Latest Breaking News & Headlines

သွေးရည်ကြည်ကုထုံးဖြင့် ကိုဗစ်ရောဂါပြင်းထန်သူများ သက်သာပျောက်ကင်းသော်လည်း သွေးရည် ကြည်ရယူရန် အကန့်အသတ်များစွာရှိနေ…

224

မြန်မာနိုင်ငံတွင် Covid-19 ရောဂါ ဒုတိယလှိုင်းအဖြစ် ကူးစက်မှု ပြန်လည်မြင့်တက်လာသည့် ကာလ၌ သေဆုံးမှုများ များလာသဖြင့် သွေးရည်ကြည်ကုထုံးဖြင့် ကိုဗစ်ရောဂါ ပြင်ထန်းသူများကို ကျယ်ကျယ် ပြန့်ပြန့်ကုသမှုများပေးနိုင်ရန်အတွက် မဖြစ်နိုင်သေးကြောင်း သိရသည်။ ”သွေးရည်ကြည်က ကိုဗစ်ဖြစ်ပြီး ပျောက်သွားတဲ့ လူနာတိုင်းဆီက ယူလို့ မရပါဘူး။ သွေးရည်ကြည် ယူဖို့ ဆိုတာက Positive လူနာထဲမှာမှ ရောဂါလက္ခဏာ တော်တော် ပြင်းပြင်းထန်ထန် ခံစားရမယ်။

ခံရစားရပြီး အခါကျတော့ ဒီဟာကိုပြန် နလန်ထူပြီး ကောင်းတာတဲ့သူတွေ ဆီက ယူရတာ ဖြစ်ပါ တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Anti Body ဆိုတာက ရောဂါပျောက်ကင်းသွားတဲ့ သူတိုင်းက Anti Body ထွက်တာ မဟုတ်ပါဘူး။ ထွက်တဲ့အခါမှာလည်း အနည်း၊ အများရှိပါတယ်။ ဒါကြောင့် မိုလို့ ဒီလို ရောဂါပြင်းပြင်း ထန်ထန် ခံစားပြီးတော့ ကောင်းလာတဲ့ သူတွေဆီက ရွေးချယ်ပြီး ယူရတာ ဖြစ်ပါတယ် ” ဟု ဒေါက်တာခင်ခင်ကြီးက ပြောသည်။

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့( စက်တင်ဘာလ ၂၆ရက်) ညနေပိုင်း ထုတ်ပြန် ချက်အထိ ကိုဗစ်ရောဂါပိုး ကင်းစင်ပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ ၂၅၁၇ ဦးအထိရှိနေပြီဖြစ်သော်လည်း သွေရည်ကြည်ကုထုံးဖြင့် ကုသနိုင်ရန် ပထမအကြိမ်တုန်းက ရောဂါပိုးကင်းစင်သူများထဲမှ ၃၀ဦးခန့်၏ သွေးရည်ကြည်များကို ရယူ၍ အထူးကြပ်မတ် ကုသဆောင်( ICU) ထဲမှ ကိုဗစ်ရောဂါပြင်းထန်သူ ၈ဦးအား သက်သာပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။ ”သွေးရည်ကြည်ကိုပေးဖို့ ဆိုရင် လက်ခံတဲ့သူကလည်း သူ့ရဲ့ လက်ခံနိုင်လောက်တဲ့ အချက်တွေနဲ့ ကိုက်ညီ နေရမယ်ပေါ့နော်။ သူက သာမန်ရောဂါ လက္ခဏာတွေမှာ ပေးလို့ မရပါဘူး။ ရောဂါဝေဒနာ တော်တော်ပြင်းထန်တယ်။

ပြင်းထန်တဲ့အခါမှာ သူ့ရဲ့ သတ်မှတ်တဲ့အချက် ရှိပါတယ်။ သွေးထဲမှာ အောက်ဆီဂျင်က ဘယ်လောက်ရှိရမယ်။ သူရဲ့အဆုပ်တွေက ဘယ်လို အခြေအနေရှိရမယ် စသဖြင့် ဒါတွေ အကုန်လုံး အချက်တွေ နဲ့ ကိုယ်ညီမှ ကုလို့ရမှာ ဖြစ်ပါတယ်။ အခုလက်ရှိလည်း ကုနေပါတယ်။ ပြန်ကောင်းလာတဲ့သူတွေလည်း ရှိပါတယ်။

သို့သော် သူ့မှာ အကန့်အသတ်တွေ များကြီးရှိတဲ့ အတွက် ကြောင့် မို့လို့ လူတိုင်းနဲ့ မသင့်တော် ပါဘူး။ လူတိုင်းပေးလို့ မရပါဘူး” ဟု ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။ ကိုဗစ်ရောဂါပြင်းထန်သူများကို သွေးရည်ကြည်ကုထုံးဖြင့် ကုသပေးနိုင်ရန်အတွက် ကိုဗစ်ရောဂါပိုး ကင်းစင်သူများထဲမှ သွေးရည်ကြည်လှူခွင့်ရှိသည့် အနည်းငယ်သော သူများအနေဖြင့်လည်း တစ်ကြိမ် လှူလျှင် သွေးတစ်ပုလင်းသာ လှူဒါန်းနိုင်ကာ လေးလအကြာမှ နောက်ထပ်လှူဒါန်းမှုများ ပြုလုပ်နိုင် ကြောင်း သိရပြီး စက်တင်ဘာလ ၂၅ရက်က နိုင်ငံကျော်အဆိုတော် မျိုးကြီးမှ ဒုတိယအကြိမ် သွေးရည် ကြည် ထပ်မံလှူဒါန်း ခဲ့ကြောင်း သိရည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!