လမ်းဘေး မှာ ထင်တိုင်းကျဲ နေတဲ့ စုံတွဲ ကို အမြင်မတော်တဲ့ အဖွားအိုက တုတ်နဲ့ဝင်ရိုက်
ပတ်ဝန်းကျင်ကို ဂရုမစိုက်၊ လမ်းဘေးမှာ ထင်တိုင်း ကျဲနေတဲ့ စုံတွဲကို အမြင်မတော်တဲ့အဖွားအိုကတုတ်နဲ့ဝင်ရိုက်ရုရှားနိုင်ငံ၊ အနောက် တောင်ပိုင်း Stavropol မြို့က လမ်းဘေးတစ်နေရာမှာ စုံတွဲတစ်တွဲဟာ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ထင်တိုင်းကျဲနေပါတယ်။ ဒါကို အဖွားအိုတစ်ယောက်က မြင်သွားပြီးနောက် အဲဒီစုံတွဲကို တုတ်နဲ့ဝင်ရိုက်ပြီး ဆုံးမခဲ့ ပါတယ်။
အဖွားရဲ့ အမည်ကတော့ အီရီနာလို့ သိရပါတယ်။ ဒေသခံတွေဟာ အဖွား အီရီနာကို ချစ်ကြောက်ရိုသေကြပြီး၊ အဖွားဟာ စိတ်မြန်လက်မြန်နဲ့ ဆုံးမပြုပြင်တတ်လွန်းလို့ နာမည်အလွန်ကြီးသူ ဖြစ်ပါတယ်။ စုံတွဲကလည်း သူတို့အရှိန်နဲ့သူတို့ ကဲနေတာဖြစ်ပြီး၊ နှစ်ယောက် စလုံး အဝတ်တွေ ကျွတ်လုခမန်း ဖြစ်နေပါတယ်။

အဖွား အီရီနာကတော့ အပေါ် ကနေ အလုပ်ရှုပ်နေတဲ့ အမျိုးသားကို တုတ်နဲ့ အားရပါးရ ရိုက်နှက်ခဲ့သလို၊ ဒါကိုတောင် အမျိုးသားက အမျိုးသမီးပေါ်ကနေ မဆင်းချင်ဆင်းချင်နဲ့ ဆင်းခဲ့ရတာပါ။ အဖွားအိုက အမျိုးသားကို ရိုက်ပြီးနောက် မြေပြင်မှာ လှဲနေတဲ့ အမျိုးသမီး ကိုပါ ဆက်ပြီးရိုက်ခဲ့ပါတယ်။

အဲဒီနောက် ပါးစပ်ကနေ ဆဲဆိုရင်း နှစ်ယောက် စလုံးကို ဆက်ပြီး ရိုက်နှက်နေခဲ့တာပါ။ ဒီအဖြစ်အပျက်ကို အနီးအနားတိုက်ခန်းနေ ရိုက်ယူခဲ့တာဖြစ်ပါတယ်။ ရိုက်ချက်က အနည်းငယ် ပြင်းထန်တဲ့အတွက် အမျိုးသားရဲ့ အော်သံကိုပါ ကြားလိုက်ရပါတယ်။
ဒီဗွီဒီယိုနဲ့ ပတ်သက်ပြီး မိသားစု စိတ်ကျန်းမာရေး ဆရာဝန်တစ်ဦးဖြစ်တဲ့ Natalya Panfilova က ” အဖွား ရဲ့ လုပ်ရပ်က ရှင်းပါတယ် … ပတ်ဝန်းကျင် ဆိုတာ လူတိုင်း လေးစားရမယ့် အရာပါ … ဒါကြောင့် တွေ့ကရာ တုတ်ဆွဲပြီး ဒီစုံတွဲကို ကလေးတွေ ရိုက်သလို ရိုက်ခဲ့တာပါ “လို့ ပြောခဲ့ပါတယ်။
လင်းဇော်ကို (D Nae Khit)