မြောက်ကိုရီးယားက ကေဆောင် မြို့ကို လော့ဒေါင်း ချလိုက် ပါတယ်။ ကိုဗစ်ရောဂါ လက္ခဏာပြနေတဲ့လူနာကို သောကြာနေ့နေ့လည်က အဲ့ဒီမြို့မှာ တွေ့ရလို့ဖြစ်တယ်လို့ KCNA မြောက်ကိုရီးယားသတင်းဌာနက ကြေညာသွားပါတယ်။

အဲ့ဒီလူဟာ လွန်ခဲ့တဲ့ တစ်နှစ် လောက်က တောင်ကိုရီးယားကိုထွက်ပြေးသွားသူဖြစ်ပြီး ဇူလိုင်လထဲမှာ မြောက်ကိုရီးယားကို ပြန်ခိုးဝင်လာသူ ဖြစ်ပါသတဲ့။ အဲ့လောက် ဝင်လိုက်ထွက်လိုက်လုပ်လို့ လွယ်ကူသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အဲ့ဒီလူကို အသွားအလာ ထိတွေ့မှု အသေအချာကန့်သတ်ထားပြီး သူနဲ့ ပြီးခဲ့တဲ့ ငါးရက်အတွင်း ထိတွေ့ခဲ့သူတွေကိုလည်း အသေအချာစုံစမ်းစစ်ဆေးပါမယ်တဲ့။
မောက်ကိုရီးယား ခေါင်းဆောင်လေး ကင်ဂျုံအန်ကတေ့ က စနေနေ့က အရေးပေါ် ပေါ်လစ်ဗျူရိုအစညိးမှာ အမြင့်ဆုံးအရေးပေါ်တပ်လှန့်မှုလုပ်မယ်လို့ ဆိုပါတယ်။ ဘယ်လောက်ပဲတင်းတင်းကျပ်ကျပ်တားဆီးထားပေမယ့် ကိုဗစ်ဟာ နိုင်ငံထဲဝင် လာနိုင်တယ်လို့ ဆိုပါတယ်။ အခုလည်း ကေဆောင် ကို သေသေချာချာ ပိတ်ဆို့ပြီး လော့ဒေါင်း ချထားပါသတဲ့။

မတ်လတုန်းက Daily NK သတင်းဌာနက မြောက် ကိုရီးယား စစ်သား ၁၈၀ လောက်ဟာ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်းမှာ ကိုဗစ်ရောဂါ နဲ့ သေဆုံးခဲ့ပြီး ၃၇၀၀ လောက် Q ဝင်ထားရတယ်လို့ ကြေညာဖူးပါတယ်။ အဲ့ဒီမတ်လတုန်းကပဲ တောင်ကိုရီးယား Yonhap သတင်းဌာနကလည်း မြောက်ကိုရီးယား ၁၀၀၀၀ လောက် Q ဝင်ခဲ့ပြီး ၄၀၀၀ လောက်စာ ရောဂါလက္ခဏာမပြလို့ ပြန်လွှတ်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။

Workers in Pyongyang produce masks for protection against the new coronavirus. Experts say North Korea’s track record of fighting epidemics does not bode well for its handling of the coronavirus outbreak.
မြောက်ကိုရီးယားက ကိုဗစ် လူနာမရှိဘူးလို့ တချိန်လုံးအော်ခဲ့တာဖြစ်ပြီး အခုမှ ကေဆောင်မြို့ကို လော့ဒေါင်း ချထားကြောင်း ကြေညာ ခဲ့တာဖြစ်ပါတယ်။