Latest Breaking News & Headlines

စက္ကူ ပုလင်း များဖြင့် ရောင်းချ တော့မယ် ဆိုတဲ့ ကမ္ဘာကျော် JOHNNIE WALKER ဝီစကီ

165

Johnnie Walker ဝီစကီ ပုလင်းတွေ ကို လာမယ့်နှစ် ကစပြီး သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေနိုင်တဲ့ စက္ကူ ပုလင်းတွေနဲ့ပြောင်း လဲရောင်းချသွားမယ် လို့ Diageo ကုမ္ပဏီက ဆိုလိုက်ပါတယ်။ Diageo ကုမ္ပဏီက ဝီစကီ ပုလင်းပေါ်မှာ ပလတ်စတစ် အသုံးပြုမှုလျှော့ချရေး အတွက် နည်းလမ်း ရှာဖွေရင်းကနေ ဖန်ပုလင်း ထုတ်လုပ်မှုကပါ ကာဗွန်ထုတ်လွှတ်မှုဖြစ်စေတယ် ဆိုတာကို သတိထား မိခဲ့တာကြောင့် စက္ကူပုလင်း ကို အသုံးပြုဖို့ဖြစ်လာခဲ့တာပါ။

Pulpex နဲ့ ပူးပေါင်းပြီး သစ်ပျော့ဖတ်ကနေ ထုတ်လုပ်မယ့် စက္ကူပုလင်းတွေကို ၂၀၂၁ ခုနှစ် နွေဦးမှာ စမ်းသပ်ဖြန့်ချီ သွားမှာဖြစ်ပါတယ်။

Carlsberg အပါအဝင် ဖျော်ရည်နဲ့ ယမကာကုမ္ပဏီတွေက သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ဖို့ စက္ကူပုလင်းတွေ ဖန်တီး ထုတ်လုပ်လာကြပေမယ့် Coca-Cola ကတော့ ပလတ်စတစ်ဘူးတွေကို မစွန့်လွှတ်နိုင်သေးဘူးလို့ ဆိုထားကြောင်း သိရပါတယ်။

Ref: BBC

Leave A Reply

Your email address will not be published.

error: Content is protected !!