Latest Breaking News & Headlines

ကိုဗစ်လူနာများသေဆုံးမှုတွင် ဆေးရုံသို့ အရောက်နောက်ကျခြင်းကြောင့် သေဆုံးမှုက အများဆုံးပါ၀င်နေ…

128

Covid-19 ရောဂါအတည်ပြု လူနာများတွင် လူနာအများစုမှာ ဆေးရုံသို့ အရောက်နောက်ကျခြင်းများကြောင့် ကုသမှုများ မပေးနိုင်မီမှာပင် သေဆုံးကြရခြင်းကပိုများကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။

ကျန်းမာရေး နှင့် အားကစား၀န်ကြီးဌာန၏ ယနေ့(စက်တင်ဘာလ ၂၆ရက်) ည ၈နာရီထုတ်ပြန်ချက်တွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသူများအနက် သေဆုံးသူ ၂၄ဦးအထိ ရှိခဲ့သည်။ ထိုသေဆုံး ကိုဗစ်အတည်ပြု လူနာများတွင် ကိုဗစ်ရောဂါးပိုးတွေ့ရှိရပြီးမှ ကိုဗစ်ရောဂါကုသရေး ဌာန နှင့် ဆေးရုံတို့မှ တက်ရောက် ကုသနေသူ ၅ဦးသာ ပါ၀င်ပြီး ကျန်ကိုဗစ်လူနာများမှာ ရိုးရိုးဆေးရုံများမှ ကိုဗစ်သံသယလူနာများ ဖြစ်သည့်အပြင် သေဆုံးပြီးမှရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိရသူ ၁၀ ဦးအထိပါ၀င်နေကြောင်း သိရသည်။

” ကိုဗစ် လူနာတွေ သေဆုံးမှုတွေထဲမှာ ဆေးရုံကို အလွန်နောက်ကျပြီးမှ ရောက်ရှိလာကိုလည်း တွေ့ရှိရပါတယ်။ ဒီရောဂါလက္ခဏာတွေနဲ့ ဆေးရုံကိုရောက်တဲ့ အချိန်မှာပဲ သွေးထဲမှာ အောက်ဆီဂျင်တွေက တအားကျပြီးတော့ တကယ့်ကို ကျွန်မတို့အနေနဲ့ ပြန်ပြီးတော့ သက်သာလာအောင်လုပ်ဖို့ ဆိုတာ တော်တော့်ကို အလွယ်တဲ့ အခြေအနေဖြစ်ပါတယ်။လူနာအများစုဟာဆိုရင် ဆေးရုံရောက်ပြီး မကြာခင်မှာပဲသေဆုံးသွားကြတာဖြစ်ပါတယ်။

ကုသမှုကို ခံယူဖို့တောင် အခြေအနေမပေးတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆေးရုံရောက်လာတာနောက်ကျလို့ပါ ။ ဒါ့အပြင် အသက်သေဆုံးပြီးမှ ဆေးရုံကို အလောင်းတွေရောက်လာတယ်။ တစ်ချို့အလောင်းတွေဆို သက်ဆိုင်ရာက လာပို့ပေးတာ ဘယ်သူမှန်းတောင်မသိဘူး။ ဘယ်ကမှန်းကို မသိဘူး။ အဲ့လိုသေဆုံးတဲ့သူတွေလည်း မနေ့က ထုတ်ပြန်တဲ့အထဲမှာ တစ်ယောက် ပါပါတယ်။ အဲ့ဒါ ဘာကိုပြနေလဲဆိုရင် တချို့တွေက ရောဂါကို အိမ်မှာပဲ ကြိတ်ကုနေကြတယ် ” ဟု ဒေါက်တာခင်ခင်ကြီးကပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၉၉၉၁ဦးရှိပြီး ထိုအထဲမှ သေဆုံးသူဦးရေမှာ ၁၉၈ ဦးအထိရှိလာပြီဖြစ်သောကြောင့် သေဆုံးမှုနှုန်းမှာ ၁ ဒဿမ ၉၈ ရာခိုင်နှုန်း( ပိုးတွေ့ အယောက် ၁၀၀ တွင် သေဆုံး ၂ဦး နှုန်းခန့်)ရှိနေပြီဖြစ်ကြောင်း သိရသည်။

ထိုသေဆုံးမှုများတွင် အသက် ၆၀ နှင့်အထက် သေဆုံးမှုက ၇၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ၊ ကိုဗစ်ရောဂါသည် အသက်အရွယ်ကြီးသူများက အန္တရာယ်အရှိဆုံးအုပ်စုဖြစ်ပြီး ရောဂါအခံရှိသူ (အသက်အရွယ်မရွေး) များက ဒုတိယ အန္တရယ်အများဆုံး အုပ်စုများဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မိမိတို့ နေအိမ်များတွင် ယင်းအန္တရယ်ရှိသည့် အုပ်စု နှစ်ခုရှိနေပါက ကိုဗစ်ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးလမ်းညွှန်မှုများ နှင့်အညီ လိုက်နာဆောင်ရွက်သင့်ကြောင်း နှင့် မိမိတို့ နေအိမ်များ၌ ရောဂါများကို ကြိတ်မှိတ် ကုသနေခြင်းများ မပြုလုပ်သင့်ကြောင်း ဒေါက်တာခင်ခင်ကြီးကပြောသည်။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!