Latest Breaking News & Headlines

အမေရိကန် တွင် ကိုဗစ် ကူးစက်ခံရသူ (၄) သန်းကျော် လွန်လာကာ ဗိုင်းရပ်စ် ကူးစက်မှု ကြောက်မက်ဖွယ် မြင့်တက်နေ

197

အမေရိကန်မှာ COVID-19 ကူးစက်ခံ ရသူ အရေ အတွက်ဟာ ဇူလိုင် ၂၃ ရက်နေ့ မှာ ၄ သန်း ကျော်လွန်ပြီဖြစ်ကြောင်း Reuters သတင်းဌာနရဲ့စာရင်း နဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားမှုအရ သိရှိ ရပါတယ်။

အမေရိကန် ရဲ့ ပထမဆုံး COVID-19 အတည်ပြုလူနာ ကို ဇန်နဝါရီ ၂၁ ရက်နေ့မှာ စစ်ဆေးတွေ့ရှိခဲ့ရပြီးနောက် ကူးစက်မှုနှုန်း လျင်မြန်စွာ မြင့်တက်နေခဲ့ ပါတယ် ။ အမေရိကန် မှာ ၉၈ ရက် အတွင်း ကူးစက်ခံ ရသူ ၁ သန်းပြည့်သွား ခဲ့တာလည်း ဖြစ် ပါတ ယ်။ နောက်ထပ် ၄၃ ရက်အကြာ မှာတော့ ကူးစက်ခံရသူ ၂ သန်းဖြစ် လာခဲ့ကာ ဆက်လက်ပြီး နောက် ၂၇ ရက်အကြာမှာ ၃ သန်းပြည့်ခဲ့ကြောင်း သိရပါတယ်။ ထို့နောက် ၁၆ ရက်မျှအကြာမှာ ကူးစက်ခံရသူ စုစုပေါင်း ၄ သန်း ပြည့်သွား ခဲ့ပါ တယ် ။

အမေရိကန်မှာ တစ်နာရီ လျှင် ပျမ်းမျှ အားဖြင့် ကူးစက်ခံရသူ ၂,၆၀၀ ဦးနှုန်း တိုးလာခဲ့ပြီး ကမ္ဘာတစ်ဝန်းမှာ အမြင့်ဆုံးနှုန်းလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အမေရိကန် ၈၂ ဦးလျှင် အနည်းဆုံးတစ်ဦးနှုန်း COVID-19 ကူးစက်ခံရတယ်လို့ ယူဆရ ပါတယ်။ အမေရိကန် မှာ ပြည်ထောင် စု အစိုးရ၊ ပြည်နယ်အုပ်ချုပ်ရေးမှူများ နဲ့ မြို့တော်ဝန် များဟာလည်း COVID-19 ကပ်ရောဂါ ထိန်းချုပ် ကာကွယ်ရေး နဲ့ ပတ်သက်ပြီး မကြာခဏ ထိပ်တိုက်တွေ့မှုတွေ ဖြစ်နေခဲ့ပြီး mask တပ်ရန် စည်းမျဉ်း ထုတ်မှုနဲ့ စီးပွားရေးလုပ်ငန်းများ ပြန်ဖွင့်နိုင်မှုကဲ့ သို့ ကိစ္စရပ်တွေ အပေါ် သဘောကွဲလွဲခဲ့ကြပါတယ်။

လတ်တလောမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကိုယ်တိုင် COVID-19 ကူးစက် ဖြစ်ပွား မှု အခြေအနေ နဲ့ ပတ်သက်ပြီး လေသံပြောင်းသွားခဲ့ပါတယ်။ အစောပိုင်းက သမ္မတထရန့်ဟာ mask တပ်ရန် ဝန်လေးနေခဲ့ပေမဲ့ ယခုသီတင်းပတ်မှာတော့ အမေရိကန်တွေကို mask တပ်ရန် တိုက်တွန်းလိုက်ပြီး ကပ်ရောဂါ အခြေအနေ ပိုးဆိုးလာနိုင်ကြောင်းလည်း အသိအမှတ်ပြု လက်ခံလာခဲ့ပါတယ်။

အမေရိကန်ဟာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်ပြီး လက်ရှိအချိန် အထိ ကူးစက်ခံ ရသူ ၄ သန်းကျော်နဲ့ သေဆုံးသူ ၁၄၆,၀၀၀ ကျော်ရှိခဲ့ပါတယ်။ COVID-19 ကူးစက်ဖြစ်ပွားမှု ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ နှေကွေးသွား တဲ့ လက္ခဏာ မရှိသေးဘဲ အမေရိကန် နဲ့ တောင်အမေရိကမှာ ကူးစက်မှုနှုန်း အမြန်ဆုံးဖြစ်နေကြောင်း တရားဝင် အချက်အလက်တွေကို အခြေခံထားတဲ့ Reuters စာရင်းက ဖော်ပြ ပါတယ်။

အမေရိကန်ပြီး လျှင် ဘရာဇီးက ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယ အများဆုံး နိုင်ငံဖြစ်ပါတယ်။ ဘရာဇီးမှာ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၂ ရက်) က နေ့အလိုက် ကူးစက်မှု အသစ် တွေ့ရှိရမှု အများဆုံး စံချိန်သစ်တင်ခဲ့ ပါတယ်။ ဘရာဇီးမှာ လက်ရှိအချိန် အထိ ကူးစက်ခံရသူ ၂.၂ သန်းကျော် နဲ့ သေဆုံးသူ ၈၃,၀၀၀ ကျော်ရှိခဲ့ပါတယ်။

ယခုအခါ လက်တင်အမေရိကမှာ COVID-19 ကူးစက်ခံ ရသူ စုစုပေါင်း ၄ သန်းကျော်လွန်လာခဲ့ပြီလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိကန် နဲ့ ဘရာဇီးအပြင် ကူးစက်ခံရသူ သန်းနဲ့ချီ တွေ့ရှိရတဲ့ နိုင်ငံမှာ အိန္ဒိယဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁.၂ သန်းကျော် စစ်ဆေး အတည် ပြုထား ပါတယ် ။ ယခုအခါ လက်တင်အမေရိက မှာ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၄ သန်းကျော်လွန် လာခဲ့ပြီလည်း ဖြစ် ပါတယ်။

ကမ္ဘာတစ်ဝန်း မှာ အမေရိကန် နဲ့ ဘရာဇီး အပြင် ကူးစက်ခံရသူ သန်းနဲ့ချီ တွေ့ရှိရတဲ့ နိုင်ငံမှာ အိန္ဒိယဖြစ်ပြီး လက်ရှိ အချိန်အထိ ကူးစက် ခံရသူ ၁.၂ သန်းကျော် စစ်ဆေးအတည်ပြုထားပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ် အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ ရတဲ့ COVID-19 ဟာ လက်ရှိ အချိန်အထိ ကမ္ဘာတစ်ဝန်း လူဦးရေ ၁၅ သန်းကျော်ကို ကူးစက်သွားခဲ့ပြီး ၆၃၂,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ရောဂါကူးစက်ခံရပြီးနောက် ပြန်လည်သက်သာလာသူ ၉.၄ သန်းကျော် ရှိခဲ့ကြောင်းလည်း သိရ ပါတယ် ။

Leave A Reply

Your email address will not be published.

error: Content is protected !!