Latest Breaking News & Headlines

အခုမှ နေပြန်ကောင်းကာမို့ ဖုန်းကိုင်တာနဲ့ခေါင်းမူးတာကြောင့် မှတ်ချက်တွေနဲ့စာတွေကို REPLY မပြန်နိုင်တာ နားလည်ပေးပါလို့ ပရိသတ်တွေကို တောင်းဆိုလိုက်တဲ့ ခင်ပိုးပန်းချီ…

145

ပရိသတ်ကြီးရေ ဓမ္မတေးသံတွေကို အသံချိုချိုလေးနဲ့ သီဆိုနိုင်သူ အဆိုတော်မလေး ခင်ပိုးပန်းချီကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ ခင်ပိုးပန်းချီလေးကတော့ ငယ်စဉ်အရွယ်လေးမှာတည်းက ဆိုကရေးတီးပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက်မှာ တရားပွဲတွေမှာ ဓမ္မတေးတွေကို သီဆိုသူအနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုလေးတွေကို ရရှိထားသူပဲဖြစ်ပါတယ်…

အသက်ငယ်သေးပေမယ့် ရင့်ကျက်တဲ့ အတွေးနဲ့ မြန်မာဆန်ဆန် ဝတ်စားနေထိုင်ပုံလေးတွေကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားနေသူလေးပဲဖြစ်ပါတယ်။ ခင်ပိုးလေးက လတ်တလောမှာတော့ နေမကောင်းဖြစ်ပြီး ပြန်နေကောင်းကာစမို့ သူမရဲ့ Social Media အကောင့်တွေကို သုံးခြင်းနဲ့Comments တွေကို Reply မပြန်ပေးနိုင်ရင် စိတ်မခုစေလိုကြောင်းလေးကို ဒီနေ့ စက်တင်ဘာလ (၂၈)ရက်နေ့မှာ “မင်္ဂလာပါရှင်….Reply မပြန်နိုင်တာကိုစိတ်မဆိုးကြပါနဲ့နော်…

သမီး Acc ထဲကလူတွေရော သူငယ်ချင်းတွေရော အကုန်လုံးကိုတောင်းပန်ပါတယ်။ အကယ်၍ Reply မပြန်ပေးနိုင်လို့ စိတ်ဆိုးတယ်ဆိုရင်လဲ Block နိုင်ပါတယ်။ နေကောင်းသွားပြီဆိုပေမယ့် အခုတလော ဖုန်းအမြဲကိုင်နေကျ မဟုတ်လို့ပါ။ ဖုန်းကိုင်လိုက်တာနဲ့ ခေါင်းမူးလာလို့ပါ….နားလည်ပေးစေချင်ပါတယ်” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်…

ခင်ပိုးပန်းချီလေးကတော့ ဖုန်းကိုင်ရင် ခေါင်းမူးလာတာကြောင့်Reply မပြန်ဖြစ်ခဲ့ရင် နားလည်ပေးစေလိုကြောင်းလေးကို မေတ္တာရပ်ခံပြောလာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး.။ ဖတ်ရှု့ပေးခဲ့ကြတဲ့  ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!