Latest Breaking News & Headlines

မျိုးဖြုတ်မယ့် တရုတ်ရဲ့အကြံဆိုး ( သို့မဟုတ် ) အမျိုးပြုတ်မှာစိုးကြောက်စရာ ( တကယ်သာဖြစ်ခဲ့ရသန်းနဲ့ချီတဲ့ ခင်ဗျားတို့ ကျုပ်တို့ရဲ့ ပုပ်ပွနေတဲ့အလောင်းတွေ ဧရာဝတီမြစ်ကမ်းနှစ်ဖက်မှာ လနဲ့ချီပြီး ပြန့်ကြဲနေမယ်..…)

335

မြစ်ဆုံဆည်ဟာ သာမန်ဆည်တာရိုးထက် များစွာမြင့်မားတဲ့အတွက် အခန့်မသင့် ကျိုးပေါက်ခဲ့ရင်.. (တမင်တကာချိုးဖောက်လိုက်ရင်) ရေစီးကြောင်းဟာ မြစ်အတိုင်း စီးဆင်းသွားမှာမဟုတ်ပဲ.. မြစ်ကြီးနားအနီးက ဇီးကျွန်းရဲ့ရေလမ်းပိတ်ဆို့မှုနဲ့ မြစ်ကွေး အနေအထားကြောင့် မြစ်ကျိုးအင်း ဖြစ်သွားနိုင်ပါတယ်..။

ကြီးမားတဲ့ရေထုဟာ စီတာပူ/သီတာ စတဲ့ ရပ်ကွက်တွေကိုကျော်ဖြတ်ပြီး မြစ်ကြီးနားမြို့ရဲ့ခါးလယ်ကို မိနစ်ပိုင်းအတွင်းတိုက်စားသွားပါမယ်..။ မြစ်အရှေ့ဘက်ကမ်းက ဝိုင်းမော် ခတ်ချို မခန္တီး စတဲ့နေရာတွေလည်း ရေအောက်ရောက်သွားပါမယ်..။

ရေထုဟာ မိုးရာသီရေကြီးသလို တရိပ်ရိပ်မြှင့်တက်လာတာမျိုးမဟုတ်သလို ရေချည်းသက်သက်စီးလာမှာမဟုတ်ဘူး…။ ဆူနာမီကပ်ဆိုးလို အလွန်ကြီးမားတဲ့ မရဏရေလှိုင်းကြီးက ရွှံ့ဗွက်တွေ သစ်ပင်တွေ ဝါးရုံတွေကို အုံလိုက်ကျင်းလိုက် သယ်လာပြီး အရှိန်အဟုန်နဲ့ မြို့ကို ရိုက်ချသွားပါမယ်..…။

မြစ်ကြီးနားနဲ့အနီးပတ်ဝန်းကျင်တစ်ချို့ဟာ သစ်လုံး/ဝါးလုံးအကြွင်းအကျန်တွေ နုန်းမြေတွေနဲ့ဖရိုဖရဲဖုံးလွှမ်းသွားပါမယ်..။ အဲ့ဒီ ရေလှိုင်းဟာ မြစ်ကြီးနားမှာတင်ရပ်တန့်နေမှာမဟုတ်ပဲ.. ဆင်ဘို/တာလော/ကသာ/ဗန်းမော်/ သပိတ်ကျင်း/မန္တလေး/မြင်းခြံ/ပခုက္ကူ /ပုဂံ/ညောင်ဦး/ချောက်/စလေ/ရေနံချောင်း/ မင်းဘူး/မကွေး/မင်းလှ/ပြည် /ကြံခင်း/ဓနုဖြူ /ညောင်တုန်း/မင်္ဂလာဒုံ/ရန်ကုန်/မအူပင်/ဘိုကလေး/ဖျာပုံ/ဝါးခယ်မ/ပင်လယ်ဝအထိရောက်သွားပါမယ်..။

ဆူနာမီဒဏ်ကြောင့် မြန်မာ့ပင်လယ်ကမ်းရိုးတန်းမှာ ကောက်မကုန်ခဲ့တဲ့ အလောင်းတွေထက်ပိုများမယ့် သန်းနဲ့ချီတဲ့ ခင်ဗျားတို့ ကျုပ်တို့ရဲ့ ပုပ်ပွနေတဲ့အလောင်းတွေ ဧရာဝတီမြစ်ကမ်းနှစ်ဖက်မှာ လနဲ့ချီပြီး ပြန့်ကြဲနေမယ်..…။

တစ်ချို့လည်း ရွှံ့မြေအောက် ဖို့ပြီးသားဖြစ်သွားပါမယ်..…။ ဆင်းရဲသည်ဖြစ်စေ… ချမ်းသာသည်ဖြစ်စေ… ပုတီးကိုင်သည်ဖြစ်စေ… ကျမ်းစာကိုင်သည်ဖြစ်စေ… ဂီတာလွယ်သည်ဖြစ်စေ… သေနတ်လွယ်သည်ဖြစ်စေ… အားလုံး အားလုံး ကိစ္စတုံး မျိုးသုန်းသွားနိုင်တယ်..…။

တိုက်ပွဲဖြစ်ရင် ထိုးစစ်ဆင်တဲ့လမ်းကြောင်းကလူတွေ အကုန် သေချင်မှသေမယ်..…။ မြစ်ဆုံရေ ထိုးချလို့ကတော့ ကြက် ဝက် လူ ခွေး ငိုကြွေးချိန်တောင် ရလိုက်မှာမဟုတ်ပါဘူး..…။ ဒုတိယကမ္ဘာစစ်က အနုမြူဗုံးတစ်လုံးဟာ မြို့တစ်မြို့ကိုပဲကိစ္စတုံးစေတယ်..။ မြစ်ဆုံဆည်ကတော့ မြို့ပေါင်းများစွာကို တစ်ကြိမ်တည်းနဲ့ ဝစီငြိမ်းစေနိုင်တယ်..…။

သာမန်သစ်လုံးတင်တဲ့ကားကြီးဟာ သစ်အလေးချိန်(၃)တန်ပဲတင်နိုင်တယ် (၃)တန်ဟာ ရေ (၃)ကုဗမီတာနဲ့ညီမျှတယ်..။ မြစ်ဆုံမှာ သိုလှောင်မယ့်ရေဟာ ကုဗမီတာသန်းပေါင်းသိန်းနဲ့ချီတယ်..။ သစ်ကားကြီးဝင်ဆောင့်တာကို ကြောက်စရာကြီးလို့ မြင်မိရင် မြစ်ဆုံရေလုံး အန္တရာယ်အတွက် နှိုင်းစရာစကားလုံးတောင်ရှိမှာမဟုတ်ပါဘူး။

ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ၅၀၀သာရှိတဲ့ မြစ်ကြီးနားကနေ ကြမ်းတမ်းစွာစီးဆင်းတဲ့ မိုးရာသီရထေု ရစေီးအားကို သတိထားမိရင်.. မြစ်ကြီးနားရဲ့အထက် မြစ်ဆုံကုန်းမြင့်က ပေ၅၀၀လောက်ထပ်မြင့်တဲ့ ရေကာတာကြီးကနေ ဝုန်းခနဲ ပြုတ်ထွက်လာမယ့် ရေစီးအားရဲ့အန္တရာယ်ကြီးကို ခန့်မှန်းကြည့်ပေတော့..…။

သိုက်တူးတရုတ်တွေကြောင့် ကျုပ်တို့ဝိညာဉ်တွေ ပင်လယ်ဝမှာ စုပြုံရတော့မှာလား..…။ စစ်အာဏာရှင်လူတစ်စုကြောင့် ကျုပ်တို့တစ်တွေအားလုံး မြစ်ဆုံရေကာတာအောက် နေ့စဉ် သွေးရူး တန်းရူး စုန်းပူးနေရတော့မှာလား.….။

Leave A Reply

Your email address will not be published.

error: Content is protected !!