Latest Breaking News & Headlines

လက်ခစားဝန်ထမ်းများ ၂ပတ်ကြာ အလုပ်မသွားဖို့ ရန်ကုန်တိုင်းအစိုးရ ထုတ်ပြန်…

439

မြန်မာနိုင်ငံမှာ COVID-19ရောဂါ ကူးစက်မှုများ ထိန်းချုပ်ဖို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်တဲ့ လက်ခ စားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံတွေမှာ တာဝန်ထမ်း ဆောင်သူတွေကို အောက်တိုဘာလ ၂၁ ရက်နေ့အထိ လုပ်ငန်းခွင် မဝင်ကြဖို့ ရက် တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ ကူးစက်ခံရသူတွေ ပိုများလာတာနဲ့ ရောဂါကူးစက်ခံထားရပြီး ရောဂါ လက္ခဏာ မပြဘဲ ပုံမှန် သွားလာနေကြသူတွေ ရှိနေတဲ့အတွက် ထိန်းချုပ်မှုတွေ ဆက်လက် ထားရှိဖို့ အခုလို ရက်တိုးမြှင့်လိုက်တာဖြစ်ကြောင်းကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက အောက်တိုဘာလ ၅ ရက်နေ့က ကြေညာထုတ်ပြန်ခဲ့တာပါ။

ရန်ကုန်တိုင်းအတွင်း stay at home နေကြဖို့ အမိန့်ကို စက်တင်ဘာလ ၂၀ ရက်နေ့ကထုတ်ပြန်ထားတာဖြစ်ပြီး ဒီစည်းကမ်းချက်တွေအရ ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်တဲ့ လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံတွေမှာ တာဝန်ထမ်း ဆောင်မယ့်သူတွေကို စက်တင်ဘာလ ၂၄ ရက်နေ့ကနေ အောက်တိုဘာ လ ၇ ရက်နေ့အထိ လုပ်ငန်းခွင်မသွားကြဖို့ တားမြစ်ထားခဲ့တာပါ။ အခုတော့ ရောဂါပျံ့နှံ့နေမှုကို ထိန်းချုပ်တဲ့ အနေနဲ့ နောက်ထပ်သတင်းနှစ်ပတ်တိုးပြီး ကန့်သတ်လိုက်တာဖြစ်ပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မနေ့က မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာသစ် ၉၈၇ ယောက်နဲ့ သေဆုံးသူ ၃၂ ယောက်ရှိပါတယ်။ ဒါကြောင့် မနေ့ကအထိ အတည်ပြု လူနာ စုစုပေါင်း ၁၈, ၇၈၁ ယောက်နဲ့ သေဆုံးသူက ၄၄၄ ယောက်ရှိ ပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့အတွက် ဓါတ်ခွဲနမူနာက ၈,၂၈၅ ခု စစ်ဆေးခဲ့တာမှာ အခုလို လူနာသစ် ၁၀၀၀ နီးပါးထပ်ပြီး အတည်ပြုခဲ့တာပါ။ အခုအချိန်ထိ COVID-19 ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၃၃၃,၀၀၀ နီးပါးပြုလုပ်ခဲ့ပြီး အတည်ပြုလူနာတွေထဲ ရောဂါပိုးကင်းစင်လာသူ ၅,၅၄၈ ယောက်ရှိပါတယ်။

COVID-19 အတည်ပြုလူနာအရေအတွက် များလာတာကြောင့်လည်း ရောဂါပြင်းထန်မှုအဆင့်ခွဲပြီးကုသပေးဖို့အတွက်ကျန်းမာရေး ဝန်ကြီးဌာနက ဆောင်ရွက်နေပါတယ်။ ရောဂါလက္ခဏာသိပ်မပြင်းထန်သူတွေကို လက်ရှိကုသနေတဲ့ ဆေးရုံတွေမှာ ဆက်ကုပေးပြီး လိုအပ်မှ ဖောင်ကြီးကိုဗစ်ကုသရေးဌာနကို လွှဲပြောင်းမှာဖြစ်ပြီး၊ အသက်အရွယ်ကြီးပြီး ရောဂါလက္ခဏာပြင်းထန်သူ၊ တခြားရောဂါ အခံရှိသူတွေကိုတော့ ကိုဗစ်ကုသရေးဌာနဆေးရုံကို ပို့မယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက VOA မြန်မာပိုင်းကိုပြောပါတယ်။ တခြားနောက်ခံရောဂါမရှိတဲ့ ပိုးတွေ့လူနာတွေကိုတော့ သီးသန့်စင်တာတွေမှာ ထား မှာဖြစ်ပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!