအပြင် ဝုန်းဖို့ သမဖို့ လုပ်ဆောင်လိမ့်မည် ဖြစ်ကြောင်း၊ သို့အတွက် အီရန်မှနေ ရေနံရရှိနေမှုတွေကို ဖြတ်တောက်ပြီး၊ ယခု တောင်ပင်လယ် ဘဂ်လားပင်လယ်အော်နဲ့ အဖက်ဖက်မှနေ ဝိုင်းဝန်းပိတ်စို့ထားပြီး၊ အသင့်အနေထားသို့ ပြင်ဆင်ထားပြီအတွက်၊ ထရန့်အချက်ပြတာနဲ့ စဆော်ပါပြီဟု၊

သို့အတွက် ထိုင်းပင်လယ်ကွေ့နဲ့ ဘဂ်လားပင်လယ်အော်ကို အသုံးပြုမယ်ဆိုရင် ရခိုင်ဟာ သေချာပေါက် စစ်တလင်းနဲ့အတူ ကျောက်ဖြူ ပိုက်လိုင်းဟာ ပစ်မှတ်ပါပဲဟု၊ ထို့အပြင် US ကာချုပ် ထိုင်းဝန်ချုပ်နဲ့ တွေ့ဆုံပြီး စစ်ရေးနဲ့ ပင်လယ်ကွေ့ကို အသုံးပြုဖို့ ညှိနှိုင်းမှုကို၊ မြန်မာတပ်မှ ကန့်ကွက်မှုဟန်သဏ္ဍန်နဲ့ ဖေ့ဘုတ်မှာ တပ်လော်ဘီများမှ၊ ထိုင်း မြန်မာ စစ်ပွဲအကြောင်းများနှင့် သမိုင်းဟောင်းများကို ပြန်လှန်တင်ပြပြီး၊ လှောင်ရီမှု ဆိုက်ဝါး သတင်းမီဒီယာတွေနဲ့ ကောင်တာ ပစ်နေကြသောကြောင့်၊

တကယ်ဆို မလုပ်သင့်ပါ၊ အဘယ့်ကြောင့်ဆိုသော် ယခုအခါ ထိုင်းနိုင်ငံသည်၊ မြန်မာအလုပ်သမား ၁၀သိန့်ခန့်အား အလုပ်ကိုင်များနှင့် အခွင့်လမ်းများ ပေးထားပြီး၊ မိတ်ဆွေကောင်းအဖြစ် တည်ရှိနေသောကြောင့်၊ စစ်အစိုးရလက်ထပ်များတွင် ထိုင်းနိုင်ငံသည် မြန်မာအပေါ်၊ အလုပ်သမားများအပေါ် ကျေးဇူးတင်သင့် ရှိသင့်လှပြီး၊ အိမ်နီးခြင်း ပီသစွာ အလုပ်ကိုင်များနှင့် ပြည်တွင်းဝင်ငွေများစွာအတွက်၊ ဖန်တီးပေးထားသောကြောင့် ဖြစ်ပေသည်။ သို့ကြောင့် စစ်လော်ဘီနဲ့ ဖွတ်လော်ဘီများသည်၊ အွန်လိုင်းမှတဆင့် ထိုကဲ့သို့ ပြည်တွင်း ပြည်ပ သွေးခွဲ သွေးကွဲခြင်း ဖြစ်စေမည့် မီဒီယာ ဆိုက်ဝါးမျိုးတွေအား မလုပ်သင့်လှတော့ပေဟု။

သို့ကြောင့် မြန်မာ့အရေးနဲ့ ကမ႓ာ့အရေးတွင် MA သည် သေချာပေါက် တရုတ်ဘက်မှာ ရှိနေသည်ဟု ဆိုတာနဲ့၊ ယခုထိ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အလျင်းမရှိပဲ အ‌ခြေနေအား၊ ရိပ်ကဲသံဖမ်း အကဲခပ် စောင့်ကြည့်နေသောကြောင့်၊ ထို့အပြင် တရုတ်မှ မြန်မာ့နိုင်ငံရေးတွင် စစ်အာဏာရှင်စနစ်ကိုသာ ပြန်လည် အသက်သွင်းချင်နေသောကြောင့်၊ ကမ႓ာ့အရေးနဲ့ US တရုတ်စစ်ရေးတွင် MA မည်သည့်ဘက် ရပ်တည်မည်ဆိုတာနဲ့ မည်သို့မည်ပုံ လှုပ်ရှား ဆောင်ရွက် ပြုမူမလဲဆိုတာ စောင့်ကြည့်ရင်း၊

စစ်ပွဲတပွဲ ဖြစ်ဖို့ရာ၊ အထူးသဖြင့် ယခုလို ကမ႓ာ့ စူပါပါဝါ တိုက်ပွဲကြီးများတွင် ကလေးကစားသလို ဝုန်းဒိုင်း လုပ်မရပဲ၊ အဖက်ဖက်မှ တွက်ချက်ပြီး၊ စီးပွား ကုန်သွယ် ဘဏ္ဍာနှင့် လိုအပ်မှုတွေ ပြည့်စုံအောင် ဖန်တီးတည်ဆောက်ပြီးမှ၊ ထို့အပြင် ရန်သူ့ အခြေနေနဲ့ ဖြစ်ပေါ်လာမည့် သဏ္ဍန်များ၊ ဆုံးရှုံးမှု အောင်နိုင်မှု အကျိုးမြတ်ရရှိမှု၊ အနာဂါတ် ရည်ရွယ်မှု၊ တည်ဆောက်မှု၊ ဖြစ်ပေါ်လာမည့် ဘေး ရန် အားလုံး စသည်တို့အား တွက်ချက်ပြ်ီးမှ၊ စစ်ပွဲကို စတင်အခြေပြုပြီး နွှဲကြပါလိမ့်မယ်ဆိုတာ

(ကွန်ပြူတာနဲ့တောင် အကြမ်းဖျင်း တွက်ချက် တိုက်ကြည့်ပြီးလောက်ပြီ၊ ထားမလား မသိ)

သို့ကြောင့် အကယ်၍ ကြီးကြီးမားမား မဖြစ်ခဲ့လျင်တောင်မှ၊ တောင်ပင်လယ်ရှိ ကျွန်းတုတွေနဲ့ စစ်စခန်းများကို US တို့ ခြေမှုန်းတိုက်ခိုက် ဖျက်စီးပြီး၊ ပင်လယ်ပြင် မစိုးမိုးရေးကို အာဏာပြထိန်းပြီး၊ ပါဝါတင် သက်သေပြပြီး တရုတ် ဦးကျိုးသွားအောင်၊ ဒုအဆင့်အနေဖြင့် စစ်ရေးလစ်ဟာနေသော ယူနန်ကို ပစ်ခတ် တက်သိမ်းပြီး၊ နောက် မလှုပ်ရဲအောင် ခေါင်းမထောင်ဝံ့အောင် ပညာပြခဲ့မည်ဟု ခန့်မှန်းမိ၏။

ထို့အပြင် မြန်မာနှင့် အခြားနိုင်ငံမှ လက်နက်ကိုင်များ လှုပ်လာပါကလည်း၊ နဂိုရှိပြီးသော ပြစ်မှုများနှင့်အတူ အရေးယူ ဆောင်ရွက်လိမ့်မည်ဆိုတာ၊ အထူး ပြောနေစရာ မလိုပေ။ သို့ကြောင့် စစ်ဖြစ်ခဲ့ပါက လက်နက်အင်အား မိတ်ဖက်အား၊ အစစအရာရာ အားသာတဲ့ US ကို China ဘယ်လိုမှ မလွန်ဆန်နိုင်သလို၊ ပွဲကြီးမဖြစ်ခဲ့လျင်တောင် ပွဲလက်နဲ့ အချိန်တိုအတွင်း တရုတ် လက်နက်ချပါလိမ့်မည်ဟု။

ထို့အတွက် တရုတ်ဟာ

– ကမ႓ာ့ရေးရာ ပြသနာနဲ့ ပြစ်မှုများ ကျုးလွန်ထားမှု – မြန်မာပြည်တွင်းရေး ဝင်ထိန်းချုပ်မှု – အခြားမိတ်ဖက်နိုင်ငံများနှင့် US အား ဆန့်ကျင် တိုက်ခိုက်မှု ပြုလုပ်နေမှု – ကမ႓ာသိမ်း အစီမံ ဆောင်ရွက်မှုတို့အတွက်

သူ့ပြည်သူလူထုအား စည်းရုံးပြီး စစ်ပွဲ၌ ပါဝင်လာအောင် ထောက်ခံအောင် လုပ်ဆောင်နေရမည် ဖြစ်ပြီး၊ ကမ႓ာ့နိုင်ငံရေး နားလည် တတ်သိပြ်ီး၊ ပညာအမျှော်မြင်ကြီးမားသော ပြည်သူတွေကတော့ ယခုအခြေနေနဲ့ မိမိနိုင်ငံပြည်တွင်းရေး နိုင်ငံရေးကို သိနားလည်ပြီး၊ အာဏာရှင်စနစ်နဲ့ မိမိနိုင်ငံ ပျက်သုန်းမည့် အရေးမှနေ လွတ်မြောက်ဖို့အတွက် ဆန့်ကျင်ကန့်ကွက် လာကြလိမ့်မည်ဆိုတာ၊ ခဲ့ရင် တရုတ်အနေနဲ့ ပြည်တွင်း ပြည်ပ အရေးကို တပူပေါ်နှစ်ပူဆင့်နဲ့ ရှုပ်ထွေးလာနိုင်သည့်အတွက်၊ ခုကတည်းက ရေကြီးမှုနဲ့ အလုပ်ပေး ရှုပ်ထား အာရုံလွှဲထားစေပြီလား ဆိုတာတောင် သံသယဝင်နေမိပါတယ်။ ကွန်မြူနစ် လုပ်ရပ် စိတ်ဓာတ်အတွက်။

သို့အတွက် ကိုဗစ်ဗိုင်းရက် အလွန်ကာလလေး အချိန်အတွင်းမှာ၊ ယခုလက်ရှိတောင် အ‌ခြေနေဆိုးနဲ့ ကြုံနေကြတုန်းမှာ၊ US ဘာလို့ မဆော်သေးလဲ ဆိုရင်၊ တရုတ်ကို ဆော်လိုက်ရင် နလံထူကာစနိုင်ငံနဲ့ ကမ႓ာအတွက် အငတ်ဘေး ဆိုက်သွားနိုင်တဲ့အတွက်၊ စစ်ရေးထက် အငတ်ဘေးက ပိုဆိုးပြီး ကမ႓ာပျက်လာနိုင်တဲ့အတွက်၊ ဆေးရပြီ၊ အခြေနေတွေ တည်ငြိမ်ပြီဆိုမှ တရုတ်ကို စိတ်ကြိုက် ဝင်သမလို့ ရမှာ ဖြစ်သလို၊

ယနေ့လက်ရှိ ကမ႓ာကြီးဟာ ၆၀%ဟာ တရုတ် ထုတ်ကုန် ကုန်သွယ်မှုအပေါ် မှီတွယ်နေရတာ ဖြစ်သည့်အတွက်၊ တရုတ်ကို ဆော်လိုက်ရင် ကုန်စည်စီးဆင်းမှုနဲ့ စားနပ်ရိက္ခာများ ပြတ်တောက်ပြီး၊ ကမ႓ာထက် တရုတ်ကို မှီတွယ်အားထားနေရတဲ့ နိုင်ငံတွေ၊ ဒုက္ခနဲ့ အငတ်ဘေးဆိုက်သွားပြီး ကိုဗစ်ကြောင့်ပါ နလံမထူနိုင်ကြရင်၊ စစ်ရေးရော နိုင်ငံဘေးအန္တရာယ်တွေပါ စုပြုံပြီး ပိုမိုဆိုးရွားလာမည် ဖြစ်သောကြောင့်၊

ထိုအရာများအားလုံး US ခေါင်းပုံပဲ ကျလာပြီး တာဝန်ယူ ဖြေရှင်းရလိမ့်မည် ဖြစ်သောကြောင့်၊ ထို့အပြင် အချို့က အမြင်လွဲ စွတ်စွဲပြီး အပြစ်ဖို့ကာ ဆန့်ကျင် ကန့်ကွက်လာကြလိမ့်မည်။ အီရက်ကို တိုက်တုန်းက ရက်ကြာလာပြီး အီရက်ပြည်သူတွေ ဒုက္ခရောက်ကြတော့၊ ကမ႓ာနဲ့ US ပြည်သူတွေကိုယ်တိုင် ဆန္ဒပြန်ပြကြပြီး၊ စစ်ပွဲကို ရပ်ပေးပါဟု ပြန်အော်ပြောရတဲ့အထိ ဖြစ်ခဲ့ကြတာ မဟုတ်လား။ သို့ကြောင့် ထရန့်အနေနဲ့ ထိုသို့မဖြစ်စေရန် ‌သေချာ အချိန်ယူ စောင့်ဆိုင်းပြီး အဖက်ဖက်မှ တွက်ချက် လုပ်နေရသည့်အတွက် ကြန့်ကြာနေသည်ဟု မြင်မိသလို၊

ခုနေ တွယ်ချင်ရင်တော့ တောင်တရုတ်ပဲ ရလိမ့်မည်ဟု၊ အဘယ့်ကြောင့်ဆိုတော့ တရုတ်က သူ့နိုင်ငံ ပြာဖြစ်မှာစိုးလို့ ရေတွေဖောက်ချ လွှတ်ပြီး ကြိုတင်ရှောင်လွှဲနိုင်အောင် ကာဘာလုပ်ထားသည့်အတွက်၊ ဒီအချိန် US စပြီး သွားတိုက်ရင် အမှားဖြစ်သွားလိမ့်မည် ဖြစ်ကြောင်း၊ တရုတ်ဟာ ပြည်သူကို ချနင်းပြီး ရေဖြင့် အာရုံလွှဲ စစ်ရေးကို ဟန့်ထားကြောင်း၊ ရေကြီးနေတော့ စစ်က တိုက်မရ တက်သိမ်းမရနဲ့၊ တောင်ပယ်လယ်မှာသာ US တို့ အခြေနေ စောင့်နေရပါကြောင်းနဲ့၊

တရုတ်ကတော့ ရှီပြုတ်ကျခံနီး သို့ နောက်ဆုံး ထွက်ပေါက်မရှိမှသာ၊ ဂုဏ်သိက္ခာအတွက် လက်ဦးမှု ရယူပြီး ရသလောက်ဆော်ပြီး ပြေးမည်ဖြစ်ကြောင်း၊ ယခုအတိုင်းဆို သူ့ကို ဝိုင်းထားသည့်အတွက် ပါးစပ်ပင် ဟရဲမှာ မဟုတ်ကြောင်း၊ သို့အတွက် ထွက်ပေါက်ရလိုရငြား မီဒီယာအထက်ကသာ ဟော်ကီရိုက် ဖိန့်လုံး လှိမ့်လုံးတွေနဲ့ ဖြဲခြောက်နေမှာ ဖြစ်ကြောင်း၊ လက်တွေ့ကတော့ လေတောင်လည်ရဲမှာ မဟုတ်ကြောင်း အသိပေးရင်း။

ထရန့် ယန်းကီးကြီး သာကောလူယုတ်ကို ဘာလို့ မဆော်သေးတာလဲဆိုပြီး အားမလို အားမရဖြစ်နေသည့် သူတွေအတွက်၊ ထရန့်ဆော်မှု မဆော်မှုဟာ တရုတ်ရေကြီးမှုနဲ့ ရေကာတာမှ ရေဖောက်ချမှု အချိုးအစားနဲ့ တိုက်ရိုက်သက်ဆိုင် ပတ်သက်နေပြီး၊

– တရုတ်တို့ ရေကာတာမှ ရေမဖောက်ချသည့်နေ့နဲ့ – ထရန့် ရွေးကောက်နီးသည့် ရက် – တရုတ်တို့ ခေါင်းမာပြီး တောင်းဆိုမှုကို မလိုက်ရောသည့်ရက်နဲ့ ရှေ့ဆက်တိုးသည့်ရက် – ကမ႓ာ့ချိန်ခွင်လျှာ ပြောင်းလဲဖို့ အချိန်ကျပြီဆိုတဲ့ရက်

ထိုနေ့ထဲမှ တရက်ရက် ကျရောက်ခဲ့သည့် ရက်ကြလျင် သေချာပေါက်ကို ဆော်ပါပြီဟု

အဘယ့်ကြောင့်ဆိုသော် အမေရိကန်နိုင်ငံ ကိုယ်၌ကကို၊ USနဲ့ ထရန့်မှ

” အမေရိကန် ‌ရွေးကောက်ပွဲ ဘယ်သူနိုင်နိုင် တရုတ်နိုင်ငံဆိုင်ရာ မူဝါဒ ပြောင်းလဲသွားမှာ မဟုတ်သလို၊ လွတ်လပ်တဲ့ ကမ္ဘာကြီးအနေနဲ့ ဒီလို ဖိနှိပ်တဲ့ အစိုးရမျိုးကို အောင်နိုင်ရမည်ဟု ” ကမ႓ာကို ကြေငြာ ပြောဆို လိုက်သည့်အတွက်၊

စိတ်ချပါဟု .. အမေရိကန်အနေနဲ့ ထရန့် ပြန်အရွေးချယ် မခံရပဲ၊ ထရန့်လက်ထပ်မှာ တရုတ်ကို မဆော်ဖြစ်ခဲ့ရင်တောင်မှ၊ ဒါဟာ ကမ႓ာကြီးအတွက် ချင့်ချိန် ငှဲ့ညှာနေတာကြောင့် ဖြစ်ပြီး၊ နောက်တက်လာမည့် မည်သူ့ လက်ထပ်မှာ မဆို၊ မနှေးအမြန်ကတော့ တရုတ်ကို ဆုံးမဖို့ ဖြိုဖျက်ပြီး၊ ပြုပြင်ပြောင်းလဲ ပေးကြပါလိမ့်မည် ဖြစ်ကြောင်း၊

အဘယ့်ကြောင့်ဆိုသော် ကမ႓ာကြီးနဲ့ US သည် (အထူးသဖြင့် သမ္မတ ထရန့်သည်)၊ တရုတ်၏ အန္တရာယ်ကို ကမ႓ာကြီးအတွက် သက်သေပြ မီးမောင်း ထိုးပြပြီး ဖြစ်သလို၊ ထိုအခြေနေမှနေ နောက်ဆုတ် ဖယ်ခွာလို့ မရသလို၊ အကယ်၍ ဖယ်ခွာ ပျက်ကွက်ခဲ့ပါက၊ ကမ႓ာမှ အားကိုး ယုံကြည် ကိုစားထားတဲ့ US ကို ငပေါကြီးအဖြစ် စာရင်းသွင်းလိုက်ပြီး၊ မည်သူမျှ အဖက်မလုပ်တော့ပဲ စွန့်ခွာ သွားကြတော့မည်ဆိုတာ။

ထိုအခြေနေကို ကမ႓ာ့စူပါပါဝါ နံပါတ်တစ်နေရာကနေ မဆင်းချင်တဲ့၊ လင်းယုန်ကြီး ယန်းကီးတို့အနေနဲ့ သမိုင်းအစဉ်လာအရ၊ ဘယ်တော့မှ အဖြစ်ခံမှာ မဟုတ်ဘူးဆိုတာ။

သို့အတွက် မကြာတော့ဘူးဆိုတာ ..

လင်းယုန်ကြီး အချိန်ကျပြီဆိုရင်၊ ယန်းကီးတို့ မည်သူမျှ ထိန်းမနိုင် သိမ်းမနိုင်နဲ့ ယမ်းကြပါလိမ့်မည်ဆိုတာ။ အသိပေး သုံးသပ် တင်ပြရင်း။ တခုခုလိုချင်ရင် စိတ်ရှည်မှ ရလိမ့်မည်။ ‌အောင်ပွဲလိုချင်ရင် ဆာလှောင်မှုဒဏ် ခံရမည်ဟူသော ‌ဆောင်ပုဒ်တွေ မြင်ယောင်ရင်း။

ကမ႓ာကြီးလည်း ‌ပျော်စေချင်သည် .. လူသားတွေလည်း အေးချမ်းစေချင်ပြီဟု ဆုတောင်းရင်း။

Leave A Reply

Your email address will not be published.

error: Content is protected !!