Latest Breaking News & Headlines

မကြာမှီမှာ ရွှေလက်တွဲရတော့မယ့် ချစ်သူက ဘော်ဒါတစ်ချို့ရဲ့ မိန်းမတွေလို ပုံစံမျိုးမဟုတ်လို့ အေးဆေးပဲဆိုတဲ့ နိုင်းဝမ်း…

129

ပရိသတ်ကြီးရေ အဆိုတော် နိုင်းဝမ်းကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ နိုင်းဝမ်းကတော့ မကြာမှီမှာ အချိန်ကြာကြာတွဲလာသူ ချစ်သူနဲ့ လက်ထပ်ဖို့ စီစဉ်ထားပြီးပြီပဲဖြစ်ပါတယ်နော်.။ ဝါကျွတ်ရင် အိမ်ထောင်ရှင်ဖြစ်တော့မယ့် နိုင်းဝမ်းကတော့ ချစ်သူ ဖြစ်သူရဲ့ အကျင့်လေးတွေအကြောင်းကို ဒီနေ့ စက်တင်ဘာလ (၂၄)ရက်နေ့မှာ “ဘော်ဒါတချို့ပြောပြောနေကြတာ သူတို့မိန်းမတွေက သူတို့ကိုလုံးဝအလစ်မပေးဘူး၊။

ဘယ်သွားသွား ဖုန်းဆက်ပြီးချက်ကင်လိုက်နေတာတဲ့၊ အိမ်မှာဆိုလည်း မျက်စိအောက်ကကို အပျောက်မခံဘူးတဲ့။ ကိုယ်ဒေဘဝနဲ့များကွာပ..။ ကျွန်တော့မဟေသီကတော့ သူ့ကိုတီဗီရှေ့ထိုင်ခိုင်းပြီး မုန့်ထုပ်ကြီးတစ်ထုပ် ချထားပေးလိုက်ရင် ကျွန်တော့တင်မကဘူး။ ဆွေတွေမျိုးတွေပါ မေ့နေတာ..။ ဒီရက်ပိုင်းတောင် စကိုင်းနက်က ဖိလစ်ပိုင်အမွှာညီအကို(၂)ကောင်ကားနဲ့ ရင်းနှီးခဲ့ဖူးသောနှလုံးသားဆိုလား ပြနေလို့လားမသိဘူး ည (၁၁)နာရီမခွဲမချင်း ဖုန်းတစ်ချက်တောင် မဆက်ဘူး…

တီဗီကစောင့်ကြည့်စရာမလိုတဲ့ ဇာတ်လမ်းတွဲလင့်တွေရှိရင် ပို့ပေးကြပါအုံး၊ ချိန်းထားတာလေးတွေ သွားဖို့ရှိလို့ပါ လွတ်လပ်ရေးဆိုတာ စကိုင်းနက်ရှိရင် တိုက်ယူစရာတောင် မလိုပါလားနော်” ဆိုပြီး သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ နိုင်းဝမ်းကတော့ လွတ်လပ်ရေးရဖို့အတွက် အကွက်ကလေးတွေ ကြိုမြင်ပြီး ဖန်တီးနေတဲ့ပုံပါပဲနော်..ပရိသတ်ကြီး…

ပရိသတ်ကြီးထဲမှာရော နိုင်းဝမ်း လိုပဲ လွတ်လပ်ရေးရဖို့ ဖန်တီးနေသူတွေရှိရင်လည်း အပျော်သဘောနဲ့ မှတ်ချက်လေး တွေ ရေးခဲ့ပါဦးနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့  ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!