Latest Breaking News & Headlines

အွန်လိုင်း ဈေးရောင်း သူများ ကုမ္ပဏီ လိုင်စင်နှင့် ကိုယ်ပိုင် ဝက်ဘ် ဆိုက် ရှိ မှ တရားဝင် ရောင်းခွင့် ပြု မည်

69

အွန်လိုင်း အသုံးပြု ၍ ဈေးရောင်း မည့်သူ များ အနေဖြင့် ကုမ္ပဏီ လိုင်စင်နှင့် ကိုယ်ပိုင် ဝက်ဘ်ဆိုက် တစ်ခု တည်ထောင်ထား မှသာ တရားဝင် ရောင်းချခွင့် ပြုမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန မှ သိရသည်။

လက်ရှိ မြန်မာနိုင်ငံ တွင် ရောင်းချ နေသော Online Shop များမှာ Formal Marketplace/Platform များမှ ရောင်းချခြင်းထက် Social Media Facebook မှသာ ရောင်းချသော ကြောင့် ဝယ်ယူသူများ အတွက် ယုံကြည် စိတ်ချရမှု မရှိသည့် အပြင် အတုအပ၊ လိမ် လည် ရောင်းချခြင်းများရှိသောကြောင့် အွန်လိုင်း မှ ရောင်းဝယ်ဖောက် ကားခြင်းများ ကို လိုအပ်သည့် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများအတိုင်း ဆက်လက် ပြဋ္ဌာန်းနိုင်ရန် ယခုကဲ့ သို့ Voluntary e-Commerce (Online Shop) မှတ်ပုံ တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည် ။

ထို့ကြောင့် အွန်လိုင်း မှ ဈေးရောင်း ချမည့် သူများ အနေဖြင့် မိမိတို့လုပ်ငန်း ကို မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ (၂၀၁၇) အရ စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရန် မှတ်ပုံ တင်ထားရမည် ဖြစ်ပြီး တရားဝင် ဝက်ဘ်ဆိုက် တစ်ခု ရှိရမည် ဖြစ်သည်။

ထို့ပြင် မှတ်ပုံတင် ပြုလုပ်ထားသူ များ သည် ပြည်တွင်း အခြေပြု အွန်လိုင်း မှ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ရောင်းဝယ်ဖောက်ကားနေသော လုပ်ငန်း ဖြစ်ရန် လိုအပ်ပြီး အွန်လိုင်း ဂိမ်းများ၊ လောင်းကစားနှင့် သက်ဆိုင်သည့် ကိစ္စများ၊ တရားမဝင် အရောင်း အဝယ်များနှင့် ဥပဒေအရ ကန့်သတ် ထားသော ကုန်စည် များကို လုံးဝ ဆောင်ရွက်ခွင့် ပြုမည် မဟုတ်ကြောင်း သိရသည်။

Online Shop များ အတွက် မှတ်ပုံတင် သက်တမ်းသ ည် ၅ နှစ်ဖြစ်ကာ သက်တမ်း မကုန်မီ သုံးလ အလိုတွင် သက်တမ်းတိုး လျှောက်ထား ရမည် ဖြစ်ပြီး မှတ်ပုံတင်ကြေး အခမဲ့ဖြင့် အွန်လိုင်းမှ တစ်ဆင့်လျှောက် ထား နိုင်မည်ဖြစ်သည်။

မှတ်ပုံတင်ခြင်း အတွက် အသေးစိတ် အချက်အလက်များ ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဝက်ဘ်ဆိုက် တွင် ကြည့်ရှုနိုင်မည် ဖြစ်ပြီး ယင်းသို့ မှတ်ပုံ တင်ခြင်းဖြင့် ရောင်းသူ၊ ဝယ်သူကြား လုပ်ငန်းယုံကြည်မှု ပိုမိုရရှိစေမည် ဖြစ်ကာ အငြင်းပွားမှု တစ်စုံတရာ ဖြစ်ပေါ်လာပါ ကလည်း ဥပဒေကြောင်း အရ မှန်ကန်စွာ ဖြေရှင်းဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း သိရ သည်။

Leave A Reply

Your email address will not be published.

error: Content is protected !!