Latest Breaking News & Headlines

တရုတ်ပြည်က မူကြိုကျောင်းဆရာမတစ်ယောက်ကိုသေဒဏ်ပေး…

526

တရုတ်ပြည်က မူကြိုကျောင် းဆရာမ တစ်ယောက် ကိုေ သဒ ဏ်ေ ပး။အမှုကတော့ kindergarten ကလေး ၂၅ ယောက်ကို အဆိပ်ခတ်မှုပါ။ Wang Yun ဟာ သူမရဲ့လုပ်ဖော်ကိုင်ဖက်ကိုမကျေနပ်တဲ့အတွက် အဲ့ဒီလုပ်ဖော်ကိုင်ဖက်ရဲ့ kindergarten ကလေး ၂၅ ယောက်ကိုကျွေးမယ့် ဆန်ပြုတ်ထဲကို ယမ်းစိမ်းတွေခတ်ခဲ့တာဖြစ်ပါတယ်။

ယမ်းစိမ်းကို အသားတွေတာရှည် ခံဆေးအဖြစ်သုံးပေမယ့် ပမာဏများရင်အဆိပ်ဖြစ်စေပါတယ်။စက်တင်ဘာလ ၂၈ ရက်နေ့က Wang Yun ကို မနှစ်က ၂၀၁၉ မတ်လတုန်းကဖြစ်ခဲ့တဲ့အမှုအတွက်သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီကလေး ၂၅ ယောက်စလုံး ဖျားနာအော့အန်ခဲ့ကြပြီး ယောက်ျားလေးတစ်ယောက်ဟာ အပြင်းအထန်ဖျားကာ ဒီနှစ် ဇန်နဝါရီလက ေ သ ဆုံ းသွားခဲ့ပါတယ်။

တရုတ်မှာ kindergarten ကလေးတွေက ၃ နှစ်ကနေ ၆ နှစ်အတွင်းပါ။Wang Yun ရော သူမအလုပ်လုပ်တဲ့ ကျောင်းကမန်နေဂျာရော ကလေးတွေကို လျှော်ကြေးပေးဖို့ပါအမိန့်ချလိုက်ပါတယ်။Wang Yun ဟာ ၂၀၁၇ ခုနှစ်တုန်းကလည်း သူ့ယောက်ျားရဲ့သောက်ရေခွက်ထဲယမ်းစိမ်းတွေခတ်ခဲ့ပေမယ့် အသက်မသေပဲ ဆေးခန်းရောက်တဲ့အထိပဲဖြစ်ခဲ့ဖူးပါတယ်။တရုတ်ကတရားရုံးတွေဟာ လူတွေကိုနောက်မလုပ်ရဲအောင် မှတ်လောက်သားလောက်အောင် အပြစ်ဒဏ်ချလေ့ရှိပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!