အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ခုနစ်သန်းကျော် ရှိလာ…
အိန္ဒိယနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက် စုစုပေါင်းမှာ အောက်တိုဘာ ၁၁ ရက်တွင် ခုနစ်သန်းကျော်သွားခဲ့ပြီး ကမ္ဘာပေါ်တွင် ဗိုင်းရပ်စ်ကူးစက်မှု နှုန်းအမြင့်ဆုံးဖြစ်နေသော အမေရိကန်နိုင်ငံ ရှိ ကူးစက်သူအရေအတွက်ကို ကျော်တက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

အောက်တိုဘာ ၁၁ ရက် တစ်နေ့တည်းအတွင်း အိန္ဒိယ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၅,၀၀၀ နီးပါး ရှိခဲ့ခြင်းကြောင့် နိုင်ငံအတွင်း ရောဂါပိုးကူးစက်ခံရသူစုစုပေါင်း ၇.၀၅ သန်း အထိရှိလာခဲ့ကာ ကူးစက်သူစုစုပေါင်း ၇.၆၇ သန်းရှိနေသည့် အမေရိကန်ပြီးပါက အိန္ဒိယသည် ကမ္ဘာပေါ်တွင် ဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံး ဒုတိယမြောက်နိုင်ငံအဖြစ် ရပ်တည်နေသည်။
အောက်တိုဘာ ၁၁ ရက်အထိ အိန္ဒိယတွင် ကပ်ရောဂါကြောင့် သေဆုံးသူစုစု ပေါင်း ၁၀၈,၃၃၄ ဦး ရှိသည်။ အမေရိကန်တွင် ကပ်ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂၁၄,၀၀၀ ရှိပြီး ဘရာဇီးတွင် သေဆုံးသူ ၁၅၀,၀၀၀ နီးပါး ရှိသည်။
အိန္ဒိယတွင် ဗိုင်းရပ်စ်ကူးစက်သူအရေ အတွက် တစ်ရှိန်ထိုးမြင့်တက်နေသော်လည်း သေဆုံးသူအရေအတွက်တွင်မူ အမေရိကန် ထက်များစွာနည်းပါးနေရခြင်းမှာ အိန္ဒိယ၌ လူငယ်လူရွယ် များပြားခြင်း၊ အခြားသော ရောဂါများကြောင့် ခံနိုင်ရည်ရှိလာခြင်းနှင့် သေဆုံးသူအရေအတွက်ကို လျှော့ချထုတ် ပြန်ခြင်းတို့ကြောင်း ဖြစ်နိုင်ဖွယ်ရှိသည်။
လူ ၁.၃ ဘီလျံနေထိုင်ရာ အိန္ဒိယတွင် ရောဂါပိုးစမ်းသပ်စစ်ဆေးမှုနှုန်းသည် အခြားသောနိုင်ငံများထက် များစွာနည်းပါးနေခြင်း ကြောင့် နိုင်ငံတွင်းရှိ ရောဂါပိုးကူးစက်ခံရသူ အရေအတွက်အမှန်မှာ တရားဝင်ထုတ်ပြန် ထားသည့်အရေအတွက်ထက် ပိုမိုများပြား နေနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်ပညာရှင် များက ခန့်မှန်းထားသည်။
အိန္ဒိယပြည်သူများ ဗိုင်းရပ်စ်ကူးစက်ခံ ထားရခြင်းရှိ၊ မရှိ စစ်ဆေးရန် ပဋိပစ္စည်းစစ် ဆေးမှုအများအပြား လုပ်ဆောင်ခဲ့ခြင်းမှ အဆိုပါခန့်မှန်းချက် ထွက်ရှိလာခဲ့ခြင်းဖြစ် သည်။
ကူးစက်မှုနှုန်းမြင့်တက်နေသော်လည်း မတ်လတွင် Lockdown ချခဲ့မှုကြောင့် အထိနာခဲ့သော နိုင်ငံ့စီးပွားရေးကို ပြန်လည်နာ လန်ထစေရန်အတွက် အိန္ဒိယအစိုးရအဖွဲ့က ပိတ်ပင်ကန့်သတ်ချက်များကို ဆက်လက် ရုပ်သိမ်းနေသည်။
ရုပ်ရှင်ရုံများကို အောက်တိုဘာ ၁၅ ရက်မှစတင်၍ ပြန်လည်ဖွင့်လှစ်ခွင့်ပြုတော့မည်ဖြစ်ပြီး မကြာမီ ရောက်ရှိလာတော့မည့် ဘာသာရေးပွဲတော်ကာလတွင် လူအများအပြား ပါဝင်ဆင်နွှဲကြခြင်းက ရောဂါပိုး ကူးစက်မှု အခြေအနေအား ပိုမိုဆိုးရွားစေလိမ့်မည်ကို ပါရဂူများက စိုးရိမ်နေကြသည်။
ကနဦးတွင် မွမ်ဘိုင်း၊ နယူးဒေလီစသည့် မြို့ကြီးများ၌ ဗိုင်းရပ်စ်ကူးစက်မှု ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့သော်လည်း နောက်ပိုင်းတွင် ဝေးလံသောဒေသများဖြစ်သည့် အန်ဒါမန် နှင့် နီကိုဘားကျွန်းစုနယ်မြေအပါအဝင် အ စွန်အဖျားကျသော နယ်မြေဒေသအများ စုတွင် ရောဂါပိုးကူးစက်ပျံ့နှံ့မှုများ ဖြစ်ပွား လာခဲ့သည်။ ယခင်က အိန္ဒိယ၌ တစ်နေ့ တည်းအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ၁၀၀,၀၀၀ နီးပါး ရှိခဲ့ရာမှ စက်တင် ဘာလလယ်တွင် နေ့အလိုက် ဗိုင်းရပ်စ် ကူး စက်သူအရေအတွက်မှာ ၆၀,၀၀၀ မှ ၇၀,၀၀၀ ဝန်းကျင်သို့ ကျဆင်းခဲ့သည်။
အိန္ဒိယနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီဟု ယူဆရန် မှာ စောလွန်းကြောင်း၊ ရောဂါပိုးကူးစက်ခံ ရသူ အရေအတွက် ကျဆင်းလာခြင်းမှာ မှန် ကန်ပြီး ယင်းသို့ ကျဆင်းမှုများသည် ရောဂါ ပိုးစစ်ဆေး မှု၊ စစ်ဆေးမှုပုံစံ၊ အကျိုးထိရောက် မှုရှိစေရန် လုပ်ဆောင်ခြင်းစသောအချက် များစွာအပေါ် မူတည်ကြောင်း အိန္ဒိယပြည်သူ့ကျန်းမာရေးအဖွဲ့အစည်းမှ ဆရာဝန်ပရီ တီကူးမားက ပြောကြားခဲ့သည်။
အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….
Its like you read my mind! You appear to know a lot about this, like you wrote the book in it or something. I think that you can do with some pics to drive the message home a bit, but instead of that, this is excellent blog. A fantastic read. I will certainly be back. Gui Hobard Foote