Latest Breaking News & Headlines

ဖခင်မေတ္တာငတ်ခဲ့တဲ့သူမအပေါ် လိုလေသေးမရှိ အလိုလိုက်တဲ့ ခင်ပွန်းဖြစ်သူကြောင့် ဝမ်းသာနေတဲ့ အိမ့်ချစ်…

241

ဖခင်မေတ္တာငတ်ခဲ့တဲ့သူမအပေါ် လိုလေသေးမရှိ အလိုလိုက်တဲ့ ခင်ပွန်းဖြစ်သူကြောင့် ဝမ်းသာနေတဲ့ အိမ့်ချစ်

“ဝါရင့်နာမည်ကျော်အဆိုတော်ချစ်ကောင်းရဲ့ သမီးဖြစ်သူ အိမ့်ချစ်ကို ပရိသတ်တွေက ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ အိမ့်ချစ်ကတော့ ဖခင်ဖြစ်သူရဲ့ဂီတအမွေအနှစ်ကို သယ်ပိုးထမ်းဆောင်နေတဲ့သူတစ်ဦးပါပဲနော်။

သူမရဲ့ထွက်ရှိသမျှသီချင်းတိုင်းဟာဆိုရင် ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ကျော်ကြားနေတဲ့သီချင်းတွေပဲဖြစ်ပါတယ်။

အိမ့်ချစ်ကတော့ သိပ်မကြာခင်က ချစ်ရတဲ့ချစ်သူနဲ့အတူ ရွှေလက်တွဲတွဲကာ သာယာတဲ့အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားလျက်ရှိပါတယ်။ သူမတို့ဇနီးမောင်နှံရဲ့အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိတဲ့သူတစ်ဦးပါပဲနော်။

ခင်ပွန်းဖြစ်သူနဲ့အတူ ဘန်ကောက်မှာအလည်သဘောဖြင့်သွားနေစဉ် အိမ့်ချစ်ကရန်ကုန်အိမ်ကိုလွမ်းတယ် အမေတို့ကိုလွမ်းတယ် ပြောပြောနေလို့ ပြန်သွားမှာစိုးပြီး စားချင်တာမှန်သမျှလိုက်ကျွေးနေတဲ့သူကြီး”လို့ဆိုပြီး သူမအပေါ်အနွံနာခံအလိုလိုက်ပေးတဲ့ခင်ပွန်းရဲ့ပုံရိပ်လေးကို လူမှုကွန်ယက်စာမျက်နှာ mydayပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။

အိမ့်ချစ်တို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးကို ကြည့်ပြီ ပရိသတ်တွေလည်း ကြည်နူးမိမယ်လို့ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!