Latest Breaking News & Headlines

အမေရိကန် ဒုသမ္မတလောင်း ၂ ဦး ရွေးကောက်ပွဲအကြို စကားစစ်ထိုး…

224

လာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဒု-သမ္မတလောင်းတွေအဖြစ် ယှဉ်ပြိုင်ကြမယ့် လက်ရှိအမေရိကန် ဒု-သမ္မတ Mike Pence နဲ့ ဒီမိုကရက်တစ်ပါတီက ကယ်လီဖိုးနီးယားပြည်နယ်အထက်လွှတ်တော်အမတ် Kamala Harris တို့ Utah ပြည်နယ်မှာ မနေ့ညက စကားစစ်ထိုးခဲ့ကြပါတယ်။ ဒီစကားစစ်ထိုးပွဲအတွင်း အမေရိကန်မှာ COVID-19 ကပ်ရောဂါကြောင့် လူ ၂၁၀,၀၀၀ ကျော် သေဆုံးခဲ့တာဟာ သမ္မတ Donald Trump အစိုးရရဲ့ အကြီးမားဆုံး ရှုံးနိမ့်မှုဖြစ်တယ်လို့ ဒီမိုကရက်တစ်ပါတီသမ္မတလောင်း Harris က ဝေဖန်ထိုးနှက်လိုက်ပါတယ်။

“အမေရိကန်နိုင်ငံရဲ့ သမိုင်းတလျှောက် အစိုးရအဆက်အဆက်မှာ ဒါက အကြီးမားဆုံးရှုံးနိမ့်မှုဖြစ်တယ်ဆိုတာကို အမေရိကန်ပြည်သူတွေ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်။” လို့ အထက်လွှတ်တော်အမတ် Harris က ပြောလိုက်ပါတယ်။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ ထောက်ခံမှုမပါဘဲ သမ္မတထရမ့်က ကိုဗစ်ကာကွယ်ဆေးကို ထိုးဖို့ ပြောရုံနဲ့တော့ သူ့အနေနဲ့ မထိုးနိုင်ဘူးလို့လည်း ဒီမိုကရက် ဒုသမ္မတလောင်းက ပြောခဲ့ပါတယ်။

ဒု-သမ္မတ Pence ကတော့ COVID-19 ကပ်ရောဂါနဲ့ပတ်သက်ပြီး သမ္မတထရမ့် အစိုးရရဲ့ကိုင်တွယ်ပုံတွေကို ကာကွယ်ပြောဆိုခဲ့တာပါ။ သူတို့ အစိုးရတာဝန်ထမ်းဆောင်တဲ့ ပထမနေ့ကစပြီး အမေရိကန်ပြည်သူတွေရဲ့ ကျန်းမာရေးကို ပထမဆုံးဦးစားပေး ဆောင်ရွက်ခဲ့တယ် ဆိုတာ အမေရိကန်ပြည်သူတွေကို သိစေချင်ကြောင်းပြောကြားလိုက်ပြီး အထက်လွှတ်တော်အမတ် Harris ကိုလည်း ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ဝေဖန်လိုက်ပါတယ်။

“လူတွေရဲ့ အသက်တွေနဲ့ရင်းပြီး နိုင်ငံရေးကစားတာတွေ ရပ်တန့်ဖို့ ကျနော်အနေနဲ့ အထက်လွှတ်တော်အမတ်ကို တောင်းဆိုပါတယ်။” လို့ ဒုသမ္မတ Mike Pence က ပြောသွားတာပါ။ စကားစစ်ထိုးပွဲအတွင်း နှစ်ဘက်အပြန်အလှန် ထိုးနှက်ပြောဆိုခဲ့ကြပေမဲ့လည်း ပြီးခဲ့တဲ့ တပတ်က သမ္မတထရမ့် နဲ့ ဒီမိုကရက်ပါတီသမ္မတလောင်း ဂျိုးဘိုင်ဒန်တို့ရဲ့ စကားစစ်ထိုးပွဲထက်တော့ တဘက်နဲ့ တဘက်ပိုပြီး ယဉ်ယဉ်ကျေးကျေးလေးလေးစားစား ရှိခဲ့ကြပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!