Latest Breaking News & Headlines

ကမ္ဘောဇဘဏ် က ဦးဆောင် ၍ ငွေကျပ် သိန်း (၇၀၀၀) ကနဦး မတည်လှူဒါန်းသည့် အင်းယားလိတ် ကို ဗစ်စင်တာ စတင်တည်ဆောက်…

255

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှ င့် အားကစားဝန်ကြီးဌာနတို့၏ လမ်းညွှန်မှုဖြင့် COVID-19 ရောဂါ ကုသရေးအတွက် ကမ္ဘောဇဘဏ်က ဦးဆောင်၍ ငွေကျပ်သိန်း (၇၀၀၀) ကနဦးမတည်ကာ ကုတင် (၅၀၀) ပါဝင်သည့် အင်းယားလိတ်ကိုဗစ်စင်တာ ကို Yangon Convention Center (YCC) တွင် စတင်တည်ဆောက်လျက်ရှိပါသည်။

COVID-19 ကူး စက် လူနာ (၅၀၀) ဦး အထိ လက်ခံ ကုသပေး မည့် အင်းယားလိတ် ကို ဗစ်စင်တာတည်ဆောက်ရေး အတွက် ကမ္ဘောဇဘဏ်က ငွေကျပ် သိန်း (၇၀၀၀) ဦးဆောင်မတည်ထားပြီး ရွှေသံလွင်ကုမ္ပဏီ (Skynet) မှလည်း ငွေကျပ် သိန်း (၃၀၀၀) ထည့်ဝင် လှူဒါန်းထားပါသည်။ ယခုစင်တာကို (၁၀) ရက်အတွင်းပြီးစီးနိုင်ရန် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များဖြင့် စနစ်တကျ စီမံချက်ရေးဆွဲကာ ဆောင်ရွက်လျက်ရှိပြီး လိုအပ်ပါက အဆောင်များတိုးချဲ့ကာ ကုတင် (၁၀၀၀) အထိ ထားရှိသွားရန် လျာထားဆောင်ရွက်လျက်ရှိပါသည်။ ယခုစင်တာတွင် အရေးပေါ်လူနာများကို ကုသပေးနိုင်ရန်အတွက် High-Dependency Unit: HDU (၁၆) ကုတင် တစ်ပါတည်း ထည့်သွင်း တည်ဆောက်လျက်ရှိပါသည်။

စင်တာတွင် တက်ရောက်ကုသမည့် လူနာ (၅၀၀) ဦးအတွက် လိုအပ်မည့် အထူးဆေးဝါးများနှင့် အဟာရပြည်ဝစေရန် နံနက်၊ နေ့လည်၊ ညစာများကို အခမဲ့စီစဉ်ဆောင်ရွက်ပေးထားမည် ဖြစ်ပါသည်။ ဆရာဝန်များ၊ သူနာပြုများနှင့် စေတနာ့ဝန်ထမ်း (၄၀၀) ဦး အတွက်လည်း သီးသန့်အဆောက်အဦးများ တစ်ပါတည်း ပါဝင်မည် ဖြစ်ကာ ၂၄ နာရီ အခမဲ့ Food Court ထားရှိပေးသွားမည် ဖြစ်ပါသည်။

အင်းယားလိတ်ကိုဗစ်စင် တာကို ကနဦး မတည်လှူဒါန်းသော ကမ္ဘောဇဘဏ်သည် KBZ General Insurance၊ KBZ Life၊ MAI နှင့် Air KBZ တို့ကို ဦးဆောင်၍ COVID-19 ရောဂါ မြန်မာနိုင်ငံတွင် စတင် မတွေ့ရှိမီ ဖေဖော်ဝါရီလမှ စတင်ကာ ယနေ့အထိ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ငွေကျပ်(၇၃,၉၃၆)သိန်း၊ သိန်းပေါင်း (ခုနှစ်သောင်း သုံးထောင့်ကိုးရာသုံးဆယ့်ခြောက်) လှူဒါန်းထားပြီး ဖြစ်ပါသည်။

ထို့အပြင် ကမ္ဘောဇ ဘဏ်သည် နိုင်ငံတော်နှင့်ပြည်သူအတွက် ယနေ့အချိန်ထိ လူမျိုးမရွေး၊ ဘာသာမရွေး ၊နေရာဒေသမရွေး၊ ကဏ္ဍအသီးသီးတွင် အလှူငွေစုစုပေါင်းငွေကျပ် (၁၇၀)ဘီလီယံကျော် လှူဒါန်းခဲ့ပြီး ဆက်လက်၍ လည်း လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာ၊လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် ပေးအပ်လှူဒါန်းသွား ရန် စီစဉ် ထားကြောင်းသိရသည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!