Latest Breaking News & Headlines

ကာကွယ်ဆေး မရှိ ထိန်းချုပ်ဆေး မရှိသော ဗိုင်းရပ်စ် တစ်မျိုးကြောင့် မကွေး ကံမ တွင် ဝက်ကောင်ရေ ၁၀၀ ခန့် သေဆုံးနေပြန်

196

မကွေးတိုင်း ၊ ကံမမြို့ က ဝက်မွေးမြူရေးခြံ နဲ့ တပိုင် တနိုင် မွေးမြူရေး လုပ်ကိုင် သူတွေ ရဲ့ဝက်တွေ ဖျားနာပြီး အကောင်ရေ ၁၀၀ ဝန်းကျင် အထိ သေဆုံးမှု ဖြစ်ပွားနေတယ်လို့ ဒေသခံမွေးမြူရေး သမားတွေဆီက သိရပါတယ်။ အခု လို ဝက်တွေ အများအပြားသေဆုံးနေ မှုကိုလေ့လာကြည့်ခဲ့တာ ဗိုင်းရပ်စ် တစ်မျိုးကြောင့်ဖြစ်နိုင် တာတဲ့ အတွက် တခြားနေရာတွေကို မကူးစက်မပြန့်ပွားအောင် ကံမမြို့အတွင်း ဝက်တင်သွင်းခြင်း၊ သွားလာနေခြင်း ကို အစိုးရအနေနဲ့ ထိန်းချုပ်ကန့်သတ် ဖို့လိုပေးဖို့လို အပ်နေတယ် ဝက်မွေးမြူရေး လုပ်ငန်းရှင်တွေက ဆို ပါတယ်။

“ခုထိ မွေးမြူရေးသမားတွေ ကို ဘာမှ ကူညီပံ့ပိုးပေးတာ မရှိဘူး။ မြို့နယ် ကလည်း မရှိဘူး ဌာနဆိုင်ရာတွေကလည်း မရှိဘူး၊ အခု ဝက်တွေသေတာ ကို သေချာလေ့လာအစအ ဆုံးကြည့်ပြီးပြီ ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ် တယ်။ ခုလက်ရှိဖြစ်နေတဲ့ ဗိုငိးရပ်စ်ကို ထိန်းချုပ်ဖို့က အစိုးရကလုပ်ပေးမှ ရမယ် ။ ဒါကိုတခြားနေရာကို မပြန့်အောင်လုပ်ရမယ် ။ ခု ဝက်ကားတွေက ဝင်ထွက် သွားလာနေတယ်ခု ထိထိန်းချုပ်တာ ကန့်သတ်တာလုပ်မပေးဘူး။ ဘယ်လောက်ပဲအော်အော် လုပ်မပေးဘူး ။ နောက်ဆုံးသေတာ ကိုပဲ ထိုင်ကြည့်နေရတဲ့ ဘဝ ကာကွယ်ဆေးလဲ မရှိဘူး ထိန်းချုပ်ဆေးလဲ မရှိဘူး။ “လို့ ၁၀ နှစ်အထက် ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူ ကိုကျော်ထက်ပိုင်ကပြော ပါတယ်။

ကံမမြို့ အတွင်း ဝက်သေဆုံးမှု ဟာ ဇူလိုင်မှာစတင်ဖြစ်ပွားခဲ့ တာဖြစ်ပြီး ကျေးရွာ အချို့တွေ မှာလည်း ဝက်သေဆုံးမှုရှိနေေ ပမယ့် စာရင်း အတိအကျ မသိရပါဘူး၊ကံမမြို့မှာ လက်ရှိအချိန်ထိကို ဝက်များသေဆုံးမှုဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဝက်သေဆုံးနေမှု နဲ့ ပတ်သက်ပြီး ကံမမြို့နယ် တိမွေးကုဦးစီး အရာရှိ ဒေါက်တာကျော်မင်းလှိုင်က ” ဟောပြောပွဲလုပ်တာတို့ တိရိစ္ဆာန်ကျန်းမာရေးလုပ်သားတွေ ကိုတော့ ရောဂါတစ်ခုခုဖြစ်ရင်သတင်းပို့ဖို့ပြောထားတယ်။ ခုက ပြည်နယ်နဲ့တိုင်းလေးခုမှာ ဝက်အပျင်းဖျားရောဂါဖြစ်နေတယ်။အဲ့ဒီရောဂါ နဲ့ပတ်သက်ပြီးလည်းမြိုနယ်တွေ မှာမဖြစ်အောင် သတိပေး ထားတယ် လိုက်နာဖို့လည်း ဆိုင်းဘုတ်တွေ နဲ့သတိပေးထားတယ်။ခုဖြစ်နေတဲ့ ဝက်တွေမှာကအခြားရောဂါတွေနဲ့ ဆိုင်တာဖြစ်လေ့ဖြစ်ထ ရှိတယ် ။ ခုထိတော့ အကြောင်းကြားတာ မရှိသေးဘူး”လို့ ပြောပါတယ်။

လက်ရှိမှာတော့ ဝက်သေဆုံးမှုနဲ့ပတ်သက်လို့ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေက လာ ရောက်အကြောင်းကြားတာ မရှိတဲ့ အတွက် ဝက်သေဆုံးမှုဟာ ဝက်အပြင်းဖျားရောဂါ ကူးစက်ခံရပြိး သေဆုံးခြင်း ဟုတ်မဟုတ်ကိုမပြောနိုင်ကြောင်း၊ ဝက်အပြင်းဖျားရောဂါ ဟုတ်မဟုတ် ကို ဓာတ်ခွဲစစ်ဆေးမှုပြိး မှသာ အတိအကျ သိရှိနိုင်မှာဖြစ်တယ် လို့သိ ရပါတယ် ။ အာဖရိက ဝက်အပြင်းဖျားရောဂါဟာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်တွေ မှာဖြစ်ပွားမှုရှိ ထားပါတယ်။ အာဖရိကဝက်အပြင်းဖျားရောဂါဟာ လူကို လုံးဝ မကူးစက်နိုင်သော ရောဂါဖြစ်တယ် လို့သိရ ပါတယ် ။

Leave A Reply

Your email address will not be published.

error: Content is protected !!