Latest Breaking News & Headlines

မျက်နှာထက်မှာ ဘာမှ မလိမ်းခြယ်ထားပဲ အိမ်နေရင်း ပုံစံလေးနဲ့ အသည်းယားစရာ ကောင်းလောက်အောင် ပိုစ့်ပေး ဓါတ်ဖမ်းနေတဲ့ အိချောပို…

62

အမိုက်စားကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး အိချောပိုပဲ ဖြစ်ပါတယ်။ သူမကတော့ အမြဲလိုလို ကလေးဆန်တဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေ ကြောင့်လည်း ပရိသတ်တွေက တစ်ခဲနက်ဝန်းရံအားပေးနေကြတာပါနော်။ အိချောပိုကို ပရိသတ် အများက ချစ်စနိုးနဲ့ စူစူလို့ ခေါ်ကြတာ ကိုလည်း တွေ့ရပါတယ်။

စူစူရဲ့ သရုပ်ဆောင်ပညာတွေဟာလည်း တစ်ကားထက်တစ်ကား တိုးတက်ပီပြင်လာတာကြောင့်လည်း ရုပ်ရှင် ဇာတ်ကားကြီးတွေ အဆက်မပြတ်ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာကိုလည်း အောင်မြင်အောင်ရိုက်ကူးထားခဲ့သူလေးဖြစ်ပြီး ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် ရုပ်ရှင်ကားကြီးတွေအထိပါ ရိုက်ကူးအောင်မြင်လာတဲ့ ဒိတ်ဒိတ်ကြဲ မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။

ယခုလက်ရှိမှာတော့ စူစူက ကိုရိုနာဗိုင်းရပ် ကူးစက်ရောဂါ ပြန့်ပွားလာတဲ့ ကိစ္စလေးတွေကြောင့် အနုပညာ လှုပ်ရှားမှုလေးတွေကို ရပ်နားထားတာဖြစ်ပြီး အိမ်မှာပဲ နားနားနေနေ နေထိုင်နေတာလည်း ဖြစ်ပါတယ်။ အိမ်မှာနေရင်း လွမ်းနေတဲ့ ပရိသတ်တွေအတွက် ပုံရိပ်အလှလေးတွေကို ရိုက်ကူးတင်ပေးလာတာဖြစ်ပြီး ” မတွေ့တာကြာတော့ လွမ်းနေမှာစိုးလို့ အားလုံးကပ်ရောဂါဆိုးကြီးမှလွတ်ကင်းကြပါစေ ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်…. ။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!