Latest Breaking News & Headlines

ဒေ ါ် လာ (၂၀၀) ဘီ လျံ ြ ကွယ်ဝ ချမ်းသာ တဲ့ ကမ္ဘာ့ပထမဆုံး လူသားဖြစ်လာတဲ့ ဂျက်ဘီဇော့ …

189

ကုမ္ပဏီတွေ တော်တော်များများအကြပ်ရိုက်သွား တဲ့ ကာလမှာ အွန်လိုင်းကနေ စျေးရောင်းတဲ့ကုမ္ပဏီတွေ အလုပ်ဖြစ်သွားတယ်ဆိုတဲ့ အချက်ကို ဂျက်ဘီဇော့ကပြသနေပါတယ်။ ကမ္ဘာ့အချမ်းသာစာရင်းမှာ ကာလအတန်ကြာရှိခဲ့တဲ့၊ အမေဇုန်အွန်လိုင်းစျေးဝယ်ဝက်ဘ်ဆိုက်ပိုင်ရှင် ဂျက်ဘီဇော့ဟာ အခုအချိန်မှာ ဒေါ်လာ (၂၀၀)ဘီလျံအထိ ကြွယ်ဝချမ်းသာ တဲ့ ကမ္ဘာ့ပထမဆုံး လူသာ းဖြစ်လာပါပြီ။

နယူးယောက်ပို့စ်သတင်းစာကနေ ဖော်ပြခဲ့တဲ့ သတင်းအရ (၂၆.၈.၂၀၂၀)မှာ ဂျက်ဘီဇော့ဟာ အဆိုပါမှတ်တမ်းကိုစိုက်ထူနိုင်ခဲ့ပါတယ်။ ကုမ္ပဏီရှယ်ယာတွေ ထောင်တက်သွားချိန်မှာ ပိုင်ရှင်မှုထောင်တက်ခဲ့တာဖြစ်ပြီး၊ သူ့ရဲ့ကြွယ်ဝချမ်းသာမှုဟာ အမြင့်ဆုံးအနေအထားထိကိုရောက်ခဲ့ပါတယ်။ အစုရှယ်ယာတစ်ခုကို ဒေါ်လာ(၃၄၀၄)ဒေါ်လာနှုန်းနဲ့ အမြင့်ဆုံးစျေးကိုရောက်ခဲ့ပါတယ်။

အစုရှယ်ယာတစ်ခုကို (၂.၈၅)ရာခိုင်နှုန်း၊ ဒေါ်လာ (၉၅.၉၆)အထိမြင့်တက်သွားချိန်မှာ ဘီဇော့ရဲ့ပိုင်ဆိုင်မှုပမာဏဟာ ဒေါ်လာ (၂၀၀)ဘီလျံအထိကိုရောက်ခဲ့ပါတယ်။ ၂ အနောက်မှာ သုည (၁၁)လုံးဖြစ်ပြီး၊ ဒေါ်လာသန်း (၁၀၀၀)ကို အခါ (၂၀၀)ပိုင်တဲ့ ပမာဏကို ရောက်ခဲ့တာဖြစ်ပါတယ်။ ဖော့ဘတ်မဂ္ဂဇင်းကအတိအကျတွက်ပေးခဲ့တာကတော့ (၂၀၄.၆)ဘီလျံလို့သိရပါတယ်။

ဒါဟာ လက်ရှိ ဒုတိယနေရာက ကမ္ဘာ့အချမ်းသာဆုံး ဘီလ် ဂိတ်ထက် (၉၀)ဘီလျံအထိပိုများနေပြီး၊ (၁၁၆.၁)ဘီလျံပိုင်ရှင်ဘီဂိတ်ထက် ၂ ဆလောက်ကို ပိုများနေတာပါ။ အခုလိုဖြစ်လာခဲ့တာက ကိုရိုနာဗိုင်းရပ်ကြောင့် လော့ဒေါင်းတွေဖြစ်ချိန်မှာ အိမ်တွင်းကနေ ဝယ်လိုအားတွေပိုမြင့်တက်လာပြီး အမေဇုန်ကိုပဲ အားကိုးကြတဲ့အပေါ် ရှယ်ယာတွေဟာ မြင့်တက်လာခဲ့တာပါ။

နှစ်အစမှာ ရောင်းရတဲ့ပမာဏထက် ၈၀ ရာခိုင်နှုန်းအထိကုန်ပစ္စည်းတွေတိုးမြင့်ရောင်းချလာနိုင်ခဲ့ အတွက် ရှယ်ယာတန်ဖိုးမြင့်မှုတွေဟာ ဘီဇော့ဖ်ရဲ့ပိုင်ဆိုင်မှုထဲကိုထပ်ကာပေါင်းခဲ့တာဖြစ်ပါတယ်။ အသားတင်ငွေကြေးကြီးပဲ ပိုင်ဆိုင်မှုကတော့ ဒေါ်လာ (၁၁၅)ဘီလျံရှိပြီး ကျန်တဲ့ ဘီလံ (၉၀)နီးပါးကတော့ အမေဇုန်ရှယ်ယာပိုင်ရှင်အနေနဲ့ ပိုင်ဆိုင်တဲ့ ပမာဏဖြစ်ပါတယ်။ တကယ့်ကိုမယုံနိုင်စရာ ပါ ပဲ။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!