Latest Breaking News & Headlines

Moderna ရဲ့ COVID-19 ကာကွယ်ဆေးဟာ အသက်ကြီးသူတွေမှာ အန္တရာယ်ကင်းမှုရောအစွမ်းထက်မြက်မှုရောတွေ့ရပါတယ်…

238

Moderna ရဲ့ COVID-19 ကာကွယ်ဆေးဟာ အသက်ကြီးသူတွေမှာ အန္တရာယ်ကင်းမှုရောအစွမ်းထက်မြက်မှုရောတွေ့ရတယ်လို့ဆိုပါတယ်။ အရင်က ထုတ်ခဲ့တဲ့ Phase 1 ရလဒ်မှာ အသက် ၁၈ ကနေ ၅၅ အတွင်းအတွက်ထုတ်ပြန်ခဲ့ပြီး အခြေအနေကောင်းခဲ့ပါတယ်။ မနေ့ကထပ်ထုတ်ပြန်တဲ့ Phase 1 စမ်းသပ်မှုရလဒ်ထဲမှာ ဖော်ပြထားတာက …ကာကွယ်ဆေးကို အသက်ကြီးသူ အယောက် ၄၀ မှာ ၂ သုတ်ခွဲစမ်းတယ်။ 25 microgram ဆေးပမာဏအပျော့နဲ့ 100 microgram ဆေးပမာဏအပြင်းကို 2 dose ထိုးပေးပါတယ်။အသက် ၅၆ ကနေ ၇၀ ကတစ်အုပ်စု။အသက် ၇၁ နဲ့အထက်ကတစ်အုပ်စုဖြစ်ပါတယ်။

အသက်ပိုကြီးတဲ့အုပ်စုက ကာကွယ်ဆေး 100 microgram ကို ၂၈ ရက်ခြားပြီး နှစ်ခါထိုးခဲ့ရာမှာ အသက်ငယ်သူတွေမှာရတဲ့ရောဂါခုခံအားတုန့်ပြန်မှုအတိုင်း ရခဲ့တာတွေ့ရပါတယ်တဲ့။ပြီးတော့ ခံစားရတဲ့ ဘေးထွက်ဆိုးကျိုးကလည်း တုပ်ကွေးကာကွယ်ဆေးခပ်ပြင်းပြင်းထိုးထားသလောက်ပဲ ခံစားရပါတယ်တဲ့။

Moderna ဟာ ပိုပြင်းတဲ့ဆေး dose ကို Phase 3 စမ်းသပ်မှုမှာထည့်စမ်းသပ်ထားပြီးရလဒ်ကို မကြာခင်လပိုင်းအတွင်းသိနိုင်မယ်လို့ မျှော်လင့်ရပါတယ်။အခုစမ်းသပ်မှုတွေထဲမှာ ခပ်ပြင်းပြင်းဘေးထွက်ဆိုးကျိုးထိတာ ၂ ယောက်ပဲရှိခဲ့ပါတယ်။ပထမတစ်ယောက်က ဆေးပမာဏ အပျော့ထိုးရာမှာ grade 3 fever တက်ခဲ့ပါတယ်။ greade 3 fever ဆိုတာ ကိုယ်ပူချိန် 39 C (102.2 F) ထက်ပိုပူတာမျိုးကိုခေါ်တာပါ။ ကိုယ်ပူချိန်ကြီးတယ်ပေါ့။

ဒုတိယတစ်ယောက်ကတော့ အလွန်ပင်ပမ်းနွမ်းနယ်ပြီး အလုပ်မလုပ်နိုင်ပဲ ခေတ္တအနားယူခဲ့ရတာပါ။ ဒီထက်တော့ပိုပြီးဘာမှမဖြစ်ကြပါ။အသက် ၆၅ နှစ်အရွယ် Norman Hulme ပြောတာတော့ သူကာကွယ်ဆေးပမာဏ အပျော့ထိုးထားတာ ဘာဘေးထွက်ဆိုးကျိုးမှ မခံစားခဲ့ရပါတဲ့။သူ့အနေနဲ့ Moderna ရဲ့ mRNA ကာကွယ်ဆေးဟာနည်းပညာအသစ်ဖြစ်ပြီး အန္တရာယ်ရှိနိုင်ကြောင်းသိထားပါတယ်တဲ့။ ဒါပေမယ့် အစမ်းသပ်ခံမယ့်လူလိုတယ်မလားတဲ့။

အခုလို အန္တရာယ်လည်းကင်း၊ အာနိသင်လည်းထက်မြက်တဲ့ ရလဒ်ကောင်းထွက်လာရင်Phase 3 မှာလည်းရလဒ်ကောင်းတွေဆက်ထွက်လာဖို့ မျှော်လင့်ရပါကြောင်း။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!