Latest Breaking News & Headlines

အမေရိကန်သမ္မတလောင်း ပထမအကြိမ် စကားစစ်ထိုးပွဲ တိုက်ရိုက်ထုတ်လွှင့်မည်…

125

အမေရိကန်သမ္မတရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းတွေရဲ့ ပထမအကြိမ် စကားစစ်ထိုးပွဲကို စက်တင်ဘာလ ၃၀ ရက်၊ မြန်မာစံတော်ချိန် မနက် ၇ နာရီခွဲမှာ ကျင်းပမှာဖြစ်ပါတယ်။လက်ရှိသမ္မတ Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်း၊ ဒုတိယသမ္မတဟောင်း Joe Biden တို့ရဲ့ စကားစစ်ထိုးပွဲကို ဗွီအိုအေရဲ့ အင်တာနက်စာမျက်နှာ၊ Facebook နဲ့ YouTube တို့ကနေ တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

စကားစစ်ထိုးပွဲမှာ အကြောင်းအရာ ၆ ခုအပေါ် ပြောဆိုကြဖို့ စီစဉ်ထားပါတယ်။ အကြောင်းအရာ တစ်ခုချင်းစီအတွက် ၁၅ မိနစ်ကြာ လျာထားပါတယ်။အမေရိကန် တရားရုံးချုပ်၊ COVID-19 ၊ အမေရိကန်စီးပွားရေး၊ လူမျိုးရေးနဲ့ အမေရိကန်ရဲတပ်ဖွဲ့ လုပ်ငန်းပိုင်းဆိုင်ရာ၊ အမေရိကန်ရွေးကောက်ပွဲတွေရဲ့ ခိုင်မာမှု၊ သမ္မတလောင်း တစ်ယောက်ချင်းစီရဲ့ လုပ်ဆောင်မှု နောက်ခံသမိုင်းကြောင်းမှတ်တမ်း ဆိုတဲ့ ခေါင်းစဉ်တွေပေါ် ပြောဆိုသွားကြမှာဖြစ်ပါတယ်။မြန်မာစံတော်ချိန် မနက် ၇ နာရီခွဲမှာ စောင့်မေ ျှာ်ကြည့်ရှုနိုင်ပါတယ်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!