Latest Breaking News & Headlines

လိုအပ်လာပါက COVID-19 ပိုးတွေ့လူနာများနှင့် ထိတွေ့မိသူများ ထားရှိရန် ဘောလုံးအကယ်ဒမီကျောင်းအား ကြိုတင်ပြင်ဆင် ဆောင်ရွက်နေ…

324

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျှက်ရှိရာ လိုအပ်လာပါက COVID-19 ပိုးတွေ့လူနာများနှင့် ထိတွေ့မိသူများ ထားရှိရန်အတွက် ချမ်းမြသာစည်မြို့နယ်ရှိ ဘောလုံးအကယ်ဒမီကျောင်းအား ကြိုတင်ပြင်ဆင် ဆောင်ရွက်နေကြောင်း သိရသည်။

Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မန္တလေးတိုင်းဒေသကြီး ဥက္ကဋ္ဌသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် တိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဥဦးစီးမှူးအဖွဲ့နှင့်အတူ စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက အဆိုပါဘောလုံးအကယ်ဒမီကျောင်းတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနိူင်းပေးခဲ့သည်။

“မိဘပြည်သူများအနေနဲ့ ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အသိပေးထုတ်ပြန်ထားတဲ့ ပြည်သူများ သိရှိစေရန် အသိပေးကြေငြာချက်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်စေချင်ပါတယ်။ အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်။”ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းတွင် စက်တင်ဘာ ၂၉ ရက် ညပိုင်းအထိ COVID-19 ပိုးတွေ့လူနာ စုစုပေါင်း (၃၀၀)ဦး ရှိပြီဖြစ်ပြီး ပိုးတွေ့လူနာဟောင်းများအနက် (၁၃၅)ဦးသည် ရောဂါပျောက်ကင်းသွားပြီဖြစ်ကြောင်း သိရသည်။ COVID-19 ပိုးတွေ့လူနာ (၄၀)ဦး ထားနိုင်ရန်အတွက် ပြင်ဦးလွင်ခရိုင် ကုတင် ၅၀ ဆံ့ ဇီပင်ကြီးဆေးရုံကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!