Latest Breaking News & Headlines

လူပါသည်ဖြစ်စေမပါသည်ဖြစ်စေ ပျံသန်းလာမယ့် အမေရိကန်လေယာဉ်တွေကို ပစ်ချမှာပါဟု တရုတ်ကြီး ပြင်းပြင်းထန်ထန်ကြိမ်းပြီ…

368

ယူအက်စ်ဟာ တောင်တရုတ်ပင်လယ်ကျွန်းတွေကို မောင်းသူမဲ့လေယာဉ်တွေ တအခြားကိရိယာတွေနဲ့ တိုက်လာရင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် PLA က လုံလောက်တဲ့အင်အားနဲ့ချက်ခြင်းလက်တုန့်ပြန်မယ်လို့ ကွန်မြူနစ်အစိုးရအာဘော် Global Times သတင်းစာကအင်္ဂါနေ့မှာပြောလိုက်ပါတယ်။

ယူအက်စ်လေတပ်မဂ္ဂဇင်းက တရုတ်မြေပုံကိုနောက်ခံထားပြီး MQ-9 Reaper မောင်းသူမဲ့လေယာဉ်ကိုဖော်ပြလိုက်တာဟာ စစ်ပွဲကိုအချက်ပြလိုက်တာလို့ တရုတ်သတင်းစာကဆိုပါတယ်။

ဒီမဂ္ဂဇင်းဟာ နန်ရှာကျွန်းတွေပေါ်ကဆောက်လုပ်ရေးတွေကို ယူအက်စ်ဝန်ကြီးဌာနက ဝေဘန်ပြစ်တင်မှုအသစ်တွေပြောဆိုတဲ့အချိန်နဲ့ တိုက်ဆိုင်နေတယ်လို တရုတ်သတင်းစာကထောက်ပြပါတယ်

အဲဒီနယ်မြေမှာရှိတဲ့အခြေခံအဆောက်အဦးတွေကိုဖျက်ဆီးဖို့ MQ-9 Reaper တွေလွှတ်မယ်လို့ အချက်ပြလိုက်တာလည်းဖြစ်နိုင်တယ်လို့ဆိုပါတယ်။

တရုတ်အတွက် ဒါဟာ ရန်လိုကျူးကျော်စစ်ပါတဲ့။

“Our only option is to strike hard at the aggressors and teach them a lesson they will never forget.”

ငါတို့ရဲ့တစ်ခုတည်းသောရွေးချယ်မှုကရန်လိုသူတွေကို မှတ်လောက်သားလောက်ရှိသွားအောင် ပြင်းပြင်းထန်ထန်ပညာပေးလိုက်ဖို့ပဲ လို့လည်း တရုတ်သတင်းစာကရေးပါတယ်။

တရုတ်က လူပါသည်ဖြစ်စေမပါသည်ဖြစ်စေ ပျံသန်းလာမယ့် ကန်လေယာဉ်တွေကို ပစ်ချမှာပါ အကယ်၍ အဲဒီလေယာဉ်တွေက တရုတ်ကျွန်းတွေကျောက်တန်းတွေကို တကယ်ဖျက်ဆီးလာလို့ကတော့ ကန်လေယာည်တွေ တက်လာတဲ့ ကွင်းတွေစစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ပြမယ် လို့လည်းဆိုပါတယ်။

နန်ရှာကျွန်းတွေမှာ ကာကွယ်ရေးလက်နက်အနည်းငယ်သာရှိတယ်လို့ ဖေါ်ပြထားပြီး တကယ်လို့ အတိုက်ခိုက်ခံလာရရင် အဲဒီကျွန်းတွေကို စစ်ဆင်ရေးအတွက်အပြည့်အဝတန်ပြန်နိုင် ခြိမ်းခြောက်နိုင်တဲ့စစ်စခန်းကြီးအဖြစ် ပြောင်းလဲပစ်မယ်လို့လည်းဆိုပါတယ်။

“ကန်စစ်တပ်နဲ့ ဝါရှင်တန်က နိုင်ငံရေးသမားတွေအနေနဲ့ ငါတို့သတိပေးချက်တွေကိုအလေးအနက်ထားရမယ် လုပ်ချင်တာတွေ လုပ်နိုင်တာတွေေလျှောက်လုပ်ဖို့ ဗျူဟာမှားတဲ့ဆုံးဖြတ်ချက်တွေ မရှိသင့်ဘူး” လို့လည်း ကြိမ်းမောင်းလိုက်ပြီး

၁၉၅၀ တုန်းက တရုတ်တွေဟာ ယူအက်စ်အာမီနဲ့သွေးစွန်းတဲ့စစ်ပွဲကိုတိုက်ဖို့ သတ္တိရှိခဲ့တယ်လို့ဆိုပါတယ်။”ဒီနေ့မှာတော့ အစွန်းရောက်တိုက်ခိုက်မှုနဲ့အပြုအမူတွေ ကိုရင်ဆိုင်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူး” လို့ ၂၈.၉.၂၀ ကပြောသွားပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!