Latest Breaking News & Headlines

မန္တလေးခရိုင်တွင်အသက် ၁၀ လ အရွယ်ကလေးငယ်တစ်ဦး အပါအဝင်COVID-19 ပိုးတွေ့အတည်ပြုလူနာ ရှစ်ဦးထွက်ပေါ်…

145

အမရပူရမြို့နယ်မှ COVID-19 အတည်ပြုလူနာများသည် တောင်သမန်ကျေးရွာနေ အသက် ၄၅ နှစ်အရွယ် အမျိုးသား တစ်ဦးနှင့် အသက် ၇ နှစ်၊ ၁၄ နှစ်အရွယ် မိန်းကလေးနှစ်ဦး၊ ငယ်တိုးမရမ်းခြံကျေးရွာမှ အသက် ၂နှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် ဗားကရာကျောင်းတိုက်မှ သက်တော် ၃၀ ဝန်းကျင်အရွယ် ရဟန်းတစ်ပါးတို့ ဖြစ်ပြီး ပိုးတွေ့လူနာများနှင့် ထိတွေ့မှုရှိသဖြင့် Quarantine ဝင်ရောက်နေသူများဖြစ်ကြောင်း အမရပူမြို့နယ်အ ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

“ငါးယောက်ပါတယ်၊ တောင်သမန်ကျေးရွာက မနေ့က ပိုးတွေ့တဲ့ အနံ့ပျောက်သွားတဲ့ အမျိုးသမီးရဲ့ မိသားစု၊ သူ့ရဲ့ ယောက်ျားရယ်၊ သမီးနှစ်ယောက်ရယ်ပါ၊ နောက်တစ်ယောက်က ငယ်တိုးမရမ်းခြံက ပိုးတွေ့လူနာ ဟိုတယ်ရွှေပြည်သာ က Kitchen ဝန်ထမ်းနဲ့ထိတွေ့မိလို့ ဇီးပင်ကြီး Quarantine ပို့ထားတဲ့ထဲက ၂နှစ်သမီးလေးမှာ တွေ့ရတာပါ၊ ပြီးတော့ ဗား ကရာကျောင်းတိုက်က ရဟန်းတစ်ပါး ထပ်တွေ့တယ်၊ ၂နှစ်သမီးလေးနဲ့ ဗားကရာက ဦးဇင်းလေးက Swab နှစ်ကြိမ် စစ်တာမှာ ပထမအကြိမ်တုန်းက မတွေ့ဘဲ မနေ့က ဒုတိယအကြိမ် စစ်မှ Positive တွေ့တာ”ဟု အမရပူမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးဖေသက်ထွန်းက ပြောသည်။

ယခုအခါ အမရပူရမြို့နယ်တွင် ပိုးတွေ့ အတည်ပြုလူနာ ၃၄ ဦးထိရှိပြီး ယနေ့ပိုးတွေ့အတည်ပြုလူနာသစ်များသည် အသွားအလာကန့်သတ် (Facility Quarantine) ပြုလုပ်ထားသူများ ဖြစ်သောကြောင့် ဆက်စပ်ထိတွေ့မိသူ မရှိဘဲ အတည်ပြုလူနာများ၏ နေအိမ်နှင့် ပတ်ဝန်းကျင်အား အသွားအလာကန့်သတ်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက် ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်မှ COVID-19 အတည်ပြုလူနာများသည် နွယ်နီကျေးရွာနေ အသက် ၃၇နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ကုန်းတန်းကျေးရွာနေ အသက် ၁၀ လအရွယ် ယောကျာ်လေးတစ်ဦးတို့ဖြစ်ပြီး ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် Quarantine ပြုလုပ်ထားသူများဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။“ဒီနေ့ နှစ်ယောက်ပါတယ်၊ ၃၇နှစ်အရွယ် အမျိုးသားနဲ့ ၁၀ လသားလေးပိုးတွေ့ခဲ့တာပါ၊ ၁၀ လသားလေးက ကုန်းတန်းကဟိုတယ်ရွှေပြည်သာစားဖိုမှုးရဲ့ ဆင့်ပွား Contact ကနေ ၂၄ ရက်နေ့က

အတည်ပြုလူနာဖြစ်ခဲ့တဲ့ အသက်၂၁ အရွယ် အမျိုးသားရဲ့ ကလေးပါ၊ ဒုတိယအကြိမ် စစ်မှ Positive တွေ့တာ၊ ၃၇နှစ်အရွယ် အမျိုးသားက နွယ်နီက သူက လူနာအသစ်ပါ”ဟု ပုသိမ်ကြီး မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်၊ ပုသိမ်ကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တာ် ကိုယ်စားလှယ် ဦးရဲမင်းဦးက ပြောသည်။ယခုအခါ နွယ်နီကျေးရွာမှ ပိုးတွေ့လူနာသစ်ဖြင့် ထိတွေ့မှုရှိသူ ၁၄ ဦးကို ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ် Quarantine Centerသို့ ပို့ဆောင်ထားပြီးဖြစ်သလို ဓာတ်ခွဲနမူနာ(Swab) ရယူစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

ပုသိမ်ကြီးမြို့နယ်နေ ဟိုတယ်ရွှေပြည်သာမှ စားဖိုးမှုးနှင့် ၎င်း၏ဇနီတို့ ပိုးတွေ့အတည်ပြုလူနာဖြစ်ခဲ့ပြီးနောက် ဆင့်ပွား အတည်ပြု လူနာ ၁၀ ဦးထိ ရှိလာပြီဖြစ်သလို ယခုအခါ ပုသိမ်ကြီးမြို့နယ်တွင် ပိုးတွေ့ အတည်ပြုလူနာ ၁၉ ဦးထိရှိလာပြီ ဖြစ်ကြောင်း သိရသည်။မဟာအောင်မြေမြို့နယ်မှ COVID-19 အတည်ပြုလူနာအဖြစ် တွေ့ရှိသူသည် ဒေးဝန်းအရှေ့ရပ်တွင် နေထိုင်သူ အသက် ၁၆ နှစ် ဝန်းကျင်အရွယ် အမျိုးသမီးဖြစ်ပြီး စစ်ကိုင်းတိုင်ဒေသကြီး၊ အရာတော်မြို့နယ်မှ ပိုးတွေ့လူနာနှင့် ထိတွေ့မှုရှိသဖြင့် Hotel Quarantine ဝင်နေသူဖြစ်ကာ ဒုတိယအကြိမ် စစ်ဆေးရာမှ ပိုးတွေ့ရှိခဲ့ခြင်းဟု မဟာအောင်မြေ မြို့နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ သိရသည်။

“အရာတော်မြို့နယ်က ပိုးတွေ့လူနာနဲ့ ထိတွေ့ထားလို့ Hotel Hazel မှာ Hotel Quarantine ဝင်နေတဲ့သူပါ၊ အသက်အရွယ်က ၁၅ နှစ် ၁၆ နှစ်လောက်ပဲရှိတဲ့ ကောင်မလေးပါ၊ အရာတော်အဆက်ကနေ သူ့အမေက ဆင့်ပွား Contact ကနေ လူနာဖြစ်ခဲတာ၊ သူ့အမေကတော့ ဒီနေ့ဆင်းသွားပြီဗျ၊ သူ့ကလည်း ဒုတိယအကြိမ် စစ်မှ ပိုးတွေ့ခဲ့တာ၊ မနေ့က ညပိုင်းကတွေ့တာပါ၊ အဲဒီကောင်မလေးနဲ့ဆက်စပ်က သူ့မိဘတွေပဲ ရှိတာ၊ Hotel Quarantine ကနေ ပြန်လာကြပြီ၊ အရာတော်နဲ့ဆက်စပ်တာတွေက အားလုံးလည်း Quarantine ကနေ ပြန်လာကြပါပြီ”ဟု မဟာ

အောင်မြေ မြို့နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးနိုင်ဝင်းက ပြောသည်။ယခုအခါ မဟာအောင်မြေမြို့နယ်မှ COVID-19 အတည်ပြုလူနာ မဟာအောင်မြေမြို့နယ်မှ ၄၆ ဦးထိ တွေ့ရှိထားပြီး ဟိုတယ်မန္တလေးမှ အများဆုံး တွေ့ရှိထားခြင်းဖြစ်ကာ ဟိုတယ်မန္တလေးမှ ပိုးတွေ့အတည်ပြုလူနာ ၂၈ ဦးထိ ပါဝင်ကြောင်း သိရသည်။မန္တလေးတိုင်းအတွင်း၌ COVID-19 ရောဂါ အတည်ပြုလူနာတွေ့ရှိမှုသည် စက်တင်ဘာ ၂၉ ရက်ထိ မြို့နယ် ၂၃ ခုတွင် အတည်ပြုလူနာ ၂၈၀ ကျော်ထိ ရှိကာ မန္တလေးခရိုင်အတွင်းမှ ၁၅၇ ဦးထိရှိပြီး မဟာအောင်မြေမြို့နယ်မှ အတည်ပြုလူနာတစ်ဦး သေဆုံးခဲ့သည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!