Latest Breaking News & Headlines

အန္တရာယ်ရှိမှန်း သိပေမယ့် သားသမီးတွေရဲ့ ဆန္ဒကို မပိတ်ပင်ဘဲ လိုက်လျောပေးကြလို့ အရမ်းလေးစား ဖို့ကောင်းတဲ့ မိဘတွေ ရဲ့ ပုံရိပ်တချို့

225

ဖေဖော်ဝါရီလ(၁)ရက်နေ့ကစတင်ပြီး ဖြစ်ပေါ်လာတဲ့လက်ရှိအခြေအနေကတော့ ဒီနေ့ အပါအဝင် ရက်ပေါင်း(၈၄)ရက် ကြာမြင့်သွားပြီ ဖြစ်ပါတယ်။ ပြည်သူလူထုကလည်း နေ့မနား၊ညမနား ဆန္ဒထုတ်ဖော်လာခဲ့ကြတာ ယခုအချိန်အထိပဲဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေမှာ ဆိုရင် လူငယ်တွေက မိမိတို့ရဲ့အသက်ကို တောင်စွန့်လွှတ်ရဲတဲ့စိတ်ဓာတ်နဲ့ ရှေ့ဆုံးကနေ အားကြိုးမာန်တက်ပါဝင်နေကြတာဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် Gen X,Y,Z တွေက မိမိတို့လုပ်ဆောင်နိုင်တဲ့နေရာကနေ တာဝန်ကျေပွန်စွာ ထမ်းရွက်နေကြတာပဲဖြစ်ပါတယ်။

အခုချိန်မှာဆိုရင် တချို့လူငယ်တွေရဲ့ မိဘတွေကလည်း သားသမီးတွေ ရဲ့ဆန္ဒကို ဖြည့်ဆည့်ပေးပြီး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခိုင်းခဲ့တာဖြစ်ပါတယ်။မိဘတွေကတော့ ဘာနဲ့မှအစားထိုးလို့မရနိုင်တဲ့ မိမိတို့ရဲ့သားသမီးလေးတွေကို အန္တရာယ်ရှိမှန်းသိတာတောင် ကြည်ကြည်ဖြူဖြူနဲ့လမ်းပေါ်လွှတ်ပေးကြတာဖြစ်ပါတယ်။လိုအပ်တဲ့ ပစ္စည်းလေးတွေနဲ့ အစားအသောက်တချို့ကိုလည်း ကလေးတွေရဲ့အိတ်ထဲသေချာထည့်ပေးလိုက်ကြသေးတာဖြစ်ပါတယ်။သားသမီးတွေက အိမ်ကမထွက်ခင်မှာ မိဘကို လက်ဆယ်ဖြာထိပ်မှာမိုးပြီး ရှိခိုးကန်တော့ခဲ့ကြတာဖြစ်ပါတယ်။

အခုလိုအချိန်မျိုးမှာ ပြည်သူတိုင်းနီးပါးက အရာရာကို ပေးဆပ်ရဲပြီး မိမိတို့ရဲ့ အနာဂတ်အတွက် ရင်ဆိုင်နေကြတာဖြစ်ပါတယ်။ရဲစွမ်းသတ္တိအပြည့်ရှိကြတဲ့ သားသမီးတွေကို မိဘတွေကိုယ်တိုင်က တစ်ထောင့်တစ်နေရာကနေ ကူညီဖေးမပေးကြတာဖြစ်ပါတယ်။အခုလိုမျိုး သားသမီးတွေရဲ့ဆန္ဒကို မပိတ်ပင်ဘဲ တတ်နိုင်သလောက် လိုက်လျောကြတဲ့ မိဘတွေရဲ့ စိတ်ဓာတ်ကိုလေးစားရင်း နောက်တစ်ချိန်မှာ အမှတ်တရဖြစ်နေမယ့် ပုံရိပ်တချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploader

Leave A Reply

Your email address will not be published.

error: Content is protected !!