Latest Breaking News & Headlines

လေ့ကျင့်ရေးကွင်းမှာတောင် အသင်းဖော် အချင်းချင်း အလျှော့မပေးဘဲ ကစားတဲ့ အာဆင်နယ် အသင်းသားကို ချီးကျူးလိုက်တဲ့ ကီယွန်

49

ဂန်းနား ဂန္တဝင် နောက်ခံလူ မာတင်ကီယွန် က လေ့ကျင့်ရေးကွင်းမှာတောင် အသင်းဖော် အချင်းချင်းတောင် အလျှော့မပေးဘဲ ကစားတယ်လို့ နာမည်ကြီးနေတဲ့ တီယာနေးကို ချီးကျူး လိုက်ပြီး သူလို ကစားသမားမျိုးဟာ အသင်းမှာ လိုအပ်နေကြောင်း ဆိုပါတယ် ။

ပြီးခဲ့တဲ့နှစ် နွေရာသီ အပြောင်းအရွှေ့တုန်းက ဆဲလ်တစ် အသင်း ကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ တီယာနေး ဟာ အသင်းကို စရောက်ကတည်း ဒဏ်ရာ ပြဿနာ ရှိနေတာကြောင့် ဂန်းနားတို့ အတွက် ချက်ချင်း ပါဝင်ကစားနိုင်ခြင်းတော့ မရှိပါဘူး ။

နောက်ပိုင်း ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝ လာတဲ့ အချိန်မှာတော့ တီယာနေး ဟာ အသင်း အတွက် ခြေစွမ်းပြ ကစား နိုင်ခဲ့ပါတယ် ။ ဒါပေမယ့်လည်း တီယာနေး ဟာ ဒီဇင်ဘာလ အတွင်းမှာ ကစားခဲ့တဲ့ ဝက်စ်ဟမ်း အသင်းနဲ့ ပွဲမှာ ဒဏ်ရာ ပြန်လည် ရရှိ သွားခဲ့ပြီး ကာလ အတန်ကြာ အနားယူခဲ့ရပြန်ပါတယ် ။

ကိုဗစ် ကာလလွန် ဘောလုံးပွဲတွေ ပြန်လည် စတင်ချိန်မှာ တီယာနေး ရဲ့ left wing-back နေရာမှာ ခြေစွမ်းပြ ကစားနေပြီး အာဆင်နယ် ကစားခဲ့တဲ့ ၁၁ ပွဲမှာ ၉ ပွဲ အထိ ပွဲထွက် ကစားခွင့် ရထားကာ အာဆင်နယ် ပရိသတ်တွေ မဲပေး ရွေးချယ်တဲ့ ဇူလိုင်လ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့ပါတယ် ။

မာတင်ကီယွန် က TalkSports မှာ ” လေ့ကျင်ရေးကွင်းမှာ တီယာနေး ကို ဖြည်းဖြည်း သက်သက်သာသာ ကစားဖို့ ပြောကြတာကို ကျနော် ပြန်ကြားရပါတယ် ၊ ဘာကြောင့်လဲဆိုတော့ တစ်ချို့ အသင်းဖော်တွေက တီယာနေး ရဲ့ အားပါ ပြင်းထန်တဲ့ ကစားဟန်ကို ကြောက်ရွှံ့ကြလို့ပါ ။ ”

” ကျွန်တော် ကတော့ တီယာနေး လို စိတ်ဓတ်မျိုးက လိုကို လိုအပ်တယ်လို့ ထင်ပါတယ် ၊ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူး အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်ကို သွားကြည့်မယ် ဆိုရင်လည်း နည်းပြ ကိုယ်တိုင်က ကစားသမားတွေကို အနည်းငယ် လျော့ကစားကြဖို့ ပြောနေတာကို တွေ့ရမယ်ဆိုတာ ကျနော် လောင်းရဲပါတယ် ၊ သူတို့က နိုင်လိုစိတ် ပြင်းထန်တာကြောင့် ဒီလို ဖြစ်နေတာပါ ၊ ဒါ အသင်းမှာ လိုအပ်တဲ့ အရာပါပဲ ။ ”

” သူ့(တီယာနေး) က အရမ်း ပြင်းပြင်းထန်ထန် ကစားတာကြောင့် လျော့ကစားဖို့ ပြောခံရပေမယ့် ကျနော်ကတော့ ကစားသမား အားလုံး သူ့လို စိတ်ဓတ်မျိုး ထားသင့်တယ်လို့ ထင်မြင် မိပါတယ် ။ ”

” ကျွန်တော် ခင်ဗျားကို တစ်ခု ပြောပြပါမယ် ၊ ၂၀၀၄ ခုနှစ်တုန်းက ကျွန်တော်တို့ လေ့ကျင့်ရေးကွင်းအတွင်း ပွဲက တကယ့်ပွဲမှာ ကစားရသလိုမျိုးကို ခက်ခဲတာပါ ၊ သူတို့ အားလုံးက နိုင်လိုစိတ် ပြင်းထန်ကြပြီး ဘယ်သူကမှ အားနည်းတဲ့သူ မဖြစ်ချင်ကြပါဘူး ၊ အားလုံးက အောင်နိုင်သူတွေပဲ ဖြစ်ချင်ကြတာပါ ။ ”

” အသင်း အတွင်းမှာ ပြိုင်ဆိုင်မှု ပြင်းထန်ကြရင် ဒီအသင်းက အောင်မြင်မှုတွေ ရတာပါပဲ ၊ အာတီတာကလည်း အသင်းကို အဲ့ဒီလို ပြန်လည် တည်ဆောက် နေတာပါ ။ တစ်ချို့ ကစားသမားတွေရဲ့ ဦးစားပေးတဲ့ အရာ မှားနေတာကို အာတီတာ က ဖြေရှင်းဖို့ ကြိုးစားနေတာကို တွေ့ရပါတယ် ၊ အခုမှ အစပဲ ရှိပါသေးတယ် ၊ တစ်ပွဲချင်း သွားရမှာပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

Leave A Reply

Your email address will not be published.

error: Content is protected !!