COVID-19 ကာကွ ယ်ဆေးများ ကို သုတေသီ များ စမ်းသပ်ရာ တွင် သိသာသည့် တိုးတက် မှုများ ရှိနေပြီး လက်တစ်ဆု ပ်စာဆေး တချို့ကလည်း စမ်းသ ပ်ကုသမှုနောက်ဆုံး အဆ င့်ရောက် နေသော် လည်း ၂၀၂၁ ခုနှစ် အစောပိုင်း အထိ ဆေးများ ကို အသုံးပြုနိုင်ရန် မမျှော်လင့် သင့်ေ ကြာင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (W.H.O) အကြီးအကဲ ဒေါက်တာ မိုက်ရိုင်ယန် က ဗုဒ္ဓဟူးနေ့ တွင် ပြောကြား လိုက် သည် ။
ကာ ကွယ်ဆေး မျှမျှ တတြ ဖန့်ဖြူး နိုင်ရန် WHO က ဆောင်ရွက်နေသော် လည်း ကမ္တာတ ဝန်းတွင် နေ့စဉ်ကူးစက်မှုစံချိန် တင်နေသဖြင့် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ဖိနှိပ်ရန် သည်လည်း သော့ချက် တစ်ခုဖြစ်ကြောင်း WHO ၏ အရေးပေါ် အစီအစဉ် အကြီး အကဲ ဒေါက်တာ မိုက်ရိုင်ယန် ကပြော သည် ။

ဆေးအများအပြားစမ်း သပ်ကုသမှု တတိယအဆင့် ရောက်နေ ကြပြီး တစ်ခု မှ ယခင် အဆင့်များတွင် မအောင်မြင်ခြင်း မရှိခဲ့ဟု လည်း ရိုင်ယန် ကပြော သည် ။
ကာကွယ်ဆေး များ စမ်းသပ်ကုသရာ တွင် အစောပိုင်း ရလဒ်များ က ရောဂါ ကာကွယ်ရေး အတွက် ကတိပြုနိုင်နေကြောင်း မစ်ချီဂန် တက္ကသိုလ် ၊ ပြည်သူ့ကျန်းမာရေးကျောင်း မှ ရောဂါဗေဒ တွဲဖက်ပါမောက္ခ အော်ဘရီ ဂေါ်ဒွန်ကပြောသည် ။ ဗိုင်းရပ်စ် ၏ မျိုးဗီဇကွင်းဆက် ၇ လအကြာတွင် အဆင့် ၃ စမ်းသပ် ကုသမှုများ စတင်ခဲ့ကြောင်း အမေရိကန် ကူးစက် ရောဂါ အသိုက်အဝန်းက အသိပေး သည်။

အကယ် ၍ ဘေးကင်း လုံခြုံမှု ရှိပြီး ဆေးစွ မ်းထက် ပါက အမေရိကန် အစိုးရက ဒေါ်လာ သန်း ၁၅၅၀ ကျော်ပေးပြီး သူတို့ ထုတ်လုပ်နေသ ည့် COVID-19 ကာကွယ်ဆေးသန်း ၁၀၀ ကျော်ကို ဝယ်ယူမည် ဟု အမေရိကန်ဆေး ကုမ္ပဏီ Pfizer နှင့် ဂျာမနီဇီဝနည်း ပညာ ကုမ္ပဏီ BioNTech တို့ကပြော သည် ။