Latest Breaking News & Headlines

ကိုဗစ် အမြန်စစ်ကိရိယာတွေ သုံးရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက် နှင့် မဖြစ်မနေ ပြောင်းရမယ့် မူဝါဒများ…

189

ဒီနေ့ ညနေ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်းဆန်းစုကြည် မိန့်ခွန်းမှာ ကိုဗစ်ရောဂါကို အလျှင်အမြန် စစ်ဆေးနိုင် တဲ့ antigen rapid test kit အခု တစ်သိန်းကို ကိုရီးယားနိုင်ငံကနေ မကြာခင်ရောက်ရှိပြီး စစ်ဆေးနိုင်မယ်လို့ ပြောသွားပါတယ်။

ဒါဟာ ကောင်းမွန်တဲ့ အရွေ့တစ်ခုဖြစ်ပြီး အလွန်ကြိုဆိုရမယ့် အပြောင်းအလဲ တစ်ခုပါပဲ။ Rapid antigen test kit တစ်ခု တန်ဖိုးဟာ ၇၅၀၀ ကျပ်လောက် ကျသင့်ပြီး မှန်ကန်မှုက ၉၅% ကျော်အထိ မှန်ကန်ပါတယ်။ အခုလက်ရှိ မြန်မာပြည်မှာ စစ်နေတာက RT PCR နည်းဖြစ်ပြီး အစိုးရက နှစ်သိန်းကျပ် ကျသင့်တယ်လို့ ဆိုပါတယ်။ မှန်ကန်မှုက ၉၉% လောက်ရှိပါတယ်။

Rapid antigen test kit သုံးနိုင် လာရင် အကောင်းအနေနဲ့ ယခုလက်ရှိဆေးရုံတွေမှာ ပုံနေတဲ့ သံသယလူနာ PUI တွေကို မြန်မြန် အဖြေထုတ်ပြီး ရှင်းထုတ်နိုင်ပါမယ်။ ဆရာဝန် ကျန်းမာရေးဝန်ထမ်း တအိမ်ထဲနေသူတွေ မြန်မြန်သိရတော့ ထိတွေ့မှုနည်းမယ်။ ကူးစက်ဖို့ အခွင့်အလမ်းကျသွားမယ်။

ဖြေရှင်းရမယ့် ကိစ္စတစ်ခုကတော့ အများကြီး စစ်ရင် အများကြီးတွေ့မှာ ဖြစ်ပါတယ်။ အဲ့လို အများကြီးတွေ့ရင် အဲ့ဒီ လူနာတွေကို ပိုးတွေ့ positive လူနာအဖြစ် တခါထဲ သတ်မှတ်မလား၊ မသတ်မှတ်ဘူးလား။ PCR နဲ့ ထပ် အတည်ပြုအုန်းမလား။ အတည်ပြုရင် PCR က မနိုင်လောက်တော့ပါဘူး။

နောက်တခုက ပိုးတွေ့လူအများကြီးတွေ့ရင် တွေ့သမျှလူ ဆေးရုံတင် ပေါ်လစီပြောင်း မှ အဆင်ပြေလောက်မယ်။ Q လဲ မနိုင်လောက်ဘူး။ home Q ပေးမှ အဆင်ပြေနိုင်မယ်။ ဘာလို့လဲ ဆိုတော့ အများကြီးစစ်ရင် အများကြီးတွေ့လာမှာကိုး။ အခုတစ်သိန်းဆိုတာ တကယ်သုံရင်တော့ ခဏလေးပဲ။

Test kit သုံးရင် ဆေးရုံတင်/ဆင်း ပေါ်လစီ၊ Q ပေါ်လစီကတော့ မပြောင်းမဖြစ် ပြောင်း ရမှာပါ။ ဒါဟာ ကောင်းသောပြောင်းလဲခြင်းပါ။ ပိုးတွေ့လူနာဦးရေကတော့ တရှိန်ထိုး ထောင်တက်မှာ ဖြစ်တဲ့အတွက် သိပ်မစိုးရိမ်ကြပါနဲ့။ စစ်လို့တွေ့တာပါ။

တခုပဲ။ အစိုးရကပဲ ထိမ်းချုပ်ပြီး သုံးမှာလား။ ဒါမှ မဟုတ် မြန်မာ FDA က တရားဝင် ခွင့်ပြုပြီး လွတ်လပ်စွာ ဝယ်ယူ အသုံးပြုခွင့်ပေးမလား။ အဲ့ဒါတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ရောင်းချင်တဲ့ ကုပ္ပဏီတွေကတော့ ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် antigen test kit သုံးသင့် ကြောင်း ကျွန်တော် အမြဲထောက်ခံ ခဲ့ပြီး ဒါဟာ ကိုဗစ်အစီအမံရဲ့ ကြီးမားတဲ့ အရွေ့တစ်ခုဖြစ်ပါလိမ့်မယ်။ လွတ်လပ်စွာ ပေးစစ်ခဲ့ရင်ပေါ့။

အခုလိုအဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျွန်တော်တို့ Page မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်နော်…နောက်များမှာလည်း အခုလိုဆယ်လီတို့ရဲ့ သတင်းများနှင့် ပြည်တွင်းပြည်ပသတင်းများကို အချိန်နှင့် တပြေးညီတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက်ကျွန်တော်တို့ Page လေးကို Like & See First လေးလုပ်ပေးသွားကြပါအုံးနော်….

Leave A Reply

Your email address will not be published.

error: Content is protected !!