မြန်မာ့ဂုဏ်ဆောင် ကမ္ဘာကျော်လက်ဝှေ့ ချန်ပီယံ အောင်လအန်ဆိုင်းကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ကိုဗစ်ရောဂါကူးစက်ခံရတဲ့အတွက်ကြောင့် ပရိတ်သတ်တွေ စိုးရိမ်ခဲ့ရပါတယ်။
ဒီကနေ့မနက်မှာတော့ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ အခုလိုရေးသားထားပါတယ်။
”အားလုံးကိုသတင်းကောင်းတခုပြောပြချင်ပါတယ်။

လွန်ခဲ့တဲ့စနေနေ့ကစစ်ဆေးထားတဲ့ကျွန်တော်ရဲ့ကိုဗစ်-၁၉ဗိုင်းရပ်စ်စစ်ဆေးချက်အဖြေအရ၊ကျွန်တော်ရောဂါကင်းစင်သွားပါပြီ!။
အခုကျွန်တော်အရင်ကလိုပဲလေ့ကျင့်မှုတွေ၊လုပ်ငန်းဆောင်တာတွေကိုပုံမှန်ပြန်လည်လုပ်ဆောင်သွားတော့မှာပါ။
ကျွန်တော်တို့အားလုံးလဲဒီအိပ်မက်ဆိုးကိုမကြာခင်ကျော် လွှားနိုင်တော့မှာပါ။
Good news guys, Saturday coronavirus test result came back negative! We are back in business. We are going to get over this nightmare soon. ”
ကိုဗစ်ကူးစက်ခံရသူအားလုံး အမြန်ဆုံးသက်သာပျောက်ကင်းကြပါစေ…….#ktz

video crd-DVB