Latest Breaking News & Headlines

ဗိုင်းရပ်စ် ကင်းစင်ပြီး( ၁၄၉ ) ရက်အကြာမှာ ကိုဗစ်ပြန်တွေ့လို့ တရုတ်နိုင်ငံ URUMQI မြို့တော် ကို အားချင်း လော့ဒေါင်း (LOCKDOWN) ချ၊ အလုအယက်စျေးဝယ်မှု များဖြစ်ပေါ်(ရုပ်သံ)

80

တရုတ်ပြည် အနောက်ပိုင်း Xinjiang ပြည်နယ် ရဲ့ မြို့တော် Urumqi ကို မပြောမဆို နဲ့ အသွားအလာ ကန့်သတ်မှုတွေ လုပ်ချ လိုက် ပါတယ် ။

ရက် ပေါင်း ၁၄၉ ရက် ကိုဗစ် ကင်းစင်နေခဲ့ပြီး မှ ကိုဗစ် လူနာခြောက်ယောက် နဲ့ ရောဂါပိုးတွေ့ပြီး ရောဂါလက္ခဏာ မပြတဲ့ လူနာပေါင်း ၁၁ ယောက်တွေ့ခဲ့ လို့ ဖြစ်ပါတယ်။ လူပေါင်း ၃.၅ သန်းနေ တဲ့ အဲ့ဒီမြို့ ရဲ့ ရထားလိုင်း ကို ကြာ သပတေးနေ့ညနေ က ပိတ်ချ လိုက် ပါတယ် ။ လေဆိပ်ခရီးသည် အဝင် အထွက်လည်း ကန့်သတ် လိုက်ပါတယ် ။ လူတွေကတော့ ထုံးစံ အတိုင်း panic buying ( ပစ္စည်းတွေ အလုအယက် ပြေးဝယ်ကြ တယ် )။

Xinjiang ပြည်နယ် ကွန်မြူနစ် ပါတီကော်မတီက ယနေ့သောကြာနေ့ မှာ ပြောတာကတော့.. ကူးစက်နိုင်တဲ့လမ်းကြောင်းအားလုံးကို ဖြတ်တောက်ပစ်မယ်။ ဆေးရုံတွေရှိ fever clinic တွေမှာ အသေအချာစစ်ဆေးမယ်။ လူစုလူဝေး ကို လူထု အကြား ကျေးရွာတွေ အထိ အသေအချာ ပိုပြီးထိန်းချုပ်ပါမယ်တဲ့။

Xinjiang ပြည်နယ်မှာ ကိုဗစ် အကြီး အကျယ်စဖြစ်နေပြီလို့ သံသယစရှိတာက စီးပွားရေးသမားတစ်ယောက်က Urumqi မြို့ကနေ Zhejiang မြို့ကို ရောက်နေပါတယ်။ သူ့ကို Xinjiang ကူးစက်ရောဂါ ထိန်းချုပ်ရေး ဌာန က Test လုပ်ဖို့ ဖုံးဆက်ပြောလာကနေ လူတွေ သံသယစ ဝင်လာတာ ဖြစ် ပါတယ် ။ သူ့ကို Test လုပ်တော့ တိတ်တဆိတ်ရောဂါသယ်ဆောင်သူ ဖြစ်နေ ပါတယ် ။

Xinjiang ကျန်းမာရေးကောင်စီ က ကြာသပတေးနေ့ နေ့လည်မှာ ကြေညာရာမှာ ပြီးခဲ့တဲ့အပတ်သောကြာနေ့က အသက် ၂၄ နှစ်ရှိ လက်လီဆိုင်အရောင်းစာရေး အမျိုးသမီးမှာ လည်ချောင်းနာလာ လို့ ဆေးရုံပို့ရာက Covid-19 Case ဖြစ်နေတာတွေ့ရတယ်တဲ့။ ဆိုင်မှာစျေးရောင်းသူဖြစ်နေတော့ ကူးစက်ပြန့်ပွားမှုများသွားနိုင်ပါတယ်။ သူမနဲ့အနီးကပ်နေသူ သုံးယောက် မှာလည်း ပိုးတွေ့ ပါတယ်။ လက္ခဏာတော့ မပြပါဘူး။

အဲ့ဒီကနေ Xinjiang ပြည်နယ် မှာ ရောဂါလက္ခဏာပြသူ ၅ ယောက်နဲ့ တိတ်တဆိတ်ကူးစက်သူ ၈ ယောက်ထပ်တွေ့ပါတယ်။ အခုလို ရုတ်တရက် lockdown ချလိုက်တာက လူတွေစျေး လုဝယ်ကြ၊ ခရီးသွားတွေ ဘူတာမှာ အများကြီးပိတ်မိနေတာတွေ ဖြစ်စေ ခဲ့ပါတယ် ။

ဒီ Xinjiang ကိစ္စဟာ သင်ခန်းစာယူရမယ့် ကိစ္စဖြစ် ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ တရုတ်ပြည် Xinjiang နဲ့ ကပ်နေတဲ့ ကာဇက်စတန် နိုင်ငံ မှာ Covid-19 ရော အမည်မသိ နမိုးနီးယားရော ဖြစ်နေတယ် လို့ သတင်းထွက်နေခဲ့ တာပါ။

အခုအထိ ကာဇက်စတန်နိုင်ငံ မှာ Covid လူနာ 66895 ယောက်ရှိနေ ပါပြီ။ အိမ်နီးချင်းနိုင်ငံ မှာ Covid အကြီးအကျယ်ဖြစ်နေချိန် မှာ တရုတ်ပြည် Xinjiang ပြည်နယ်အတွက် စိုးရိမ်ခဲ့ကြ ပါတယ် ။ အခုတော့ အားလုံး စိုးရိမ်သလို Xinjiang မှာ Covid ပြန်စနေပါပြီ ။ “Covid-19 အတွက် သတိဆိုတာ ပိုတယ်လို့မရှိပါ။”

ရုပ်သံသတင်းကြည့်ရန်

Richard Myo Thant (17-July-2020)

https://www.facebook.com/richard.myothant

Leave A Reply

Your email address will not be published.

error: Content is protected !!