Latest Breaking News & Headlines

ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး သီတင်းသုံး နေထိုင်ရန် ကျောင်းဆောင်သစ် အတွက် ဦးဇော်ဇော် က ငွေကျပ်သိန်း (၅၀၀၀) လှူဒါန်း

51

ပါ‌မောက္ခချုပ် ဆရာတော် ဘုရားကြီး ဒေါက်တာ နန္ဒာမာလာဘိဝံသ ရန်ကုန်မြို့ တွင် သီတင်းသုံး နေထိုင်ရန် ကျောင်းဆောင်သစ်နှင့် မြေနေရာအတွက် ငွေကျပ်သိန်း(၅၀၀၀)ကို အသက်(၉၃) နှစ်အရွယ်မိခင်၏ လှူချင်သည့်ဆန္ဒကို ပါရမီဖြည့် လှူဒါန်းခဲ့ပြီး ပန္နက်တင် မင်္ဂလာ အခမ်းအနား ပြုလုပ်ပေး ခဲ့ကြောင်း၊

ဆရာတော်ကြီး၏ စံကျောင်းတော် အတွက် ဝိုင်းဝန်း လှူဒါန်းပေးခဲ့ကြသည့် အခြားအလှူရှင် အားလုံးကိုလည်း သာဓုအကြိမ်ကြိမ် ခေါ်ဆိုအပ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ထားသည်။

Leave A Reply

Your email address will not be published.

error: Content is protected !!