ကြည့်ရှုသူ ငါးသန်းကျော် သွားပီဖြစ် တဲ့ ဒေါက်ဖိနပ် ဖြင့် စက်ဘီးကို လက်လွှတ်စီးပြပြီး မြန်မာအက ကို ကပြတင်ဆက် သွားတဲ့ အလှမယ် (ရုပ်/သံ)
ဒေါက်ဖိနပ်ဖြင့် စက်ဘီးကို လက်လွှတ်စီးပြပြီး မြန်မာအကကို ကပြတင်ဆက် သွားတဲ့ အကောင်းဆုံး Talent ဆုရှင် အိမ်ထောင်ရှင်အလှမယ် Mrs. Pa Pa Htay ယခုဗီဒိယိုမှာပါဝင်တဲ့ မြန်မာအမျိုးသမီးကတော့ Mrs Myanmar (Online Competition S-1) ရဲ့ အကောင်းဆုံး Talent ဆုရှင် အိမ်ထောင်ရှင် အလှမယ် Mrs. ပပဌေး ပါသူမက အဆိုပါပြိုင်ပွဲမှာ ဒေါက်ဖိနပ်ဖြင့် စက်ဘီးကို လက်လွှတ်စီးပြပြီး မြန်မာအကကို ကျွမ်းကျင်စွာ ကပြတင်ဆက် သွားပါတယ်။

ကိုယ်တွေဆို ကပြပီး စက်ဘီးစီးဖို့ရာမဆိုနဲ့ ရိုးရိုးလက်နှစ်ဖက်လွှတ်ပီးကို မစီးနိုင်ပါဘူးနော်။သူမ ဘာ့ကြောင့် Skill ကောင်းလဲဆိုတော့ မပပဌေးက ငယ်စဉ်ကတည်းက စက်ဘီးကို ကျွမ်းကျွမ်းကျင်ကျင် စီးတတ်သလို မြန်မာ့ယဉ်ကျေးမှု အကကိုလည်း အလွန်ပင် ဝါသနာပါသူ တစ်ယောက်ဖြစ်ပါတယ်တဲ့။ပရိတ်သတ်ကြီးရော မပပဌေးက အကောင်းဆုံးစွမ်းရည်တင်ဆက်မှု ဆုကိုဆွတ်ခူးရရှိသွားတာ တကယ်ကိုထိုက်တန်တယ်လို့မြင်လား၊ မြင်တယ်ဆို ကောမန့်မှာ Congratulations လုပ်သွားကြပါအုံးနော်။ ကြည့်ရှုသဘောကျနှစ်သက်တယ်ဆို Like and Share လေးလုပ်သွားပါအုံးနော်…


Mrs Myanmar (Online Competition) ပြိုင်ပွဲကြီးကို ဘယ်ကိုမှ ခရီးသွားစရာမလိုတော့ဘဲ အိမ်မှာနေရင်း ဖုန်းလေး တစ်လုံးရှိရုံနဲ့ ပြိုင်ပွဲကြီးမှာ မိမိတို့ အရည်အချင်းတွေကို ထုတ်ဖော်ပြသပီး ပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့အခမ်းနားဆုံး Mrs. Myanmar ပြိုင်ပွဲကြီးကို Online ပေါ်ကနေပဲ ပါဝင်ယှဉ်ပြိုင်သွားရမှာပါ။ အဆိုပါပြိုင်ပွဲတွင်အသက်အရွယ်မရွေးပါဝင်နိုင်ပြီး အသက် အပိုင်းအခြားအလိုက် Winner သရဖူဆုကြီးတွေ ချီးမြှင့်ပေးမှာဖြစ်လို့ အရွယ်(၃)ပါးလုံး အရည်အချင်း ပြည့်ဝသူတိုင်း သရဖူဆွတ်ခူးခွင့်ရရှိမှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်ခွင့်အတွက် အသက် အရွယ် သတ်မှတ် ထားခြင်း၊ အရပ်၊ကိုယ်အတိုင်းအတာ အလေးချိန်၊ ပညာအရည်အချင်း ကန့်သတ် ထားခြင်း မရှိပါကြောင်းသိရသည်။ ရေကူးဝတ်စုံ Swimsuit ဖြင့် ဝတ်ဆင်ယှဉ်ပြိုင်ရန်လည်း မလိုအပ်ပေ။ သားသမီး ရှိသူဖြစ်စေ ၊ မရှိသူဖြစ်စေ ပြိုင်ပွဲဝင်နိုင်ပါတယ်။ အပျိုကြီး မမ တီတီ များလည်း ပြိုင်ပွဲဝင်နိုင် ပါတယ် (အပျိုကြီးတွေအတွက် Ms Myanmar Winner ဆုကြီးတွေ ပေးအပ်သွားမှာပါ)ကျက်သရေမင်္ဂလာနှင့် လှပတင့် တယ်ပြီး ထက်မြက်သည့် မြန်မာအမျိုးသမီးတိုင်း Mrs. Myanmar ရွေးချယ်ပွဲ ကြီးတွင် ပါဝင်ဆင်နွှဲနိုင် ကြပါတယ်။