Latest Breaking News & Headlines

ဗိုင်းရပ်ဒဏ် အခံရဆုံးက ဘာစီလိုနာ ပါလို့ ငြီးတွားလိုက်တဲ့ ဘာတိုမြူ

63

ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌကြီး ဘာတိုမြူ ကတော့ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကို ခံလိုက်ရတဲ့ အထဲမှာ ဘာစီလိုနာ က အဆိုးဆုံး လို့ ပြောဆိုလိုက်ပြီး ၊ အသင်း ရဲ့ ဘဏ္ဍာရေး ကခြေအနေ ကတော့ ပရိသတ်တွေ အနေနဲ့ သိပ်ပြီး စိုးရိမ်စရာ မလိုသေးဘူးလို့ အသိပေးသွားခဲ့ ပါတယ်။

အသင်းမှာ ရှိတဲ့ အဓိက ကစားသမားတွေကို လစာ ပမာဏ တိုးပေးခဲ့ရတာ ၊ ဈေးကြီးပေးပြီး ခေါ်ယူခဲ့တဲ့ ကစားသမားတွေ အားလုံး နီးပါးက ခြေစွမ်းပြနိုင်ခြင်း မရှိတာ နဲ့ နူးကမ့် ပြန်လည် မွမ်းမံတဲ့ စီမံကိန်းတွေ ကြောင့် ပဲ အသင်းရဲ့ ဘဏ္ဍာရေး ဟာ အကျပ်အတည်း တစ်ခုတည်းကို ရောက်ရှိ သွားခဲ့တာ ဖြစ်ပါတယ်။

ဥက္ကဌ ဘာတိုမြူ ကတော့ အသင်းအပေါ် စိုးရိမ်နေကြတဲ့ ပရိသတ်တွေ အနေနဲ့ စိတ်အေးအေး ထားကြဖို့ တိုက်တွန်းလိုက်ပြီး ၊ ဗိုင်းရပ် ဒဏ်ကနေ တွန်းလှန်နိုင်စ ပြုနေပြီလို့ ပြောဆိုသွားခဲ့ ပါတယ်။

“ ကပ်ရောဂါဆိုးကြောင့် တစ်ကမ္ဘာလုံး အလူးအလဲ ခံလိုက်ရတာ တွေ့ပါတယ်။ ဒါကြောင့်မို့ နွေရာသီ အပြောင်းအရွှေ့ဟာ ကစားသမား အလဲအထပ်တွေ နဲ့များ ပြည့်နှက်နေမလားတောင် မသိပါဘူး။

မတ် လ 14 ရက်နေ့ ကတည်းက ၊ ကျနော်တို့ အသင်းဟာ တစ်ယူရိုမှတောင် ဝင်ငွေ မရှိခဲ့ဘူးလေ။ တွက်ကြည့်ရင် ဝင်ငွေ ယူရို သန်း 200 လောက် အထိနာသွားခဲ့ပါတယ်။

ဒါတွေကို စပိန် အစိုးရရဲ့ အစီအစဉ် နဲ့ လစာ လျှော့ချမှုတွေ ပြုလုပ်ခြင်း ကနေ ၊ ပြန်လည် နိုးထနိုင်အောင် ရုန်းကန်ခဲ့ရတာပါ။ အသင်းပိုင် ဈေးဆိုင်တွေ ၊ ပြတိုက်တွေ ပိတ်လိုက်ရသလို ၊ လက်မှတ် ရောင်းချမှု နှုန်းကလဲ လုံး၀ မရှိခဲ့ပါဘူး။ ဒီကြားထဲမှာ တစ်ရာသီစာ လက်မှတ် ကိုင်ဆောင်ထားတဲ့ ပရိသတ်တွေ ကို ပြန်ပြီးတော့တောင် ငွေအမ်းရသေးတာပါ။

ဒါကြောင့် ယူရို သန်း 200 ဆိုတာ ပမာဏ က အင့် နေအောင် ခံစားလိုက်ရပါတယ်။

မှန်းကြည့်ရရင် …….ဒီ ရောဂါဆိုးကြီးဟာ နောက်ထပ် 2-3 ရာသီလောက် အထိကို ဆိုးကျိုးတွေ သက်ရောက်စေမယ် ထင်ပါတယ်။ လာမယ့်ရာသီမှာ အားလုံး တည်ငြိမ်သွားလိမ့်မယ်လို့တော့ ဘယ်သူမှ တွေးမထားသင့်ပါဘူး။

ဘဏ္ဍာရေး အကျပ်အတည်းဆိုတာ နှစ်ချီပြီး ရိုတ်ခတ်မှုတွေ ရှိတာ မမေ့စေချင်ပါဘူး။ ဘောလုံး စီးပွားရေးကတော့ အမြန်ပြန်ပြီး နှိုးထလာဖို့ မျှော်လင့်မိပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

ဆက်လက်ပြီး ဥက္ကဌကြီး က သူတို့ အသင်းဟာ ဒီရာသီမှာ ဝင်ငွေ 1 ဘီလီယံ အထိ ရရှိလိမ့်မယ်လို့ မျှော်လင့်ခဲ့တဲ့ အကြောင်း ကိုလဲ အခုလို ဝန်ခံသွားခဲ့ပါတယ်။

“ ကျနော်တို့ ရဲ့ မဟာဗျူဟာ က ဒီရာသီ မှာ ယူရို 1.1 ဘီလီယံ အထိ ဝင်ငွေ ရဖို့ အတွက်ပေါ့။ အခုတော့ ဗိုင်းရပ်ကြောင့် 30% လောက် လျှော့နည်းသွားပါပြီ။

ဒီစကားကို ဘာကြောင့် ပြောရလဲ ဆိုတော့ ၊ တစ်ချို့ လူတွေက ကပ်ရောဂါဆိုးကြီးဟာ ဘာစီလိုနာ အပေါ် သိပ်ပြီး သက်ရောက်မှု မရှိဘူးလို့ ထင်နေကြလို့ပါ။ ဒါက မှားပါတယ်။ ဥရောပ ဘောလုံး ရပ်ဝန်းတစ်ခုလုံး အပေါ်ကို ထိခိုက်ခဲ့တာပါ။

ဝင်ငွေ အများဆုံး မှန်းတဲ့ ကလပ်တွေက အထိနာဆုံးပဲလို့တောင် ပြောလို့ ရပါတယ်။

ဒါပေမယ့် ဘာစီလိုနာ ရဲ့ ဘဏ္ဍာရေး က ယိုင်နဲ့ သွားပြီ ဆိုတဲ့ ပြောဆိုမှုတွေကတော့ မမှန်ပါဘူး။ ကျနော်တို့ဟာ ဆင်ပိန်ရင် ကျွဲလောက်တော့ ရှိသေးတယ် ဆိုတဲ့ အတိုင်းပါပဲ။ လက်ရှိ အကြွေးစာရင်းက သိပ်ပြိး မများသေးသလို ၊ မကြာခင်မှာ ထွက်ပေါ်လာမှာ နှစ်ချုပ် ဘဏ္ဍာရေး ရှင်းတမ်းမှာ အားလုံးကို သေချာ ချပြထားပါလိမ့်မယ်” လို့ ကတ်တလန် သတင်းစာ တစ်စောင် နဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ ပါတယ်။

Leave A Reply

Your email address will not be published.

error: Content is protected !!