Covid ရောဂါသည် ၁၀ယောက်မှ ၁ယောက်နှုန်း ကူးစက်ခံခဲ့ရဖွယ်ရှိ…
ကမ္ဘာတလွှားမှာ အများအားဖြင့် လူ၁၀ယောက်မှာ တယောက်နှုန်း covid ရောဂါ ကူးခံနိုင်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက ပြောကြားလိုက်ပါတယ်…

“ဒီရောဂါအကူးစက်ခံနေရသူဟာ ခန့်မှန်းချေအားဖြင့် ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်း လောက်ရှိနိုင် ပါတယ်။ ဒီကိန်းဂဏန်းဟာ နိုင်ငံ၊ ဒေသ၊ လူမျိုးစု အလိုက် ကွာခြားမှုရှိနိုင်ပေမယ့် ကမ္ဘာ့ နေရာ အတော်များများ အတွက်တော့ အန္တရာယ်ကြီးနေဆဲပဲ ဆိုတာ ပြနေပါတယ်” လို့ ပြောသွားတာပါ။
ဒါဟာ ကမ္ဘာကြီးအတွက် အန္တရာယ်ကြီးသလို အခက်ခဲဆုံးကာလကို ဦးတည်နေပြီဖြစ်ကြောင်းလည်း Michael Ryan က ၃၄ ဦးပါ WHO ဘုတ်အဖွဲ့ဝင်တွေရဲ့ Geneva မှာ ကျင်းပတဲ့ အထူးအစည်းအဝေးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒီရောဂါအတွက် စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ အမေရိကန် Johns Hopkins တက္ကသိုလ် စစ်တမ်းမှာတော့ တနင်္လာနေ့မှာ ဒီရောဂါ အကူးစက်ခံရသူဟာ ၃၅ သန်းကျော် (၃၅,၃၁၉,၁၃၉ )နေပြီဖြစ်ပြီး၊ သေဆုံးရသူကလည်း ၁ သန်းကျော် (၁,၀၃၈,၈၅၅) ရှိနေတာပါ။ဥရောပ နိုင်ငံအများအပြားမှာလည်း ဒီရောဂါ ကူးစက်မှုတွေ တိုးလာနေတာ ဖြစ်ပြီး အမေရိကန်မှာတော့ အကူးစက်ခံရသူ ၇ သန်းခွဲနီးပါးနဲ့ သေဆုံးရသူ ၂ သိန်းကျော် ရှိနေပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….