Latest Breaking News & Headlines

အပြောနဲ့အလုပ်မညီတဲ့အပြင် မိန်းကလေးအချင်းချင်းပါ BODY SHAMING လုပ်တဲ့ အမျိုးသမီးအကြောင်းကို ချပြလာတဲ့ စံရတီမိုးမြင့်

135

မင်းသမီးချောလေး စံရတီမိုးမြင့်ကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး ယနေ့ထက်တိုင် အောင်မြင်မှုရရှိနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

စံရတီမိုးမြင့်က အသက်အရွယ်ကြီးလာတာနဲ့အမျှ အလှတွေတိုးလာခဲ့ပြီး ပုရိသတွေရဲ့ အသည်းနှလုံးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

ဒီနေ့မှာတော့ စံရတီမိုးမြင့်က မိန်းကလေးအချင်းချင်း Body Shaming လုပ်တဲ့ အမျိုးသမီးတစ်ယောက် အကြောင်းကို အခုလိုပဲပြောလာပါတယ်။

“တစ်ခါတစ်လေတင်ပေးရမယ်။ မန့်ဖျက်လိုက်တဲ့ ညီမရေ.. သူများပြောချင်ရင် ကိုယ်တိုင် perfect ဖြစ်အောင်နေပါ။ share ထားတာနဲ့သူများကိုပြောတာ ရှက်တတ်ရင်လဲသေလို့ရတယ်။ ကျန်တဲ့သူတွေလဲရှိပါသေးတယ်။

ဒါရှက်စရာဆိုတာသိအောင်ပါညီမရေ။ Attention မပေးချင်ပေမယ့် ညီမ shareထားတဲ့ဟာကြောင့် အံ့ဩစွာနဲ့ပဲ ပေးလိုက်ပါတယ်။” ဆိုပြီး သူမရဲ့ ဓာတ်ပုံအောက်မှာ မန့်ထားပြီး အပြောနဲ့အလုပ်မညီသူအကြောင်း ချပြလာတာ ဖြစ်ပါတယ်။

စံရတီမိုးမြင့်ကတော့ တော်ရုံသိပ်ပြောလေ့မရှိသူတစ်ယောက်ဖြစ်ပေမယ့် အပြောတခြား အလုပ်တခြား ဖြစ်နေသူကြောင့် အံ့သြနေရတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source San Yati Moe Myint’s fb
Bilie Cele Connections

Leave A Reply

Your email address will not be published.

error: Content is protected !!