အပြုံးချိုချိုလေးတွေနဲ့ ပိုစ့်ပေးဓါတ်ဖမ်းနေတဲ့ ပန်းရောင်ခြယ်…
ချစ်ရတဲ့ ပရိသတ်ကြီးရေ… နိုင်ငံကျော် အဆိုတော်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဂရေဟမ်ကတော့ ချစ်စရာကောင်းတဲ့ သမီးချောလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ဖခင်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆယ်စုနှစ်တစ်ခုကြာ ရပ်တည်လုပ်ကိုင်နေတဲ့ ဂရေဟမ်က အောင်မြင်မှုတွေကိုလည်း တစ်ခဲနက်ရရှိပိုင်ဆိုင်ထားသူပါ…


ဂရေဟမ်က သူရဲ့ သမီးလေးနှစ်ယောက်ကိုလည်း အနုပညာလမ်းကြောင်းထက်မှာ ရပ်တည်စေပြီး အောင်မြင်မှုများရရှိအောင် ကူညီထောက်ပံ့ပေးနေတာကိုလည်း တွေ့ရပါတယ် ။သူရဲ့ သမီးကြီးဖြစ်တဲ့ ပန်းရောင်ခြယ်ကလည်း ဖခင်ရဲ့ အနုပညာအမွေကို ထိုက်ထိုက်တန်တန်ရရှိထားပြီး သာယာချိုမြတဲ့ အသံလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်…


အဆိုပိုင်းမှာသာမကပဲ သရုပ်ဆောင်ပိုင်းမှာလည်း ပီပြင်လွန်းတဲ့ ပန်းရောင်က ရုပ်သံဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်…


ယနေ့မှာတော့ ပန်းရောင်က ပုရိသပရိသတ်တွေ ရင်ခုန်သွားရလောက်အောင် အပြုံးချိုချိုလေးတွေနဲ့ ရိုက်ကူးထားတဲ့ ပုံလေးတွေကို တင်ပေးလာရင် ” ပျော်စရာ အပြည်ပြည်ဆိုင်ရာ မိန်းကလေးများနေ့ပါ ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာကြောင့် ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်….. ။


အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….
Source:Pan Yaung Chel